ရိုဟင်ဂျာ ဆိုတဲ့လူမျိုးအမည်သစ်ကို သန်းခေါင်စာရင်းမှာ မထည့်ဖို့  ရခိုင်ပြည့်အနှံ့ ကန့် ကွက်နေပါလျက် အစိုးရက ရေငုံနှုတ်ပိတ်နေတယ်။ အဲဒီလို နာမည်ထည့်မဲ့ နေရာ ရခိုင်တစ်ပြည်နယ်ထဲမှာ မဟုတ်ဘူး။ပြည်မ မှာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ခြစားမှုကို ဂါဝရတရားပါလို့  အာပတ်ဖြည်နေကြတဲ့ အစိုးရက ဂရုမစိုက်ဘူး။ ဒါကြောင့် မြန်မာပြည်ကို ကာကွယ်ဖို့  အနောက်တံခါးမကျိုးပျက်ဖို့  ကျတော်တို့ ရခိုင်လူမျိုးတစ်မျိုးတည်းရဲ့ တာဝန်မဟုတ်ဘူး။ ကျတော်တို့  ရခိုင်ပြည်ကို မငြိမ်းချမ်းစေချင်တာ စစ်အုပ်စုရဲ့  မွေးရာပါတာဝန်ပါ။ကျတော်တို့ ဟာ ကျတော်တို့ တွေရဲ့ ပူပန်မှုကိုပဲအလေးထားသင့်ပါပြီ။ ပြည်မမှာ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မြန်မာပြည်ရဲ့ အနောက်ဘက်တံခါးဆိုတဲ့ အသုံးအနှုန်းကိုလည်းပြင်သင့်ပါပြီ။မြန်မာပြည်ကို ဗုဒ္ဓဘာသာချင်းဆိုပြီးတော့လည်း မချစ်ခင်သင့်တော့ဘူး။ ချင်းစိမ်း နဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင်ကြပါစို့ ။ ဒီအချိန်မှာ ကျနော်တို့ အတွက် အဖြေက ဖက်ဒရယ် မဟုတ်တော့ဘူး။ လုံးဝလွပ်လပ်ရေးပဲ။ ကျတော်တို့ ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကစားကွက်ရွှေ့ သင့်ပါတယ်။ ကျတော်တို့ က သူတို့ ရဲ့ ကစားကွက်ထဲမှာ အမြဲတမ်းမျောပါနေရတယ်။ ကျတော်တို့ ကိုယ်တိုင်က နိုင်ငံရေး ကစားကွက်ကို ဦးဆောင်နိုင်ဖို့ လိုပါတယ်။ ညီညွတ်ဖို့ လိုပါတယ်။ ပညာတတ်ဖို့ လိုပါတယ်။ဒီတော့ ကျတော်တို့ ရဲ့ ကစားကွက်သစ်က အကယ်၍သာ ကျတော်တို့ ရခိုင်တွေရဲ့ စိုးရိမ်ပူပန် မှုကို အစိုးရက လျစ်လျူရှုမယ်ဆိုရင် လုံးဝလွပ်လပ်ရေး အတွက် ရနိုင်တဲ့နည်းလမ်းတွေရှာပြီး နိုင်ငံသစ်ထူထောင်ကြရမယ်လို့  ကျတော်ထင်တယ်။
ဒါကြောင့် ကျတော်တို့ လိုလားချက်ဖြစ်တဲ့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာကို မထည့်ဖို့ အဆိုကို အစိုးရက မလိုက်လျောရင့် သန်းခေါင်စာရင်းအကောက်မခံဖို့ ထက် လုံးဝလွပ်လပ်ရေး အတွက် ရနိုင်တဲ့နည်းလမ်းသုံးပြီး ရခိုင့်နိုင်ငံကို ထူထောင်မယ်လို့  ကြွေးကြော်သင့်ပါတယ်လို့ ထင်ပါတယ်။

Nyein Chan Kyaw

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive