From : We Love True



 


၂၇.၃.၂၀၁၄ ရက်နေ့တွင် နေပြည်တော်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ကျင်ပ ပြုလုပ်ခဲ့သည် ၆၉ နှစ်မြောက်တပ်မတော်နေ့ အခန်းအနားသို့ တက်ရောက် ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အလံအား အလေးပြုခဲ့ခြင်းမရှိသည်အတွက် ၄င်းကိစ္စနှင့် ပက်သတ်၍ ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရ သတ်မှတ်ထားသော အလံမဟုတ်သဖြင့် အလေးမပြုခြင်းဖြစ်ကြောင်း ၊ ဗဟန်းမြို့နယ် NLDပါတီဝင်တစ်ဦးမှ ပြောဆိုပါသည်။ `` ဒီနိုင်ငံတော်အလံက ပြည်သူလူထုဆီက ဆန္ဒကောက်ခံပြီး အတည်ပြုထားတဲ့ အလံမှမဟုတ်တာ၊ ဒါစစ်အစိုးရလက်ထက်က သူ့ သဘောသူဆောင်ပြီး သတ်မှတ်ထားတဲ့ အလံပဲ၊ ဒီတော့ ဒီမိုကရေစီကျင့်စဉ်တွေ အတိုင်းသွားနေတဲ့ ကျွန်တော်တို့ ပါတီဥက္ကဌကြီးအနေနဲ့ ပြည်သူ့ ဆန္ဒမပါဘဲ သတ်မှတ်ထားတဲ့ နိုင်ငံတော်အလံကို အလေးမပြုတာ သဘာဝကျပါတယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်တို့ အနေနဲ့ကတော့ အထွေအထူးပြောစရာမရှိပါဘူး´´ ဟု ၄င်းက ဆက်လက်ပြောဆိုပါသည်။


``နိုင်ငံတော်အလံဆိုတာ တိုင်းပြည်ရဲ့ အထွဋ်အမြတ်တစ်ခုဖြစ်ပါတယ်၊ ဘယ်အစိုးရ လက်ထက်က သတ်မှတ်ခဲ့တဲ့အလံဖြစ်လို့၊ ဒိမိုကရေစီနည်းလမ်း တကျ သတ်မှတ်ထားတဲ့ အလံမဟုတ်လို့ အလေးမပြုဘူး ဆိုတာမျိုးကတော့ သဘာဝကျတယ်လို့မထင်ဘူး၊ ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ဒီနေ့ ဒီအချိန်မှာ ဒါဟာ နိုင်ငံတော်အလံလို့ သတ်မှတ်ထားဖြစ်တဲ့အတွက် နိုင်ငံတော်အလံဆိုတာနဲ့ ပြည်သူတစ်ဦးတစ်ယောက် တိုင်းက ရိုသေ အလေးပြုရမှာပေါ့ဗျာ`` ဟု တပ်မတော်နေ့ အခန်းအနားသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် တစ်ဦးမှ ပြောဆိုပါသည်။

အဆိုပါအခန်းအနားသို့ တက်ရောက်လာသော အစိုးရ၀န်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ ခြားသံတမန်များ၊ တပ်မတော်သား များနှင့်ပြည်သူ အားလုံးက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ အလေးမပြုဘဲ နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်စုကြည်သည် ယမန်နှစ်က ကျင်းပခဲ့သည် ၆၈ နှစ်မြောက်တပ်မတော်နေ့ အခန်းအနားသို့လည်း တက်ရောက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်သည် ။

ကိုငြိမ်းဆွေ 



http://www.myanmarexpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive