ယနေ့မျက်မှောက်ပြုနေရသော မြန်မာနိုင်ငံ၏ “ဒီမိုကရေစီ”ခရီးမှာ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်းဦးထောင်လျက်ရှိသည် မှာ ခရီး၏အစမှာပင်ကြုံတွေ့နေရပါပြီ။

ကသောင်းကနင်းဖြစ်နေသော “အခြေခံဥပဒေ”ပြင်ဆင်ရေးမှာ လမ်းခုလတ် ၌ပင် တုံ့ဆိုင်းနေပါသည်။
မျှော်မှန်းရာပန်းတိုင်ကား အရိပ် အရောင်မျှပင် မမြင်သေး။ စမ်းတ၀ါးဝါး နှင့် ကူးခတ်လူးလွန့်နေရဆဲ။ သို့နှင့် ရွေး ကောက်ပွဲသာနီးကပ်လာသည်။

အစိုးရအဖွဲ့မှာ ခပ်ကွင်းပြင်လို့ ကောင်းတုန်း။ လွှတ်တော်ထဲမှာလည်း “ငိုက်”လို့ကောင်းတုန်း။ တစ်ဦးကိုတစ်ဦး အပြစ်ဖို့၍၊ လက်ညှိုးထိုး၍၊ ငေါက်ငမ်း၍၊ ခြိမ်းခြောက်၍၊ အားနည်းချက်တွေကို ရှာ၍ “ဒီမိုကရေစီ”၏ အလေ့အထကို လေ့ကျင့်နေကြသည်မှာ အချိန်တွေသာ တစ်ရွေ့ရွေ့ကုန်ဆုံးလွန်မြောက်လာခဲ့ သည်။

ပြောရလျှင် မရေရာသောအဖြေ၊ မသေချာအဖြေနှင့် လုံးထွေးရစ်ပတ်လျက်၊ လွှတ်တော်တွင် အိပ်ချင်မူးတူးဖြင့် ဆွေး နွေးပွဲများမှာ “စိန်”ပြေးတမ်းကစားသည့် နှယ် ကြားနာရသူပရိသတ်မှာ ကြာတော့ လည်း ငြီးငွေ့လာသည်။ ယုံကြည်မှုကင်း မဲ့လာသည်။ အထင်အမြင်တွေသေးလာ သည်။ ဘ၀င်မကျဖြစ်လာသည်။

သမ္မတကြီးခမျာတော်တော်စိတ်မော ပင်ပန်းနေပုံရပါသည်။ “ဒီမိုကရေစီ”၏ အခြေခံသဘောကိုသိရှိနားလည်သည့်တိုင် ကိုယ့်လူကိုယ်မထိမ်းနိုင် စည်းလွတ်ဝါးလွတ် ပြောတာဆိုတာတွေကို ဟန့်တားနိုင်ဖို့ ဝေးစွ။ ပို၍ပင်လွန်ကဲလာသည်။ အကွပ် မဲ့ကြမ်းပရမ်းပတာဖြစ်နေသကဲ့သို့ပင် တည်း။ ရွေးကောက်ပွဲနီးလာပြီဖြစ်၍ ပုဂိ္ဂုလ်ရေးတိုက်ပွဲတွေ၊ အာဏာလွန်ဆွဲ ပွဲတွေ၊ ငယ်ကျိုးငယ်နာဖော်၍ ချေး ခြောက်ရေနူးလိုသူတွေ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ “လေသံပစ်”နေကြပါ ပြီ။

အာဏာရပါတီကလည်း နယ်ဘက် တွင် မှတ်ပုံတင်လုပ်ပေးမည်ကြေညာ၍ ပါတီဝင်ကတ်တွေထုတ်ပေးနေသည်ဟု ဆိုပါသည်။ အစိုးရဘက်ကလည်း အိမ် တွေ၊ ကားတွေပေး၍ တိုင်းရင်းသား ခေါင်းဆောင်များကိုမြှူဆွယ်ကြပါသည်။

လွှတ်တော်ထဲမှာလည်း ပါတီစွဲ၊ လူမျိုးစွဲမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာရပ် တည်သူတွေကို ကြည်ညိုလေးစားရမည် ဖြစ်သော်လည်း မနာလိုသူတွေရှိနေသည်။

တစ်ဖန်လာမည့် “၂၀၁၅”ရွေးကောက် ပွဲတွင် ““ကြံ့ခိုင်ရေးပါတီကို မည်သူက ဦးဆောင်၍ ရွေးကောက်ပွဲပြီးခဲ့သော် အုပ်ချုပ်ရေးယန္တရားကို မည်သူကဦးဆောင် ပြီး မည်သူကပါတီ၏ သမ္မတရာထူး ကိုယ်စားလှယ်တင်သွင်းမည်လဲ””စသည်ဖြင့် ပုဂိ္ဂုလ်ရေးရွေးချယ်မှုကိုသုံးသပ်နေကြပါ သည်။

သို့သော် NLDပါတီကား “အခြေခံ ဥပဒေ”ပြန်လည်ပြင်ဆင်ရေးကိစ်္စနှင့်ပတ် သက်၍ “ဖုတ်ပူမီးတိုက်”လှုပ်ရှားကြိုးပမ်း နေရသဖြင့် “ရွေးချယ်မှု”ကိစ်္စကိုတမင် “လျှို” ထားလိုပုံရပါသည်။

NLDနှင့် နီးစပ်သူများထံမှသိရသည် မှာ အကယ်၍သာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော “အစိုးရအဖွဲ့”ကို အသိ ပညာရှင်၊ အတတ်ပညာရှင်များဖြင့် အခိုင်အမာဖွဲ့စည်းမည်ဆိုပါသည်။

သို့သော်မဲဆန္ဒရှင်များမှာ “ပွဲကြမ်း” မည်ကိုစိုးရိမ်နေကြပါသည်။ အကြောင်း မှာ လာမည့်ရွေးကောက်ပွဲတွင် “မသမာ မှု”နှင့် မတရားမှုတွေဖြစ်ပေါ်၍ “သွေး ထွက်သံယို”မှုတွေဖြင့် ကြုံတွေ့ရမည့် အရေးကို ယခုကတည်းကတွေးပူမိသော ကြောင့်ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီဥက်္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်မှာ “၂၀၁၅”ရွေးကောက် ပွဲတွင် NLDကိုအပြတ်နိုင်အောင်ချမည် ဟု ကြုံးဝါးနေပါသည်။

တစ်ဆက်တည်းပင် ဒုတိယဥက်္ကဋ္ဌ ဦးဌေးဦးကလည်း မိမိတို့စေတနာကို နားလည်မှုရှိခဲ့လျှင် “၂၀၁၅”ရွေးကောက် ပွဲကိုဂရုစိုက်စရာမလိုဟုဆိုပြန်သည်။

သို့သော် စေတနာဆိုတာမည်သည့် ပေတံဖြင့်တိုင်းတာ၍ပြောသည်ကိုကား သဲသဲကွဲကွဲမသိရပေ။ သည်ကြားထဲ “အာဏာရှင်ဟောင်းခမျာလည်း စိုးရိမ် သောကပွားနေသည်။ မဆီမဆိုင် ဘာကို စိုးရိမ်နေတာလဲ။ ကိုးကွယ်သောဆရာတော် ထံ ချဉ်းကပ်၍ “ယတြာ”ချေနေသလား မသိ။

အိမ်တော်မှာအေးချမ်းစွာနေရင်း တရားထိုင်၊ ပုတီးစိပ်၊ စာဖတ်၍ ကွမ်းဝါး နေရတာကိုပင် အပူအပင်များလှပါပေ့။ ဘာကြောင့်နေမထိ ထိုင်မသာဖြစ်နေရ တာပါလိမ့်။ သိချင်စမ်းပါဘိတော့။

အသက်အရွယ်ကြီးရင့်နေပါလျက် နိုင်ငံအတွက်ဘာဖြစ်စေချင်တာလဲ။ သံယောဇဉ်ငြိတွယ်နေသည်မှာ ဘ၀ကူး သည့်တိုင်အောင် ၀ိဉဉ်ကိုစေလွှတ်၍ အမိန့်ပေးနေမှာလားဟုတွေးမိပါသည်။

ပြောရလျှင် မြန်မာနိုင်ငံ၏အခြေ အနေသည် အစိုးရ၊ တပ်မတော်နှင့် ပြည်သူအကြားတွေ့ဆုံဆွေးနွေးဖို့ရာ လွန်စွာအားနည်းနေ၍ နိုင်ငံ၏ “အနာ ဂတ်”အရေးမှာ လမ်းစပျောက်နေသည်။ ထွက်ပေါက်ပိတ်နေသည်။
အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှု တွေ အကြီးအကျယ်ပြုလုပ်သွားမည်ဟု ဂတိက၀တ်တွေပေးနေသော်လည်း ယုံ ကြည်မှုတည်ဆောက်၍မရဖြစ်နေသည်မှာ ပွင့်လင်းသောတွေ့ဆုံဆွေးနွေးပွဲကိုဥပက္ခာ ပြု၍ ဘေးဖယ်ထားသောကြောင့်ဖြစ် သည်။

သို့သော် များမကြာမီက လွှတ်တော် “နာယက”သူရဦးရွှေမန်းထုတ်ဖော်ပြော ကြားလာသည်။ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် မိမိအဆင်သင့်ရှိကြောင်း စကားဦးသန်း၍ အရိပ်အရောင်ပြလာ သည်။
အလားတူပင် သမ္မတကြီးဦးသိန်းစိန် သည်လည်း မကြာမီရက်က ဒေါ်အောင် ဆန်းစုကြည်နှင့် လယ်တောအိမ်၌တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သတင်းတစ်ရပ်၌ ဖော်ပြခဲ့သဖြင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နီးစပ်မှုရှိလာပြီဟု မျှော်လင့်ရပါသည်။

ယင်းတွေ့ဆုံပွဲသည် ငါးကြိမ်မြောက် ဖြစ်၍ တစ်စုံတစ်ရာမျှထုတ်ပြန်ကြေငြာ ခြင်း တရားဝင်မပြုသော်လည်း တစ်ဦးကို တစ်ဦးရပ်တည်ချက်ကိုဆွေးနွေးဖွယ်ရှိ သည်ဟု ခန့်မှန်းရပါသည်။

သို့သော် သမ္မတကြီးဦးသိန်းစိန် သည် “အနာဂတ်”ကို မျက်နှာမူ၍ ရှေ့ ခရီးဆက်မည်လား။ သို့တည်းမဟုတ် နောက်ကြောင်းပြန်၍ နောက်ပြန်ဆုတ် မည်လား။ ကိုယ့်သမိုင်းကိုယ်ရေးမည် လား။ ဤမေးခွန်းမှာ တစ်နေ့သော် အဖြေပေါ်လာလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။      

ဘီလူးကျွန်းစိုးမြင့်

Hot News Journal



0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive