ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်း
 စာနာမှုအကူအညီပေးရေး လုပ်ငန်းဆိုင်
ရာ အသိုင်းအဝိုင်းများနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်း အသိုင်းအဝိုင်းများကို
 မြန်မာအစိုးရအနေဖြင့် အကူအ
ညီပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စများ ညှိနှိုင်းရေးအရာရှိ မစ္စတာ Toily Kurbanovက စစ်တွေမြို့တွင် ၂၆ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှု နှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်လိုက်သည်။
"ကုလသမဂ္ဂနှင့် အခြားမိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဘဝများကို ကယ်တင်လျှက်ရှိသော လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။" "အာဏာပိုင်များ အနေဖြင့် သင့်တော်မည့် တုံ့ပြန်မှုကို လုပ်ဆောင်ရန်နှင့် အပြစ်ကျူးလွန်သူများ တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ရန် ကျွန်တော်တို့ တိုက်တွန်းအပ်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူပင် ရန်ကုန်မြို့ရှိ ယူကေနိုင်ငံဆိုင်ရာ သံရုံးကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ခြင်း၊ အန်ဂျီအိုရုံးများအား ခဲဖြင့် ပစ်ပေါက်ကာ တိုက်ခိုက်ခံရခြင်းကို စိုးရိမ်ပူပန်ကြောင်း မတ်လ ၂၇ရက်၌ပင် ထုတ်ပြန်ခဲ့သည်။
"လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာဖြင့် လုပ်ငန်းတာဝန်များ အနှောင့်အယှက် အဟန့်အတားမဲ့ ဆောင်ရွက်နိုင်ရေးမှာ အခြေခံကျသော စည်းမျဉ်းစည်းကမ်း တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဆက်လက်၍ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါသည်။"ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်တွေမြို့တွင် မတ်လ ၂၆ရက် ညပိုင်းက မာတေဇာ(Malteser) အန်ဂျီအိုမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက သာသနာ့အလံကို ဘောင်းဘီအိတ်ထဲ ထည့်သည်ဆိုကာ အန်ဂျီအိုရုံးများကို ခဲဖြင့်ပေါက်မှုများ လူစုလူဝေးမှုများ ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပွားခြင်းကြောင့် မတ်လ ၂၇ရက် နေ့လည် ၂နာရီခန့်တွင် အန်ဂျီအိုမှ ဝန်ထမ်းများကို လုံခြုံရေးကားများဖြင့် လေဆိပ်ရှိရာသို့ ခေါ်ဆောင်သွားပြီး ရုံးများကို ပိတ်လိုက်ရသည်ဟု စစ်တွေမြို့နယ် တရားလွှတ်တော်ရှေ့နေချုပ်နှင့် ဒုချရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဦးဦးသာပွင့်ကမဇ္ဈိမကို ပြောသည်။
စစ်တွေမြို့တွင် မတ်လ ၂၇ရက်ညနေမှစ၍ ပုဒမ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။
Mizzima News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive