ရက်စွဲ။ မတ်လ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်။

၂၀၁၀ခုနှစ် နောက်ပိုင်း ပြောင်းလဲဖြစ်ပေါ်လျှက်ရှိသော အမိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းများကို ဤအမေရိကန်လုံးဆိုင်ရာ ရက္ခိုင်လူမှုအဖွဲ့အစည်းမှ မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိသည်။

အဆိုပါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် United Nations Population Fund (UNFPA) တို့ ပူးပေါင်းလုပ်ဆောင်လျှက်ရှိသော သန်းခေါင်စာရင်း ကောက်ယူမှုသည်လည်း အရေးကြီးလှသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသူများ အားလုံးကို သိရှိနိုင်မှ အမိမြန်မာနိုင်ငံကြီး ရေရှည်တိုးတက်စည်ပင်ရန် စနစ်တကျ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းသည် အမြန်ဆုံး အကောင်အထည်ဖော်သင့်သည့် လုပ်ငန်းရပ်ကြီးတစ်ခု ဖြစ်ပါသည်။

သို့ရာတွင် ဤလုပ်ငန်းရပ်ကြီးအား အသုံးချကာ ပြည်တွင်းပြည်ပမှ ဘင်္ဂလီမွတ်စလင်အစွန်းရောက် အုပ်စုများသည် ၄င်းတို့အား ကျောထောက်နောက်ခံပြုထားသော အိုအိုင်စီနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၄င်းတို့၏ အမည်တု ‘ရိုဟင်ဂျာ’ ဆိုသည်အား လူမျိုးအမည်အဖြစ် သန်းခေါင်စာရင်း၌ ထည့်သွင်းဖြည့်စွက်ရန် စိုင်းပြင်းလုပ်ဆောင်လျှက် ရှိနေကြသည်။ ရိုဟင်ဂျာ ဟူသော အမည်သည် ယနေ့ပဋ္ဋိပက္ခများ၏ အဓိက ဇစ်မြစ်ဖြစ်ကြောင်း သိရှိပါလျှက် ဘင်္ဂလီမွတ်စလင်အစွန်းရောက်များသည် ဒေသတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ရန် ကြိုးပမ်းလျှက် ရှိနေသည်။ မကြာမီ ရက်ပိုင်း အတွင်းကလည်း ဘင်္ဂလီမီဒီယာများမှ တဆင့် ယူကရိန်းနိုင်ငံ ခရိုင်မီယာဒေသ လူထုဆန္ဒကောက်ခံပွဲကို ဥပမာပေးလျှက် မောင်တော၊ စစ်တွေ ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွဲနေသင့်မသင့်၊ မဟုတ်က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သီးခြားနိုင်ငံတစ်ခု တည်ထောင်ခွင့် ပေးသင့်မပေးသင့် လူထုဆန္ဒကောက်ခံပွဲ ကျင်းပသင့်ကြောင်း မြန်မာ့အချုပ်အခြာအာဏာအား ထိပါးရေးသားလျှက်ရှိနေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဟူသော တိုင်းရင်းသား မရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အတိအလင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားပြီး ဖြစ်သည်။ သို့ရာတွင် မကြာသေးမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအစိုးရ အရာရှိကြီးအချို့မှ ဘင်္ဂလီများနှင့် တွေ့ဆုံရာတွင် ၄င်းတို့ ဆန္ဒရှိသော အမည်များကို ဖော်ပြခွင့်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ၀မ်းနည်းစွာ သိရှိရပါသည်။ ဘင်္ဂလီများသည် ယခင်က ထုတ်လွှင့်ခဲ့သော ရေဒီယိုအစီအစဉ်ငယ် တစ်ခုကိုပင် ၄င်းတို့ တိုင်းရင်းသားဖြစ်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျှက်ရှိသည်။ အကယ်၍ ယခုကဲ့သို့ နိုင်ငံလုံးချီကောက်ယူမည့် အစိုးရတရားဝင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟူသော အမည်တုအား သုံးစွဲလိုက်ပါမူ ယခုနှင့်နောင်ပစ္စုပ္ပန်တွင် ရှင်းမရနိုင်သော အကြောင်းချင်းရာများကို ဖန်တီးစေမည် ဖြစ်သည်။ အဆိုပါနာမည်တုအား သုံးစွဲခွင့်ပြုခဲ့သည့် အစိုးရသည်လည်း သမိုင်းတရားခံ ဖြစ်သွားမည်မှာ ဧကန်မုချပင် ဖြစ်သည်။ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရက္ခိုင်လူမှုအဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်နာမပိုင်းဆိုင်ရာ အငြင်းပွားနေမှုများနှင့် ပတ်သက်၍ မည်သို့မျှ ပြောကြားလိုခြင်း မရှိပေ။ သို့ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ပြည်ထောင်စုကြီး၏ နယ်နိမိတ်၊ တိုင်းရင်းသားများ၏ စည်လုံးညီညွတ်ရေးများကို တစ်နေ့ထက်တစ်နေ့ ပိုမိုခြိမ်းခြောက်လာနေသည့် ဤရိုဟင်ဂျာ အမည်နှင့် ပတ်သက်လျှင်မူ သန်းခေါင်စာရင်း၏ မည်သည့်နေရာတွင်မဆို ထည့်သွင်းဖြည့်စွက်ခွင့်ပြုမည်ဆိုပါက အဆိုပါ အမည်တုနှင့် အဆိုပါလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သိစေအပ်ပါသည်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရက္ခိုင်လူမှုအဖွဲ့အစည်း
All Arakan American Society (AAAS)

Posted by Unknown on Saturday, March 22, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive