Monday, March 24, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့နယ်တို့တွင် ခရိုင်းမီးယားကဲ့သို့ ပြည် သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းပြည်နယ်အောက်သို့ ပူးပေါင်းသင့်သည်ဟု ရေးသားခဲ့သည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရထံသို့ မြန်မာအစိုးရအနေဖြင့် ကန့်ကွက် ကြောင်းနှင့်ဖြေရှင်းပေးရန် တောင်းဆိုသွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

''လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိတယ် ဆိုပေမယ့် ဒါဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိ ပါးပါတယ်။ နောက်တစ်ချက်က နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးကိုလဲ ထိပါးစေတယ်။ ပြည်တွင်းတည် ငြိမ်အေးချမ်းရေးကိုလဲ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သံတမန်နည်းလမ်းအရရော အစိုးရအနေနဲ့ရော ဘင်္ဂ လားဒေ့ရှ်အစိုးရကို ပြောမှာပါ''ဟု အဆိုပါ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာထရိုင်ဗျူး သတင်းစာ၏ သတင်းဆောင်းပါးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများ၏ ၄၂ ရာခိုင်နှုန်းသည် တောင် အာရှမျိုးနွယ်များဖြစ်ပြီး ဘင်္ဂါလီစကား ပြောဆိုနေ ကြကြောင်း၊ စစ်တွေနှင့် မောင်တောတွင် ၉၅ ရာခိုင် နှုန်းရှိနေကြောင်း၊ ယူကရိန်းနိုင်ငံလက်အောက်မှ ခရိုင်းမီးယားတွင် ဆန္ဒခံယူပွဲပြုလုပ်ပြီး ရုရှားလက် အောက်သို့ ပူးပေါင်းလိုက်ခြင်းသည် လွန်စွာဆွဲဆောင် မှုရှိလှပြီး အံဝင်လှသော အဖြေများထဲက တစ်ခုဖြစ် ကြောင်း ရေးသားထားခြင်းဖြစ်သည်။

''ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ကို ဘယ်သူမှ လာပြီးသတ်မှတ်လို့မရဘူး။ လူဦးရေ သန်း ၆ဝ ကပဲ ပိုင်ပါ တယ်။ ဒီသန်း ၆ဝ ရဲ့ ဆန္ဒမပါဘဲနဲ့ ဒါကို ဘယ်သူမှ လာပြင်ဆင်လို့မရဘူး။ သူတို့ ဘယ် လောက်ရေးရေး မဖြစ်နိုင်တဲ့ကိစ္စကြီးကို ရေးနေတာ ဖြစ်ပါတယ်''ဟု
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

ထို့ပြင် အဆိုပါဆောင်းပါးတွင် စစ်တွေ မြို့နှင့် မောင်တောဒေသတို့သည် ခရိုင်းမီးယားကဲ့ သို့ပင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား လွတ်လပ် သော နိုင်ငံတစ်ခုကို ထူထောင်ခွင့်ရှိသင့်ကြောင်း အ ဆုံးသတ်တွင် ဖော်ပြထားသည်။

''ရခိုင်ဒေသရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ်တဲ့နေရာမှာ အစိုးရအနေနဲ့ ရဲရဲတင်းတင်း လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ ခိုးဝင်လာတဲ့ဘင်္ဂါ လီလူအုပ်ကြီးတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေတာပါ။ လွတ်လပ်ရေးမရမီနဲ့ ရပြီးနောက်ပိုင်းအ ထိ အကြံအစည်တွေ အများကြီးနဲ့ လုပ်ဆောင်နေ တာပါ။ သူတို့ ခိုးဝင်နေထိုင်တဲ့ ဘူးသီးတောင်၊ မောင် တောကို သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံ ထူထောင်မယ်။ ဒါမှမဟုတ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းမယ် ဆိုတဲ့အကြံအစည်က အရင်ကတည်က ရှိပြီးသားပါ'' ဟု စစ်တွေမြို့ ရပ်မိရပ်ဖ ဦးသန်းထွန်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားလူမျိုး ထက်ဝက်လောက်သာ နေထိုင်နေကြပြီး ကျန်တစ် ဝက်နီးပါးမှာ အခြားလူမျိုးများဖြစ်ကြောင်း၊ ရုရှား လူမျိုးများက ဘင်္ဂလားဒေ့ရှ်တွင် ဝင်ရောက်နေထိုင် နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုံးချနေခြင်းဖြစ်နိုင် ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထား သည်။

Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive