(သမီးလေးကျေးရွာ ကရင်ပြည်နယ်အ၀င် ဖြစ်စဉ်ကို အစိုးရက တားပါတယ်ဆိုပြီး ဖြစ်နေကြတဲ့၊ တစ်ခုခုဆိုရင် အစိုးရကြောင့်ပဲလို့ ပြောတတ်တဲ့ နလပိန်းတုံးတွေ သေချာဖတ်ကြည့်. နားမလည်ရင် အစက ပြန်ဖတ်)

ဒီသတင်း နှစ်ခု ယှဉ်ဖတ်ပါ.
(၁)
သမီးလေးကျေးရွာ မှ ပြောင်းရွှေ့ရသူမိသားစုများ အတွက် ၀ါးယားကုန်းကျေးရွာမှာ
အိမ်ယာကွက်များပြန်လည်ဖော်ထုတ်ရာတွင် လမ်းများဖောက်လုပ်ရန်အတွက် ဆရာတော် ဦးဝီရသူမှ ပထမအသုတ်အဖြစ် အလှူငွေ ဆယ်သိန်းကျပ်ကို ပေးပို့လှီူဒါန်းရာ ဦးစံဝင်းဝင်းမြင့်မှ တစ်ဆင့်လှူဒါန်းပြီး ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်းမှ လက်ခံရယူ နေတာဖြစ်ပါတယ်။

မိသားစုပေါင်း ၂၀၀ ကျေိာ် ဖြစ်ပေမဲ့ ၁၄၂ စုက သာ ပြောင်းရွှေ့ဖို့ သဘောတူထားပြီး အချို့မိသားစုတွေကတော့ DKBA ခေါ်ဆောင်ရာလိုက်ပါသွားပြီး အချို့က တော့ မဆုံးဖြတ်နိုင်သေးပါဘူး။

အဆိုပါ ၀ါးယားကုန်းမြေ ၉ ဧကကျော်ခန့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်သူများထံမှဝယ်ယူထားပြီး ၂၀၁၂ လယ်ယာမြေ ဥပဒေ နှင့် အညီ ပုဒိမ ၃၀ (က) လျှောက်ထားပြီးဖြစ်ပါတယ် ။
လယ်တစ်ဧကကို ၂၂ သိန်း နဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ယာယီစိုက်ထုတ်ထားပါတယ် - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ငွေထုတ်ပေးခြင်းမရှိသေးပါဘူး ။
မကြာမှီထုတ်ပေးမယ်လို့ သိရပါတယ် ။

အ၀ိစိတွင်းတစ်တွင်းလည်းတူးထားပြီး ဆက်လက် ဆောင်ရွက်နေပါတယ် ။ မြေတူးစက်အသေးတစ်ခုကို ပုဂ္ဂလိကထံမှ ငှားရမ်းလို့ လမ်းဖောက်နေတာဖြစ်ပါတယ် ။ အမှန်ဆို ပြောင်းရွှေ့မိသားစုတွေ ကို ငှားရမ်းခပေးပြီး လမ်းတွေဖောက်နိုင်ခဲ့ရင် ပြောင်းရွှေ့မိသားစုတွေ အလုပ်အကိုင်နဲ့ ၀င်ငွေစတင်ရရှိနိုင်ပေမဲ့
မြေတူးစက်ငှားပြီး လမ်းမဖော်သေးသရွေ့ ယုံကြည်မှုအားနည်းနေလို့သာ မြေတူးစက်ကို ဆယ်ဂျူတီ နာရီ (၈၀) စာ ငှီားရမ်းလိုက်ရတာဖြစ်ပါတယ်
တစ်ဂျူတီ ( ၈ ) နာရီ ကို တစ်သိန်း သုံးသောင်းကျပ်ဖြစ်ပြီး ဒီဇယ်ကို မိမိဘာသာထဲ့ပေးရပါတယ။်

အဆင်ပြေကြဖို့ ၀ိုင်းဝန်းကူညီမယ်ဆိုရင်တော့ ဦးကျော်ငြိမ်း 09254268374 ဆက်သွယ်လှီူဒါန်းနိုင်ပါတယ်

(၂)
ဒဲ့ဘဲေ ပြာတော့မယ်။ သမီးကလေးကိစ္စ

ဧပြီ ၄ ရက်နေ့က သမီးကလေးအဖွဲ့ ပြောင်းတယ်။

DKBA က ဗိုလ်မှူးကြီးစောအောင်ဆန်း လာခေါ်တယ်။
သူက ရိုးသားတယ်။ စိတ်ရင်းစေတနာကောင်းတယ်။
(၁၂) ဘီးကား (၄)စီးယူလာတယ်။ သူ့ ကားလေးနဲ့ပေါ့။

အဲဒီမှာ နော်အုံးလှ သူပါလိုက်မယ်ပေါ့။ သူ့ကား (၁) စီးနဲ့
နောက်ပြီးတော့ လူတွေလည်းတော်တော်များများ ပါလာတယ်။

အရှေ့ဆုံးမှာ သူတို့ အဖွဲ့ ခေါင်းစီး ဗီနိုင်းကြီးနဲ့ပေါ့ဗျာ။
နံနက် (၅) နာရီက ထွက်လာကြတယ်။ ပဲခူး၊မွန်က ရဲတွေက က
လုံခြုံရေးပေးလို့ဗျ။

မွန်ပြည်နယ် သထုံမြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး
အဖွဲ့ချုပ်(PNLO)မှဦးခွန်တင်ဆွေဦးနှင့် ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက်တို့မှ သထုံမြို့နယ်၊ကျိုက်က္ကော်ကျေးရွာမှ ရေသန့်ဗူး၊အချိုရည်ဗူးများဖြင့်ခရီး တစ်ထောက်ရပ်နားကြိုဆိုခဲ့ကြဗျာ။

ခရီးဆက်ကြတော့ သထုံမြို့နယ်အဆုံး ကရင်ပြည်နယ်အ၀င် ဒုံသမိတံတား
မှာ ဗိုလ်မှူးကြီးစောဆန်းအောင်ဆီဖုန်းဝင်တယ်ဗျာ။ ကရင် နယ်/လုံ ၀န်ကြီးနဲ့
ဝန်ကြီးချုပ်တို့နဲ့ အရင်လာတွေေ့စေလိုကြောင်းပေါ့။

ဒါကို ဗိုလ်မှူးကြီးစောဆန်းအောင်က သွားမယ်လုပ်တော့ နော်အုံးလှက ဒါတမင်
သက်သက်ညစ်တာပေါ့။ သွားစရာမလိုဘူးပေါ့ ဆိုပြီး သမီးကလေးရွာသားတွေ
ကိုတော့ တားမြစ်မိန့်ထုတ်တယ်ပေါ့ ဘာညာပြောတော့ ရွာသားတွေက လှုပ်လှုပ်
ရွရွဖြစ်တာပေါ့။ ဒီမှာဘဲနေမယ်ပေါ့။ နော်အုံးလှနဲ့ ပါလာတဲ့ သူတွေကလည်း
ချက်ခြင်းမီဒီယာတွေကိုဖုန်းဆက်ပေါ့။ မီဒီယာတွေရောက်တော့ ဇတ်လမ်းပိုရှုပ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်လုံ/၀န်ကြီး အပါအ၀င် ၀န်ကြီးတွေက ပြည်နယ်
အစိုးရအဖွဲ့ရုံးမှာ ဗိုလ်မှူးကြီးစောဆန်းအောင်ကို တမျှော်မျှော်ပေါ့။ အဲဒါနဲ့
လှမ်းမေးတော့ မလာဘူးပေါ့။ ပါလာသူတွေလည်း ကျန်းမာရေးမကောင်းဘူးပေါ့။

ဒါနဲ့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူတွေ၊ ဆရာဝန်နှင့် သူနာပြုတွေကို စေလွှတ်၊ ကျန်းမာရေးစစ်ဆေးနဲပေါ့။ ဒေါ်နော်အုံးလှကတော့ အေးဆေးဘဲ နားနေဆောင်မှာ ဖုန်းပြောနေလေရဲ့။

အဲဒီတော့ ဒီဇာတ်လမ်းက လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရေးကွန်ယက်က နေစခဲ့တာလို့
ဆိုရမှာပေါ့။ ဒီလိုဆိုရင် သမီးကလေးကျေးရွာရဲ့ ကံကြမ္မာဟာလည်း ဒီကွန်ယက်ကြောင့်လား. အတော်စဉ်းစားနေရပြီဗျာ။ အလိုင်နီကနေ ၀ါးယားကုန်းကိုပြောင်းတော့ ပေ၂၀ ပေ ၅၀ ရလို့ အကြောင်းပြတယ်။ စက်ရေတွင်း (၁)လုံးတူးထားတာကို မလုံလောက်ဘူးလို့ဆိုတယ်။

အိမ်မဆောက်ရင် ပြန်သိမ်းမယ်လို့ဆိုပြန်တယ်။ အခု ကရင်ပြည်နယ်လိုက်သွားတော့
လည်း ရရှိမည့် မြေက ပေ ၂၀ ပေ ၅၀ ပါဘဲဗျာ။

ရန်ကုန်-ပဲခူးအနီးအနားမှာက ကိုယ့်ပတ်ဝန်းကျင်နယ်ပယ်နဲ့ လုပ်ကိုင်စားသောက်လို့
ရသေးတယ်။ ကရင်ပြည်နယ်မှာ ရောက်ရောက်ခြင်းဘာလုပ်ကိုင်စားသောက်မလဲ။

ဘယ်သူက ဘယ်လိုပြောလို့လည်းဆိုတာ သုံးသပ်စရာတွေပါ။ မနေ့က မီဒီယာတွေကို
ဖြေကြားသွားခဲ့တာတွေကလည်း ကွန်ယက်နဲ့ လိုက်ပါသွားတဲ့ လူတွေပါဘဲတဲ့ခင်ဗျာ။။
နောက်တစ်ခုက တပ်အင်အားလုံးဝ မသုံးထားကြောင်းပါခင်ဗျား။

ဒါတွေကို မနေ့က မီဒီယာသမားတွေ သိတယ်ခင်ဗျ။ မေးကြည့်ပါ။


(ဓါတ်ပုံ - ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူတွေ၊ ဆရာဝန်နှင့် သူနာပြုတွေကို စေလွှတ်၊ ကျန်းမာရေးစစ်ဆေးပေးနေပုံ)

ဖြစ်စဉ်အမှန်ကို မသိသေးသူများ သိရှိရန် Share ပေးကြပါ. ပြဿနာဖြစ်စေရန် ဖန်တီးမှုများ ပြုလုပ်နေသော ပါတီကိုပါ အများသိရှိရန် လိုအပ်ပါတယ်.
From: Nay Wai

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive