လူဦးရေ ၃ သန်းကျော်ရှိသော်လည်း
အခွင့်အလန်း ရှိစေရန် အလိုငှါ
တပြည်လုံးတွင် စက်ရုံတရုံသာရှိ။
(၄င်းစက်ရုံမှာလည်း တနှစ်လျှင် ၃ လသာလည်းပတ်ပြီး သကြားစက် အမှန်ခံက အရက်ချက်ရာတွင် အသုံးပြုသော တင်လဲရေ အားဦးစားပေးထုတ်လုပ်)။
ပြည်နယ်ထဲတွင် နိုင်ငံတကာ INGO များ ၁၀ ခုမက ၀င်ရောက်ပြီး လူမူကယ်ဆယ်ရေးလုပ်ငန်းများ ရိက္ခာ ထောက်ပံရေး ဆေးဝါးကု သရေးများ ဆောင်ရွက်နေသော်လည်း ဒေသခံ မူလ တိုင်းရင်းသား များတွက်မဟုတ်။
ရခိုင်ကမ်းရိုးတန်းတလျှောက် ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို သင်္ဘော ၂၀၀ ကျော်ဖြင့် တရားဝင် ဆောင်ရွက်နေသော်လည်း ၄င်းရေလုပ်ငန်းရှင်အများစုမှာ ဒေသခံများမဟုတ်။
ကမ်းရိုးတန်းတလျှောက် အပန်းဖြေ ကမ်းခြေများ အစီအရီ တည်ဆောက်လာကာ အစိုးရမှ ဒေသခံ အုန်းလုပ်ငန်းရှင်များ၏ အုန်းခြံများကို သိမ်းဆည်းပြီး မူလ ဘိုးဘေးဘီဘင် လုပ်ဆောင်လာသော အုန်းခြံလုပ်ငန်းရှင်များမှာ မြေယာမဲ ဘ၀သို့ နေချင်းညချင်းရောက်ကြရ။
ပြည်နယ် တခုလုံး၏ တနှစ် ၀င်ငွေ(၂၀၀၃-၂၀၀၄)အရပ်ရပ်စုစုပေါင်း ဒေါ်လာ သန်း ၂၀၀၀ ရှိသော်လည်း ဗဟို အစိုးရမှ ပြည်နယ် ဘားကျတ်သို့ တနှစ် လျှင် ဒေါ်လာ သန်း ၁၀၀ သာချပေး..( ၀င်ငွေအားလုံး၏ ၅% သာ ပြန်လည်သုံးစွဲ)။
ကြီးမားသော သဘာဝ ဓါတ်ငွေ သိုက်ကြီး ရှိနေပြီး တိုင်းတပါးသိုတင်ပိုရောင်းချနေသော်လည်း ရခိုင်ပြည်ဒေသ အများစုမှာ တနေ့ မီး ၃ နာရီသာရရှိကာ မီးတာဈေးနုန်းမှာ ရန်ကုန်မြိုတွင် တယူနစ်လျှင် ၅၀ ကျပ်ဖြစ်ပြီး ရခိုင်ပြည်တွင် ၅၀၀ ကျပ်နှန်း ထိ ၁၀ ဆကျော်ကောက်ခံ။
တရားမ၀င် ရောက်ရှိလာသော ဘင်္ဂလီများအား အခြားဒေသများ သို ထွက်ခွာခွင့်မပေးဘဲ ရခိုင်ပြည်တွင်းမှာပင် ပိတ်လှောင်ထားကာ မူလ ဒေသခံများမှာ ၄င်းတို့ ၏ ဒုက္ခပေးမူကို နေ့စဉ် ခံစားနေရ။
သြော်ထူးဆန်းပါပေ ရခိုင်ပြည်။
မိုက်ကယ်ရန်ကင်း
http://www.shwemyanmarmediagroup.org
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
Arakan Media Group
Popular Posts
Blog Archive