ကျွန်တော်ဟာ (NLDပါတီနဲ့ ဒေါ်စု )Antiသမား မဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့အဓိက အတိုက်ခံပါတီနဲ့ ကမ္ဘာသိနိုင်ငံရေးသမားတစ်ဦးဖြစ်တာကြောင့် သူတို့ပါတီနဲ့ ပါတီဥက္ကဌရဲ့ လားရာကို တစ်စေ့တစ်စောင်း အကဲခတ်မိကြောင်းပါ။ကျွန်တော်လေ့လာမိသမျှ ကျွန်တော်ကပဲ နုံလွန်းလှလို့လား မသိဘူး။သူတို့ပြော၊သူတို့လုပ်နေတာတွေက လိုက်မမီဘူးဗျ။သူတို့ လုပ်ရပ်နဲ့ သူတို့စကားက မိုးတစ်ခြား၊မြေတစ်ခြား။

တရားဥပဒေစိုးမိုးရေးလို့ မိုးပြော၊ဂျိုးပြော ဘယ်လောက်ပြောနေပေမယ့် သူတို့ပါတီ အတွင်းစည်းကတော့ ခုထိဥပဒေမဲ့ အပြုမူတွေကို ချိုးဖောက်နေဆဲပဲ။ဟိုတစ်လောကပဲ ဒေါ်စု ကာတာက ပြန်အလာမှာ ဆန္ဒပြတဲ့သူတစ်ဦးကို ကိုယ်ရံတော်တပ်မှူးတွေက တရးဥပဒေချိုးဖောက်ပြီး ကိုယ်ထိလက်ရောက် ၀ိုင်းဝန်းထိုးကြိတ်လိုက်တယ် ဆိုလားပဲ။ဒါတောင်မှ အရင်က အလားတူကိစ္စတွေ ချီးခြောက် ရေမနူးသေးဘူးနော်။အင်း..ခင်ဗျားတို့နားကလူတွေကမှ စွမ်းအားရှင်လက်သစ် ဖြစ်မှန်းမသိ
ဖြစ်နေကြပြီ။

ခင်ဗျားတို့ပြောတော့ လူ့အခွင့်အရေးဆို၊လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိရမယ်၊လွတ်လပ်စွာဟောပြောခွင့်
ရှိရမယ်။ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ရှိရမယ်ဆို။ကဲ..ဘယ်မှာလဲ။ခင်ဗျားတို့စကား။ဘယ်မှာလဲ အမှန်တရား။ယိုသူမရှက် မြင်သူရှက်ပါပဲ။ဘယ်သူက ဒီစကားတွေကို တာဝန်ခံလဲ။ဘယ်သူကများ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းနိုင်သလဲ။ဆရာမနိုင် နှစ်ဆောင်ပြိုင်မဟုတ်တော့ဘူး။ ဘုန်းကြီးရူးနဲ့လှေလူးတွေအဆင့် ဖြစ်နေပြီ။

ခုလည်း မယ်ဒေါ်က ချင်းပြည်နယ်သွားပြီး လျှာရိုးမရှိ ပြောနေပြန်ပြီ။
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးဆိုတာကတော့ ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီ မဖြစ်စေချင်တဲ့ လူတွေရဲ့ ပြောစကားပါတဲ့။ကျောင်းသားတွေ နိုင်ငံရေးမလုပ်ဘူးဆိုရင် ဒီမိုကရေစီစနစ် ဘယ်တော့မှ မထွန်းကားနိုင်ပါဘူးတဲ့။ကျွန်မကတော့ အဲဒါကို လုံးဝ၊လုံးဝ ဆန့်ကျင်ပါတယ်တဲ့။

နောက်လာသေးတယ်။ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ၀န်ထမ်းဟူသည် ပါတီ နိုင်ငံရေးကင်းရှင်းရမည်လို့ အတည်ပြုပြဌာန်းထားတာရှိပါတယ်။ဒါကို သူက ဌာနတွင်းမှာတော့ မလုပ်ရဘူး။အလုပ်ပြင်ပမှာတော့ လုပ်ခွင့်ရှိရမယ်။အလုပ်ပြင်ပမှာ ပါတီဝင်ထားနိုင်ရမယ်။
ပါတီအလုပ်တွေကိုတော့ အလုပ်ခွင်တွင်းကို မယူခဲ့ရဘူးတဲ့။

မှတ်တောင်ထားရဦးမယ် ဒေါ်စုရေ။ ခင်ဗျားတို့ သား၃သားကို ခုတုံးလုပ်စားတာ မ၀သေးဘူးလား။တစ်ပြည်လုံးမှာ ၂သန်းကျော်လောက်ပဲရှိတဲ့ ၀န်ထမ်းတွေကို ခုတုံးလုပ်ပြီး အုပ်ချုပ်မှု ယန္တရားကို ထပ်ပျက်ပြားစေချင်တာလား။
နိုင်ငံတော်က ဒီအရေတွေ ကြိုမြင်လို့ လုပ်သင့်လုပ်ထိုက်တာ လုပ်။တားမြစ်သင့်တာ တားမြစ်ထားတာပါ။ပြောရရင် သမိုင်းထဲက သင်ခန်းစာယူခဲ့တာပါ။

ခင်ဗျားကတော့ ကမ္ဘာ့သမိုင်းဆို ခင်ဗျားသိပ်အထင်ကြီးတဲ့ အနောက်နိုင်ငံတွေ အကြောင်းနဲ့ ဘာသာရေးဆို ပုပ်ရဟန်းမင်းကြီး ၊လူ့အခွင့်အရေးလှုပ်ရှားသူဆို ဒလိုင်းလားမားလောက်သာ သိထားသူဖြစ်လေတော့ မြန်မာ့နိုင်ငံရေးသမိုင်းဆိုတာ သေချာဂဏ ဘယ်သိပါမလဲ။သိသိကြီးနဲ့ မျက်ကွယ်ပြုထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

ကျောင်းသားတွေ နိုင်ငံရေးလုပ်တာနဲ့ ပတ်သက်ပြီး ကျုပ်က ကန့်ကွက်တယ်ဆို ခင်ဗျားတို့က Long long agoနဲ့ ပြန်ပက်ကြပါလိမ့်မယ်။ကိုလိုနီခေတ်တုန်းက ဘယ်လို၊သခင်တွေဆိုတာ ဘယ်ညာနဲ့ သမိုင်းရေနူးပြပါလိမ့်မယ်။ဟုတ်ပါတယ်။သူတို့တုန်းက ကျောင်းသားတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ ခင်ဗျားလွှတ်အထင်ကြီးတဲ့ လင်တော်မောင်တိုင်းပြည်က ကျွန်သက်ရှည်ဖို့စီမံထားတဲ့ဗျုရိုကရက် ပညာရေးစနစ်တွေကို ဆန့်ကျင်တာ။သူ့ကျွန်ဘ၀ လွတ်မြောက်ဖို့တွက် ခေတ်ပညာအမြော်မြင်ရှိတဲ့
ကျောင်းသားတွေက ဦးဆောင်တာ။လုပ်သင့်တဲ့ အချိန်လုပ်သင်တဲ့ အလုပ်ကို လုပ်ခဲ့တာ။ကျုပ် သူတို့ကို အထင်လည်းကြီးတယ်။လေးလည်း လေးစားတယ်။

ဒါပေမယ့် ဒီဘက်ခေတ်တွေမှာက ခင်ဗျားတို့လို အာဏာဆိပ် ငယ်ထိပ်တက်နေသူတွေက ခင်ဗျားတို့ အာဏာရဖို့ အသုံးချတာ။ဦးသန့်အရေးအခင်းတုန်းကတစ်ခါ။ ၈၈တုန်းကလည်းတစ်ခါ၊ ခုလည်း ဟိုမှာ ဒီမှာ မနူးမနပ်နဲ့ နို့နံ့မစင်သေးတဲ့ ကျောင်းသားလေးတွေကို စတေးနေတာ တွေ့နေရပြန်ပြီ။

ခုခင်ဗျားက အတိအလင်း စကားလမ်းကြောင်းခင်းနေပြန်ပြီ။ ခင်ဗျားမှာ ကိုယ်ချင်းစာစိတ်ကောရှိရဲ့လား။ဘယ်ရှိပါ့မလဲ။ခင်ဗျားကို ပေါ်တင်တစ်မျိုး၊ တိတ်တစ်ဆိတ် တစ်ဖုံ ၊နည်းမျိုးစုံ ထောက်ပံ့ပေးကမ်းထားတာတွေက ခင်ဗျားသားတွေ ဆယ်သက်စားလို့မှ မကုန်တာပဲ။နောက်ပြီး ခင်ဗျားသားတွေက ဒီနိုင်ငံသားတွေ မဟုတ်ဘူး။သူတို့က ဟိုမှာ ဒူးနှံ့ပြီးနေရုံပဲ။
ခင်ဗျားပြောတော့ ပညာရေးစနစ်တွေ ညံ့ဖျင်းတယ်ဆို။ဒါဆို ပညာရေးစနစ်ကောင်းဖို့ ဘယ်လို ဘယ်ပုံကြံဆသင့်တယ်ဆိုတာ တစ်ခွန်းမဟပဲ သူတို့ရဲ့ ပညာရေး၊သူတို့ရဲ့ ဘ၀၊သူတို့ရဲ့ အနာဂတ် တစ်ခန်းရပ်သွားနိုင်တဲ့ နိုင်ငံရေးဆိုတာကြီးကို ဘာလို့ဘေးတီး ပေးရတာလဲ။
ဘာလဲ..ခုထိ ကျောင်းသားခေါင်းဆောင် လုပ်နေတဲ့ ဖင်မွှေးနီ ယောင်တော်ပြန်များလို
ပြောင်ပြောင်ယောင်ယာင် ဖြစ်အောင်လား။ဟို လတ်ယား လတ်ယား၊ဒီလတ်ယား လတ်ယားနဲ့ နားမလည်းပါးမလည်ဘဲ ထောင်နှုတ်ခမ်းနမ်းရအောင် မဲဆွယ်တာလား။

ကျောင်းသားတွေ နိုင်ငံရေးဗဟုသုတရအောင်၊နိုင်ငံရေး မျက်ခြေမပြတ်ရအောင် ပြဌာန်းစာအုပ်တွေထဲက သင်ရိုးတွေမှာ အတန်းနဲ့ လျှော်ညီတဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ ထည့်သွင်းသင့်တယ်လောက်ဆို တော်ပြီပေါ့ဗျာ။ခုကျ ခင်ဗျားက ဆွရ၊သိမ်းသွင်းရ လွယ်ကူတဲ့ အဖြူထည်လေးတွေကို ညစ်နွမ်းစေရေး လမ်းကြောင်းပေးနေပြန်ပြီ။

နောက်ပြီး ၀န်ထမ်းနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးလုပ်ခွင့်ပေးခဲ့စဉ်က ဘယ်လောက်တောင် ကွဲပြဲကြသလဲ။တစ်ခြင်ထောင်ထဲက လင်မယား၂ယောက်တောင် မညီညွတ်နိုင်အောင်ကွဲပြဲဘူးခဲ့တာခင်ဗျားသိပါသလား။ဖဆပလ ၂ခြမ်းကွဲတော့လည်း လိုက်ကွဲ။နုတင်-ဆွေငြိမ်း ကွဲတော့လည်းလိုက်ကွဲ။ဦးဗိုလ်သခင်ကွဲတော့လည်းလိုက်ကွဲ။ ဒါတွေကို ခင်ဗျား မသိချင်ယောင် ဆောင်နေတာလား။ဘယ်လောက်ပဲ အပေါ်ယံ ဟန်ဆောင်စကားလုံးတွေသုံးသုံး ခင်ဗျားခုထိ ၀န်ထမ်းတွေကို ခုတုံးလုပ်ချင်တုန်းဆိုတာ သိပ်ကိုသိသာလွန်းလှတယ်ဗျာ။
ခင်ဗျားကတော့ ပေါ့ပေါ့ပါးပါးပဲ။ပါတီအလုပ်ကို လုပ်ငန်းခွင်ထဲ သယ်မလာနဲ့တဲ့။တကယ့်တကယ် မဲစွယ်ကြပြီဆိုရင် ဘယ်သူကထိန်းနိုင်မတုန်း။ လူဆိုတာ ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးကို အနိုင်ရစေချင်တာ။ ဘယ်ဥပဒေနဲ့ တားတာတိုးတိုးတစ်မျိုး၊ကျယ်ကျယ်တစ်ဖုံမီးကုန်ယမ်းကုန်ဖြစ်လာကြမယ်။ သူ့ထက်ငါအသာရစတမ်းတိုက်ပွဲတွေကြမ်းလာကြမယ်။အဲဒီလိုတွေဖြစ်လို့ အမှိုက်ကစ ပြဿဒ်မီးလောင်ပြီး အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားရင် ဘယ်သူတွေထိခိုက်မတုန်း။ ဘယ်သူတွေနစ်နာမတုန်း။ခင်ဗျားတို့က စင်ပေါ်ကလူ။ ကျုပ်တို့တွေက တုံးအောက်က ဖား။ခြားနားချက်က မိုးနဲ့ မြေ။ခင်ဗျားလုပ်ရပ်နဲ့ စိတ်ဓာတ်တွေက စကားထဲက ဇာတိပြ ဆိုသလို တဖြည်းဖြည်းသေးသိမ်လာနေသလိုကြီး ကျုပ်တို့ခံစားနေရတယ်။

ပြောနေတာလည်း တော်တော်လေးများသွားပြီ။နောက်ဆုံးပြောချင်တာက မသိနားမလည်တဲ့သူတွေကို ခုတုံးလုပ် အမြတ်ထုတ်တာ ရပ်တန်းက ရပ်သင့်ပါပြီ။နိုင်ငံတိုးတက်မှု နှောင့်နှေးအောင် အတ္တကိုရှေ့တန်းတင်ပြီး အမှန်ကို အမှန်တိုင်း မမြင်တာတွေလည်း နဖူးေါ်လက်တင် သုံးသပ်သင့်ပါပြီ။ဘယ်သူသေသေ ငတေမာပြီးရော စိတ်သဘောကိုလည်း ပြန်လည်စစ်ကြောသင့်ပါပြီ။

…ကမ္ဘာကျော် နိုဘယ်ဆုရှင်ကနေ ကမ္ဘာကျော် စောက်တလွဲဖြစ်နေတာတွေကိုလည်း ကိုယ်ကိုယ်ကိုယ် ဝေဖန်ပိုင်ခြားပြီး လူ့စည်းဘီလူးစည်း ပိုင်ခြားနားလည်သင့်တယ်လို့(အတွေးအခေါ်တွေ
ဘေးချော်နေသလား၊တမင်ကလာ ၀င်ပါစေဖို့ပဲ သွေးထိုးလှုံ့ဆော်နေသလား) လေနဲ့ ၀မ်းမကွဲပြားတဲ့ ခင်ဗျားနဲ့ ခင်ဗျားပါတီက ကိုသိ၊ကိုတတ်၊ကိုေ…ာက်…တ်တွေကို ဆရာမဟုတ်ပေမယ့် ဆရာလုပ်လိုက်ပါရစေ။

(အပြောရိုင်းပေမယ့် စေတနာမရိုင်းသူ တာဝန်သိ ပြည်သူတစ်ဦး)
From: We Love True

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive