ဝါရှင်တန်၊ မတ် ၂၆

နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမားကို ကာကွယ်ပေးရသော လုံခြုံရေး ဝန်ထမ်းများထဲမှ စည်းကမ်းချိုး ဖောက်သူသုံးဦးကို အမေရိကသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းချိုးဖောက်သူ သုံးဦးတွင် တစ်ဦးမှာ အမ်စတာဒမ် ဟိုတယ်တွင် သတိလက်လွတ် ဖြစ်သည်အထိ အရက်မူးနေသည်ကို ဟိုတယ်ဝန်ထမ်းများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ ၎င်းကို တားမြစ်ခြင်း မရှိသောကြောင့် အလိုတူ အလိုပါအဖြစ် မှတ်ယူခံရခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ်ကို ကောင်းမွန်စွာ သိရှိသော အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် သမ္မတအိုဘားမား၏ လုံခြုံရေး ဝန်ထမ်းသုံးဦးကို တာဝန်မှ ခေတ္တဆိုင်းငံ့၍ ခွင့်ပေးထားကြောင်းသာ ပြောကြားခဲ့ပြီး အသေးစိတ် ထုတ်ပြန် ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများသည် လွန်ခဲ့သောနှစ်များအတွင်း မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့ခြင်းကြောင့် ဂုဏ်သရေ ကျဆင်းနေမှုကို ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်ကလည်း သမ္မတ အိုဘားမား၏ လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် လိင်ပိုင်ဆိုင်ရာ စည်းရုံးဆွဲဆောင်မှုနှင့် မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်တွင်လည်း ကိုလံဘီယာနိုင်ငံ ကာတန်ဂျီနာမြို့တွင် သမ္မတအိုဘားမား၏ လုံခြုံရေးဝန်ထမ်း အချို့က ပြည့်တန်ဆာများ ခေါ်ယူပျော်ပါး ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လုံခြုံရေး ဝန်ထမ်း အများအပြားကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ယင်းကဲ့သို့ မလျော်ကန်သော အပြုအမူများကြောင့် လုံခြုံရေးအေဂျင်စီ အနေနှင့် လုပ်ထုံးလုပ်နည်း အသစ်များ ထပ်မံချမှတ်ခဲ့ရပြီး ယခင်က အမျိုးသား များသာ လွှမ်းမိုးထားသည်ဟု ရှုမြင်ခံထားရသော လုံခြုံရေးလုပ်ငန်းကို ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန် အစိုးရအရာရှိများက ကတိပြုခဲ့ကြသည်။

ယမန်နှစ်က သမ္မတအိုးဘားမားသည် ၎င်း၏ လုံခြုံရေးအဖွဲ့ ဒါရိုက်တာ ရာထူးကို ပထမဆုံးအကြိမ်အဖြစ် ဝါရင့် ထောက်လှမ်းရေး အမျိုးသမီးဖြစ်သူ ဂျူလီယာပီယာဆင်ကို အမည်စာရင်း တင်သွင်းခဲ့သည်။


www.oppositeyes.inf

Posted by Unknown on Friday, March 28, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive