အသက် ၃၂ နှစ်အရွယ် အစ္စလမ္မစ် ဘာသာရေး
ဆရာ ကာဇီးမ် ဂျီမိုဝါ သည် နိုင်ဂျီးရီး
ယားနိုင်ငံ၊ အိုဂွန်ပြည်နည်၊ အိုတာ
 တရားရုံးတော်သို့ အသက် ၁၂ နှစ် အရွယ်

 မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုဖြင့် တရားရင်ဆိုင်ရန် ရောက်ရှိလာသည်။

ဂျီမိုဝါ မည်သည့် အရပ်တွင် နေထိုင်သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ဂျီမိုဝါသည် မိန်းကလေးအား အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သဖြင့် ယင်းသို့ တရားစွဲခံရခြင်း ဖြစ်သည်။

အမှုစွဲဆိုသူ ရဲစုံထောက် ပီတာမိုလိုကူမှ အစ္စလာမ်ဘာသာရေးဆရာသည် မတ် ၁၈၊ 8:00 pm ၌ အိုတာမြို့ ၊ အီလိုယီရပ်ကွက်ရှိ လူမနေသော အဆောက်အအုံအတွင်း၌ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည်ဟု တရားရုံးတော်အား ပြောကြားခဲ့သည်။

တရားခံမှ မိန်းကလေးအား လှည့်ဖျား၍ အဆောက်အဦးအတွင်း ခေါ်ဆောင်သွားပြီး ယင်းသို့ မတော်မတရားပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု မိုလိုကူက ဆိုသည်။

ယခင်ကလည်း ယင်းဘာသာရေးဆရာသည် မိန်းကလေးများအား ယခုကဲ့သို့ လှည့်ဖျားခေါ်ဆောင်၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ရဲစုံစမ်းထောက်လှမ်းရေးမှ ဖော်ထုတ်တွေ့ ရှိခဲ့သည်ဟု မိုလိုကူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

မူရင်းလင့်

Posted by Unknown on Friday, March 28, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive