ဓါတ်ပုံ - DVB TV News
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့၊ မြို့မဈေးအတွင်းတွင် ယနေ့ (၃)နာကျော်က စတင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာကနေ နေအိမ်တစ်အိမ်အား တိုက်ခိုက်နေမှု ဖြစ်ပွားခဲ့ ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

လှည်းကူးဈေးမှာ မိုးကာစ ရောင်းချနေသူ ကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားချင်း (အစ္စလာမ်ဘာသာဝင်) တစ်ဦးက ကတ်ကြေးဖြင့် ထိုးရာက စပြီး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။  ကလေးငယ် တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူ၏ နေအိမ်အား လူအုပ်စုက ဝိုင်းဝန်းဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ညနေ ၄ နာရီ မထိုးခင်မှာ လူအုပ်စုနစ်ခု  တုတ်တွေနဲ့ ရိုက်ကြတော့ ဗမာ ရဲ့ မျက်လုံးနဲ့ ဦးခေါင်း ထိသွားတယ် ထိသွားတယ်လို့ သိရပါတယ်။  အဲဒီနောက် လူအုပ်ပြန့်သွားပြီး ညနေ ၅ နာရီလောက်ကြတော့  လှည်းကူး မြို့မဈေး  ဟူဆင် မူဆလင် လက်ဖက်ရည်ဆိုင်မှာ  ခုနရိုက်တဲ့ မူဆလင် ရှိနေတယ်ဆိုပြီး ခဲတွေနဲ့ ပေါက်ကြတယ်။ ဟူဆင် လက်ဖက်ရည်ဆိုင် ကို ညနေ ၆ နာရီခွဲလောက်မှာ ဖျက်စီးပစ်တယ်။

သာမန်ရန်ပွဲတခုကနေ အစပြုပြီး လူအုပ်စုနစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာမှာ လုံထိန်းရဲ အင်းအား ၄၀၀ လောက်နဲ့ လူစုခွဲပြီး ထိမ်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ  အခြေအနေ ပြန်လည် တည်ငြိမ်နေပြီ ဖြစ်ပြီ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ၃ ဦး ကို လုံထိန်းရဲ တပ်ဖွဲ့ က ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

BY THIT HTOO LWIN

လှည်းကူး အဓိကရုဏ်း မြင်ကွင်း ဓါတ်ပုံများ (ဓါတ်ပုံ- Hlegu Tsp)








0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive