{{{{{ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂) }}}}}

ညိုသဏ်း ၊ မောင်တော၊ မတ် ၂၁

မောင်တောနယ်စပ် အလယ် သံကျော် ကညင်တန်းကျေးရွာ အုပ်စုချောင်းအတွင်း ရှိ စက်လှေပေါ်မှ သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် မတ် ၁၄၊ ၁၅ ရက်က ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး မှုများပြုလုပ်လျက်ရှိရာ မောင်တောနယ်စပ် အလယ် သံကျော်အုပ်စု လေယာဉ်ကွင်းကျေးရွာရှိ ဘင်္ဂါလီ နေအိမ် smist or welson ငါးချက်ပေါက် ဆုံလည်သေနတ်တစ်လက်နှင့် ၃၉ အမျိုးအစား နိုင်ငံ ခြား ကျည်ဆန်တစ်တောင့်ကို မတ် ၁၉ ရက်မွန်းလွဲ ပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

လက်နက်နှင့် ကျည်ဆန်များဖမ်းဆီးရရှိနေ မှုကြောင့် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးရှိကျေးရွာများကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ လေယာဉ်ကွင်းကျေးရွာနေ လာ လု (ခ)ဇော်ကိရ်အာမောက်(ဘ)ဆာလေအာမောက် နေအိမ်ခြံဝင်းအတွင်းရှိ မြေကြီးထဲမှ လက်နက်နှင့် ကျည်ဆန်များ ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်နက်နှင့်ကျည်ဆန်များ ဖမ်းဆီးရမိမှု ကြောင့် လာလု (ခ) ဇော်ကိရ်အာမောက်၏ ဇနီးကို မောင်တောမြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများပြု လုပ်နေပြီး တရားစွဲတင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေး မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မောင်တောနယ်စပ်ဒေသတွင် ဘင်္ဂါလီ များထံမှ လက်နက်နှင့်ကျည်ဆန်များ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးထပ်မံတိုးမြှင့်ကာ နယ်မြေလုံခြုံရေး ဆောင် ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive