From : .. အယ်ဒီတာ မောင်ရိုး



၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ မခင်သူသူဝင်း
တို့ရဲ့ ဒုတိယအကြိမ် မင်္ဂလာအခမ်းအနားကို မနေ့က ရန်ကုန်မြို့ မှာရှိတဲ့ Sky Net ( ရွှေသံလွင်ကုမ္မဏီပိုင် ) Sky Star Hotel ဟိုတယ်
မှာ ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

ဦးကိုကိုကြီးရဲ့မင်္ဂလာအခမ်းအနားကို နှစ်ဖက်ဆွေမျိုးများ၊ မြန်မာ့အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး ၊ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့အစည်း ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကိုကိုကြီး၏ နိုင်ငံရေးနယ်ပယ်မှ မိတ်ဆွေအပေါင်း အသင်းမျာ၊ ၊ တက်ရောက် ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ရဲ့ ပထမအကြိမ် မင်္ဂလာအခန်းအနားကို
တော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က မခင်သူသူ ၀င်းရဲ့ မိဘများရှိရာ ကလေးမြို့၊ နဂါးရွှေစင် ခန်းမ မှာ ကျင်းပခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်က
သတိုးသားအရံ အဖြစ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဦးကိုကိုကြီးရဲ့ မင်္ဂလာဆောင်အခမ်းအနားနဲ့ ပတ်သက်ပြီး မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့မှ ကိုလှမျိုးအောင် ကတော့ ``ဒါ ကျွန်တော်တို့ အတွက် အားတစ်ခုလို့ မြင်ပါတယ်၊ ဘာဘဲပြောပြော ဦးကိုကိုကြီးဆိုတာ ၈၈ ကစလို့ အခုအချိန်အထိ တောက်လျှောက် နိုင်ငံရေး တိုက် ပွဲဝင် လာခဲ့ တဲ့ ကျွန်တော်တို့ရဲ့ စံပြ အစ်ကိုကြီးတစ်ယောက်ပါ၊ အခု လို ကျွန်တော်တို့ အစ်ကိုကြီး အိမ်ထောင်ရက်သားကျသွားတယ် ဆိုတော့ မိသားစုဘ၀နဲ့ ပိုပြီး နိုင်ငံရေးကို တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နိုင်တော့ မှာပေါ့ဗျာ၊ ကျွန်တော်တို့အစ်ကိုကြီးအတွက်ဂုဏ်ယူပါ တယ် ´´ လို့ပြောဆို သွားပါတယ်၊

တစ်ချို့ ကလဲ ဒီကိစ္စကို အပြစ်မြင် ဝေဖန်နေကြတာတွေလဲရှိတယ်၊ ဦးကိုကို
ကြီးက အသက်ကြီးနေပြီ ၅၂ ကျော်နေပြီ၊ ဒီအရွယ်ကျမှ ဘာကိစ္စ မိန်းမယူ
ရတာလဲပေါ့၊ ရပ်ထဲ၊ရွာထဲမှာဆိုရင် သက်ကြီးရွယ်အို စာရင်းဝင်နေပြီ ၊ သူကို
ယူတဲ့မိန်းမက ဦးကိုကိုကြီးကိုချစ်လို့တော့မဖြစ်နိုင်ဘူး၊ ဦးကိုကိုကြီးမှာရှိ တဲ့ နိုင်ငံတကာက ထောက်ပံ့ထား ဒေါ်လာတွေကို မက်လို့ယူ တာ စသဖြင့်ပေါ့ဗျာ၊မဟုတ်တန်ရာတွေ ပြောဆိုဝေဖန်နေကြတာတွေတော့ရှိပါတယ်၊ ဒီလိုပြောနေကြတဲ့သူတွေကိုတော့ အလွန်တိမ်ဖျင်းတဲ့ စိတ်ဓာတ်ရှိ တဲ့သူတွေလိုဘဲကျွန်တော်မြင်တယ်ဗျ `` ဟု ၄င်းက ဆက်လက်ပြော ဆိုပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ NDF ပါတီမှ ဦးဝေဖြိုးသော်မှ " ကိုကိုကြီးတို့ မင်းကို
နိုင်တို့ ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ဗျာ ဒီလူတွေနိုင်ငံရေးဗန်းပြပြီး
ကိုယ်ကြိုးရှာနေတဲ့လူတွေပါဗျာ၊ ၅၂ ကျော်နေတဲ့ ဒီအရွယ်ကျမှ မိန်းမယူတယ်
ဆိုတော့ စဥ်းစားသာကြည့်ပေါ့ဗျာ၊

ဂျော့ဆိုစ်ရော့ လာတုန်းကလဲ ၈၈အတွက် အလှူငွေ ဒေါ်လာ ၂၅၀၀၀ ပေးခဲ့
တာကို ကိုကိုကြီးမောင်ပိုင်စီးခဲ့လို့ သူတို့အချင်းချင်းပြဿ နာတက်ခဲ့တယ်။
ခရိုနီဆိုတဲ့အုပ်စုကလဲ ဒီကောင်တွေနောက်က တောက်လျောက်လိုက်ပြီး
ထောက်ပံ့ပေးနေတာပဲလေ၊ မင်းကိုနိုင်တို့ပြုံချိုတို့ဆွဲထားတဲ့ ဘာမဟုတ်တဲ့
ဂီတာပေါ်က အရုပ်ကိုတောင် Sky Net ရွှေသံလွင်က ၅၈၈ သိန်းပေးဝယ်
ခဲ့တယ်၊ ၈၈၈၈ ငွေရတုအခမ်းအနားတုန်းကလဲ လူ ၅၀၀၀ ကို သုံးရက်ဆက်
တိုက်ထမင်းကျွေးတဲ့ကုန်ကျစရိတ် ရွှေသံလွင်က ပေးခဲ့တယ်၊

အခုလည်း ကလေးမြို့မှာ မင်္ဂလာဆောင်တယ်၊ ရန်ကုန်မှာ Skynet ပိုင် Sky Stat Hotelမှာ ထပ်ပြီး မင်္ဂလာဆောင်တယ် ဗျာ၊ ကျွန်တော်တို့ သာမန်ပြည်သူ တစ်ယောက် အနေနဲ့ ဒီလို ခမ်းခမ်းနားနား မင်္ဂလာ ၂ ခါ ဆောင်ဖို့ဝေး ၊ တစ်နေ့စာ တစ်နေ့တောင် မနည်းနပ်မှန်အောင် ရှာစားနေရတာ၊ ဒီကြားထဲ အစိုးရက မကောင်းတော့ ကျူးကျော်တဲပါဆိုပြီး အတင်းဖျက်၊ ဖယ်ခိုင်းတာတွေလုပ်နေလို့ ဟိုနေ့ကဆို သမီးကလေး ရွာက အိမ်ခြေမဲ့တွေ DKBA ခေါ်စောင့်ရှောက်ပေးမယ်ဆိုလို့ ကရင်ပြည်နယ် သွားကြပြီ၊

အခု မင်္ဂလာ ၂ ခါ ခမ်းခမ်းနားနား ဆောင်တဲ့ စရိတ် သိန်း ၅၀၀ ကုန်တယ်လို့ သူတို့ ပြော ကြတယ်၊ကိုကိုကြီးကို ကျွန်တော်မေးချင်တယ်၊ ဘယ်က ပိုက်ဆံတွေ ဒီလောက်ရလို့၂ ခါဆောင်နိုင်တာလဲလို့၊

ကျွန်တော် ပြောချင်တာ ကဗျာ အသက် ၅၂ ကျော်နေပြီဖြစ်လို့ ဆေးပေးမီး
ယူ မိန်းမယူတယ်၊ ထားဗျာ၊ နိုင်ငံရေးသမား ဘာ ပကာသနလိုလဲဗျာ၊ အမြင်
ပိုကောင်းအောင် ပြည်သူပိုထောက်ခံအောင် ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေး မျိုးလေးလုပ်လိုက်ပေါ့ဗျာ၊ သူအခုကုန်တဲ့ သိန်း ၅၀၀ ကို မိဘမဲ့ကျောင်းမျိုး၊ မျက်မမြင်ကျောင်းမျိုးမှာ အလှူ ဒါန လုပ်လိုက်ရင် ဘယ်လောက်ဂုဏ်ယူစရာကောင်းမလဲဗျာ၊ဒါမှမဟုတ် အခု အိမ်ရာမဲ့ မိသားစုတွေ တစ်အိမ်ထောင်ကို ၁ သိန်းဘဲပေးဦးဗျ၊ မိသား စု ၅၀၀ က ကိုကိုကြီးကို ဘယ်လောက် ကျေးဇူးတင်ကြမလဲ၊
ကျွန်တော် ပြောချင်တာ ကတော့ဗျာ ဒါပုတ်ခတ်တာမဟုတ်ပါဘူး၊ ဒီလူတွေ
ဟာ တိုင်းပြည်ပျက်အောင် ဖျက်မဲ့ အန္တရာယ်ကောင်၊ နိုင်ငံရေးနဲ့ ကိုယ်ကျိုးရှာ
နေတဲ့ ခရိုနီနဲ့ ပုံစံမတူတဲ့ ကိုယ်ကျိုးရှာသမားတွေပါဗျာ ´´ဟု ပြော ဆိုသွားပါသည်။

ဦးကိုကိုကြီး၏ မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင် ဆန်းစုကြည် သည် ဦးကိုကိုကြီးတို့ ဇနီးမောင်နှံ အတွက် သြ၀ါဒစကား များလဲ ပြောကြာခဲ့ သည်။ NLD နာယက ဦးဝင်တင်ထံ လူမမာ မေး သွား ရောက် ခြင်း မရှိသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှု များ ရှိနေသည်ဟုလည်း သိရှိရသည်။
 

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive