၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် ကလေးမြို့နေ မခင်သူသူဝင်း နှင့် လက်ထပ်စဉ် မင်္ဂလာဆောင်အတွက် လိုအပ်သော စားရိတ်စက များကို ၈လေးလုံး ငွေရတု အခမ်းအနား ပြုလုပ်စဉ်က ကောက်ခံရရှိထားသော ရန်ပုံငွေ များထဲမှ သုံးစွဲထားသည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှကိုအောင်လင်း က ပြောကြားခဲ့ပါသည်။ မတ်လ ၂၆ ရက်နေ့ ပခုက္ကူမြို့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္နပြပွဲအပြီး ပါဝင်ဆန္နဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများကို ကိုအောင်လင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

“ ဆရာ ကိုကိုကြီးဟာ ကလေးမြို့မှာ မင်္ဂလာဆောင်ဘို့အတွက် သွားလာစရိတ်၊ ပြင်ဆင်စရိတ်၊ ကျွှေးမွေး ဧည့်ခံစရိတ်၊ အသုံးအဆောင် နှင့်အ၀တ်အစားစရိတ်၊ နေစရိတ်၊ စားစရိတ်နဲ့ တောင်းရမ်းစရိတ်တွေအပြင် ဟန်းနီးမွန်းစရိတ်တွေအတွက်ပါ အသုံးပြုဖို့ အတွက် ကျပ်သိန်း ၂၀၀ ကိုကြိုတင်ထုတ်ထားပါတယ်” လို့ ၄င်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၆ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်မယ့် မင်္ဂလာဆောင်အတွက်လည်း ဦးကိုကိုကြီးဟာ ၈ လေးလုံး ရန်ပုံငွေများထဲမှ နောက်ထပ် ငွေကျပ် သိန်း ၂၀၀ ထပ်မံထုတ်ယူသွားမယ်လို့ လည်း ကိုအောင်လင်း ထပ်မံ ပြောကြားခဲ့ပါတယ်။ အဆိုပါ ငွေကြေးများကို ဦးကိုကိုကြီးဟာ ရန်ကုန်မှာ ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲအပြီး ရရှိသော လက်ဖွဲ့ငွေများထဲမှ ပြန်လည်ပေးဆပ်သွားမှာ ဖြစ်တဲ့အကြောင်း ကိုလည်းပြောကြားခဲ့ပါတယ်။ 

ပခုက္ကူမြို့နယ်မှ နိုင်ငံရေးအင်အားစုများကတော့  “ အဖွဲ့အစည်းအတွင်း ညီညွတ်ဖို့သာ လိုတာပါ ၊ ပြန်ပေး ဆပ်ရင်ပြီးတာပါပဲ ”လို့ အကောင်းမြင်သူတွေရှိသလို “ အဖွဲအစည်းရန်ပုံငွေကို အခုလိုမသုံးသင့်ဘူး”လို့ ဝေဖန် သူများလည်းရှိနေပါတယ်။ ၈ လေးလုံးငွေရတု အခမ်းအနားအတွက် စုစုပေါင်းရရှိသော ရန်ပုံငွေ ၂၀၁,၁၈၁,၄၇၆ ကျပ်ဖြစ်ပြီး ငွေရတု အခမ်းအနား အတွက်သုံးစွဲငွေ ၁၅၅,၈၃၀,၂၈၉ ကျပ်ဖြစ်တဲ့အတွက် လက်ကျန်ငွေ ၄၅,၃၅၁,၁၈၇ ကျပ်တိတိ ပိုလျှံ ကြောင်းသိရှိရပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive