ဝါရှင်တန်၊ မတ် ၃၀။     ။ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ (Fortune Global 500) စာရင်းတွင် နံပါတ် ၁၁နေရာ ၌ ရပ်တည်နေသည့် ထိပ်တန်းရေနံကုမ္ပဏီကြီး Chevron Corporation (CVX) ၏ လက်ခွဲ ကုမ္ပဏီဖြစ်သော Unocal Myanmar Offshare Co.Ltd သည် မြန်မာ့ အနောက်ဘက် ကမ်းရိုးတန်း၊ ရခိုင်ကမ်းလွန် ရှိ ရေနံရှာဖွေရေးလုပ်ကွက်Block A5တွင် ရေနံရှာဖွေရေးလုပ်ကိုင်ခွင့်လိုင်စင် ရရှိသွားသည်ဟုနက်စ်ဒက် သတင်းဌာနက မတ်လ ၂၈ ရက်တွင် ရေးသားဖော်ပြသည်။ လုပ်ကွက် A.5 သည် ရန်ကုန်မြို့၏ အနောက် မြောက်ဘက် ၁၂၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အကျယ်အ၀န်းဧက ၂ ဒသမ ၆ သန်း ရှိသည်။ လုပ်ကွက်A.5 ကို Unocal က ၉၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး မြန်မာအခြေစိုက် Royal Marine Engineering ကုမ္ပဏီက ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။
Chevron Aisa Pacific Exploration and Production ကုမ္ပဏီသည် မြန်မာကမ်းလွန်တွင် ကာလကြာရှည်စွာ လုပ်ကိုင်ခဲ့သော အတွေ့အကြုံရှိသည့် ကုမ္ပဏီဖြစ်ရာ ယခု A5 လုပ်ကွက်လုပ်ကိုင်ခွင့် ထပ်မံ ရရှိလိုက်သဖြင့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးတွင်ကူညီရန် အခွင့်အလမ်းထပ်မံ ရရှိသွားပြီ ဖြစ်သည်။

Chevron ကုမ္ပဏီပိုင် Unocal Myanmar ကုမ္ပဏီသည် Block M5 နှင့် M6 ရှိ ရတနာနှင့် စိန်ဓာတ်ငွေ့မြေများတွင် ထုတ်လုပ်မှု မျှဝေရေးသဘောတူညီချက် ၂၈ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်လျက် ရှိသည်။
၎င်းအပြင် Chevron ကုမ္ပဏီသည် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံဓာတ်အားပေး စက်ရုံများသို့ ဆက်သွယ်ပေးပို့နေသော ပိုက်လိုင်းကုမ္ပဏီတွင်လည်း အကျိုးအမြတ် ၂၈ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား သည်။

Chevron ကုမ္ပဏီကြီးသည် A5 လုပ်ပိုင်ခွင့်လိုင်စင်အတွက် မြန်မာအစိုးရသို့ ငွေကြေးမည်မျှ ပေးဆောင်ခဲ့ရသည် ဆိုခြင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။ Chevron သည် အဆိုပါလုပ်ကွက်ကို ၎င်းပိုင် လက်ခွဲကုမ္ပဏီ Unocal Myanmar Officeshare Co.Ltd ဖြင့် လုပ်ကိုင်မည်ဖြစ်သည်။ Chevron သည် Unocal (Union Oil Company of California) ကုမ္ပဏီကို ၂၀၀၅ ခုနှစ်နွေရာသီအတွင်းက ၀ယ်ယူ ပိုင် ဆိုင်ခဲ့ခြင်း ဖြစ်သည်။
Chevron corporation သည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် San Ramon အခြေစိုက်နိုင်ငံစုံ စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည် ဟု wikipe-dia website တွင် ဖော်ပြထားသည်။
Chevron corporation သည် ရေနံ၊ ဓာတ်ငွေ့နှင့် ဘူမိအပူစွမ်းအင် Geothermal လုပ်ငန်းများကို ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း၊ ရေနံနှင့် ဓာတ်ငွေ့စက်ရုံများ တည်ဆောက်ခြင်း၊ ဓာတုပစ္စည်း ထုတ်လုပ်ပို့ဆောင် ရေးခြင်းနှင့် ဈေးကွက်တင်ခြင်း လုပ်ငန်းများကို နိုင်ငံပေါင်း ၁၈၀ ကျော်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးSuper-major ရေနံကုမ္ပဏီကြီး ခြောက်ခုတွင် တစ်ခု အပါအ၀င် ဖြစ်သည်။ Chevron သည် ကမ္ဘာပေါ်တွင် ဘူမိ အပူစွမ်းအင် အများဆုံးထုတ်လုပ်သော ကုမ္ပဏီဖြစ်သည်ဟုလည်း wikipedia website တွင် ဖော်ပြထားသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive