From : ပလေတို ဒီမို







လက်ပံတောင်းတောင် ဖြစ်ရပ်ပြီးတာနဲ့  ကချင်ပြည်နယ်မှာ တဂျိမ်းဂျိမ်းချတာတွေ ပိုပြီး စိပ်လာတော့တာပဲ။

KIA၏ မဟာ ဗျူဟာမြောက် နိုင်ငံရေး တိုက်ပွဲ ကြီးများ ဆိုပြီး ဂွမ်မော်တို့  ဂုဏ်ယူနေတဲ့ တိုက်ပွဲတွေ ပြန်ကြည့်။ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နေရာဖြစ်တဲ့ လောပွမ်း စ ခန်းရယ်၊ ပြီးတော့ တပ်မဟာ (၁) ပန်ဝါဒေသဘက်မှာ ရှိတဲ့ လောပွန်းပိုစ် စခန်းရယ် တက်ပြီး သိမ်းတယ်။

၂၀၁၁ ခုနှစ် ဇွန်လက စခဲ့တဲ့ တိုက်ပွဲတွေဟာ ယနေ့ထိတိုက်ပွဲပေါင်း နှစ်ထောင်ကျော်ပြီ လို့  ကေအိုင်အေက ပြောတယ်။ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးဆွေးနွေးဖို့  တွင်တွင် ပြောထားပြီးသား။ ကေအိုင်အေက နှစ်လုံးထဲနဲ့  ကပ်ပြီး မူးအောင် လုပ်နေတယ်။ အစိုးရက အပစ်အရင်ရပ်ချင်တယ်-ကေအိုင်အေက နိုင်ငံရေးအရင် ဆွေးနွေးချင်တယ်။ ဒါနဲ့ ပဲ ဆွေးနွေးပွဲတွေကို မပျက် ပျက် အောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ ရှင်းရှင်းကြီး တွေ့ နိုင်တယ်။ မရိုးသားတာ ဘယ်သူလဲ။ မြန်မာပြည်သူတွေ သေချာ စဉ်းစားမှ ရတော့မယ်။ ဒီနေ့ လည်း ကာမိုင်း ရဲစခန်းကို မနက်အစောကြီး ၄ နာရီ ၀င်သိမ်းတယ်။ ရဲစခန်းက (၂)ဦးသေ၊ (၂)ဦး ဒဏ်ရာရတယ်။ အင်အား (၈၀)နဲ့  (၂၀)လောက်ပဲ ရှိတဲ့ ရဲစခန်းကို ၀င်သိမ်းတာ ဘာအတွက်လဲ။ ကာမိုင်းမြို့ က အရပ်သား အပြစ်မဲ့သူတွေ (၁)ဦးသေ၊ (၁)ဦး ဒဏ်ရာရသွားတယ်။ ကာမိုင်းမြို့ ဝင်တံတားကို မိုင်းခွဲပြီး ချိုးသွားသေးတယ်။
ကေအိုင်အေက စပြီး မတိုက်ပါဘူး လို့  ဂွမ်မော် ဗြောင်လိမ်ဦးမှာလား။

တရုတ်ဘက်ကရော မသိဘူး လို့  ဗြောင်လိမ်ဦးမှာလား။

မြန်မာတွေ သတိရှိကြဖို့  သတိပြုကြဖို့  လိုတာက မြစ်ဆုံမှာ ကေအိုင်အေ ဘယ်လိုရပ်တည်ခဲ့ပါသလဲ။ ပြန်စဉ်းစားကြည့်နော်။

အခုလို သောင်းကျန်းဆူပူနေတဲ့ ဓါးပြတွေ CPI ကုမဏီကို ဘာတစ်ခုများ အနှောက်အယှက် ပေးဖူးပါသလဲ။ ကချင်သစ်တောတွေအကုန်လုံး ခုတ်ပြီး တရုတ်ကို ရောင်းစားခဲ့တာ ဘယ်သူတွေလဲ။

ဝ တပ်တွေနဲ့  မတူတဲ့အချက်(၁)ချက် ပြောချင်တယ်။ ၀ ခေါင်းဆောင်တွေက ရှာလို့  ရသမျှ ၀ ဒေသ ဖွံ့ ဖြိုးရေးအတွက် တစ်ကယ်သုံးတယ်။ ၀ ဒေသ အတော်ကလေး ဖွံ့ ဖြိုးနေပြီ။
ကချင်ပြည်နယ်ကို ကေအိုင်အို-ကေအိုင်အေတွေ ဘာများ အကျိုးပြုတာ လုပ်ပေးခဲ့ပါသလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်တွေ တရုတ်ပြည်မှာ ဟိုတယ်တွေ အများကြီး ပိုင်နေပြီ။ ဆယ်သက် စားမကုန်တဲ့ စည်းစိမ်တွေ ခံစားနေကြပြီ။ ဘယ်မှာလဲ ကချင်ပြည်နယ် ကောင်းစားရေး။

ကေအိုင်အို-ကေအိုင်အေ မိသားစုဝင်တွေ-ပြည်သူ့ စစ်အဖွဲ့ ဝင်တွေရဲ့  ဆွေမျိုးသားချင်းတွေ စစ်ဘေးသင့်တော့ ဒုကသည်ဆိုပြီး နိုင်ငံတကာကို မျောက်ပြ ဆန်တောင်း လော်ဘီလုပ်နေတာပဲ။ အဲဒီ အပြစ်မဲ့ ပြည်သူတွေ ကောင်းကျိုးကို ကေအိုင်အေ ကေအိုင်အို ဘာများ လုပ်ပေးခဲ့သလဲ။ ကချင်ပြည်သူတွေ ပြန်စဉ်းစားကြည့်။ ခင်ဗျားတို့  စောင်မရှိ အနွေးထည် မရှိ ခိုက်ခိုက်တုန်အောင် ချမ်းနေကြရတဲ့ အချိန်မှာ တရုတ်ပြည်မကြီးထဲ အတားအဆီး မရှိ သွားချင်သလို သွား ဇိမ်ခံချင်သလို ခံနေကြတဲ့ ကေအိုင်အေ ခေါင်းဆောင်တွေ စည်းစိမ်ယစ်မူးနေတာ မသိကြဖူးလား။

ကချင်နိုင်ငံတော်ဆိုပြီး ပတ်စ်ပို့  သီးသန့်  လုပ်- တရုတ်အစိုးရကလည်း ဒါကို အသိအမှတ်ပြု ဖြစ်ချင်သလို ဖြစ်နေကြတာ ဘာသဘောလဲ။ ရှင်းရှင်းကြီးပါ။ ပတ်စ်ပို့ ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့  လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု။ ပိုင်နက်နယ်မြေ တည်ရှိမှု ဒါတွေကို ကိုယ်စားပြုပါတယ်။ ကေအိုင်အို က ကိုယ့်ဘာသာကိုယ် ပတ်စ်ပို့  လုပ်တယ်။ တရုတ်အစိုးရကလက်ခံတယ်။ အဓိပါယ်က ဘာလဲ ။ သေချာ တွေးကြည့်။

ဖားကန့် က ကျောက်စိမ်းသမားတွေ လည်ပင်းညှစ် ဆက်ကြေးကောက်နေတာ ဘယ်သူတွေလဲ။ အစိုးရတပ်တွေ ဖားကန့် ကို ပိတ်လိုက်တော့ ကေအိုင်အေ စားပေါက် ပိတ်သွားပြီး တိုက်ပွဲ ပိုပြီး စိပ်လာတာ တွေ့ ရတယ်။

နောက် လက်ပံတောင်း ပြသနာပြီးတော့ ထပြီး ရန်ရှာတယ်။ အရပ်သားပစ်မှတ်တွေကို ပြောင်ပြောင်တင်းတင်း ဆော်လာတယ်။ ကျွန်တော်တို့ ဘက်က စပြီး မတိုက်ပါဘူး လို့  ရွှေလီမှာ ဟိုတယ်တွေ အနှိပ်ခန်းတွေ အများကြီးပိုင်ထားတဲ့ ဂွမ်မော် ညာဦးမှာလား။
အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်သွားပြီ။ ဘာဖြစ်လို့  သွားတာလဲ။ အမေရိကန်ဘက်က ကချင်နဲ့ ပတ်သက်လို့  ဘယ်လို ချဉ်းကပ်နေသလဲ ။ သေချာစဉ်းစားကြည့် ရင် မြင်လိမ့်မယ်။ ဒဲရက်က ကချင်ကို သွားနေတာ မဟုတ်ဘူး။ တရုတ်ပြည်မကြီးရဲ့  အစိတ်အပိုင်းတစ်ခုဆီကို သွားနေတာ။
ဒဲရက်မစ်ချယ် မနေ့ က ကချင်ပြည်နယ် ရောက်လာတယ်။ ဒီကနေ့  မနက် ကာမိုင်းကို ၀င်ချသွားတာ။ ရည်ရွယ်ချက် ရှိတယ်နော်။ သိမ်းငှက်ကြီးကို Message ပေးနေတာ။ အဲဒါ နဂါးကြီးရဲ့  Message သူ့ ရဲ့  ပဉ္စမံတပ်ဖွဲ့ ကတစ်ဆင့် စကားပြောနေတာ။ နဂါးကြီးက သိမ်းငှက်ကြီးကို ပြောလိုက်တာက မင်း လာမထိနဲ့ ဒါ ငါ့နယ်မြေ၊ ငါ့ပိုင်နက် ဆိုတာပဲ။

အရင်တစ်ခါလည်း ပြောပြီးပါပြီ။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်း ရပ်ရပ်သွားရော ဆိုပြီး ဟားတိုက်ရယ်ပြီး ဂွမ်မော်က ပြောတယ်။ အစိုးရဘက်က တပ်ချင်းဆွေးနွေးဖို့  သွားတော့ ဂွမ်မော် မလာဘူး။ တပ်က အရာရှိကြီးက မူဆယ်မှာ နေရစ်ခဲ့ရတယ်။ မအားလပ်ပါဘူး ဆိုတဲ့ ဂွမ်မော်နဲ့  ရေပေါ်ဆီခေါင်းဆောင်တွေက LiveStream နဲ့  လိုင်ဇာကနေ ထိုင်ကြည့် ပြီး ဟားတိုက် ရယ်နေကြတယ်။

ဒါ ဘာ သဘောလဲ။ ငြိမ်းချမ်းရေး လိုချင်သလား။ မလိုချင်ဘူးလား။ အရှင်းကြီး မြင်နိုင်တယ်။

ပြောရရင် မြစ်ဆုံတုန်းက ကေအိုင်အေ ဘယ်လို အမြီးကုပ်ပြီး နေခဲ့တာလဲ။ CPI က မြစ်ဆုံမှာ ယနရားတွေ အုံနဲ့ ကျင်းနဲ့  လုပ်နေတာ ဘယ်လမ်းကြောင်းက ၀င်လာတာလဲ။ ကေအိုင်အေ ဓါးပြတွေ ပိတ်ထားတဲ့ ဂိတ်တွေကနေ ဆက်ကြေး ပေးပြီး ၀င်လာတာ။ ကချင်ပြည်နယ် ကောင်းစားရေး လို့  အရှက် မရှိ ကြွေးကြော်နေတဲ့ ကေအိုင်အေတွေ မြစ်ဆုံကို ဖျက်ဆီးနေတဲ့ CPI ကို မျက်နှာချိုသွေး ဘောမပေးနေတာ ပြည်သူတွေ သိရက်နဲ့  ဘာဖြစ်လို့  မပြောသလဲ။ အထူး သဖြင့် မီဒီယာတွေ ဘာဖြစ်လို့  ရေငုံနှုတ်ပိတ်နေခဲ့ကြပါသလဲ။ ကချင်ပြည်နယ်က တောတောင်တွေ တရိပ်ရိပ် ပျောက်ကွယ်နေတာ ဘယ်သူ့ လက်ချက်လဲ။ အဲဒီ သယံဇာတ ရောင်းရတဲ့ ငွေတွေ ပြည်နယ်အတွက် ဘယ်နေရာမှာများ သုံးခဲ့ကြလို့  ကချင်ပြည်နယ်ကြီး ဘယ်လိုတိုးတက်လာပါတယ် ဆိုတာကို မြင်ဘူးကြပါသလား။ အခု ပွဲက ကြည့်မကောင်းတော့ဘူး။ ဦးသိန်းစိန်က ရိုးရိုးလေးပဲ တွေးပြီး စစ်တပ်ကို မတိုက်ရအမိန့် နဲ့ ကြိုးတုပ်ထားတယ်။ ဒီတော့ ကေအိုင်အေ စိတ်ကြိုက် ဖြစ်သွားတယ်။သူတို့ က ကျည်တစ်ကပ်လောက် မွှေ့ လိုက်- ပြီးရင် အစိုးရတပ်တွေက ပစ်နေပါတယ် အော်လိုက် လုပ်နေတာ။ ပြီးခဲ့တဲ့ တိုက်ပွဲပေါင်း နှစ်ထောင်ကျော်မှာ ကေအိုင်အေ ဘယ်နှစ်ယောက်များ သေခဲ့ပါသလဲ။ သောက်သောက်လေ အသက်ပေးနေတာ မြန်မာစစ်တပ်ကပါ။ ကချင် ဓါးပြတပ်ဖွဲ့ က မဟုတ်ဘူး။ကေအိုင်အေသာ အမှန်တစ်ကယ် ငြိမ်းချမ်းရေး-နိုင်ငံရေးဒိုင်ယာလော့တွေကို လိုလားတာ မှန်ရင် သူ့ ဘက်ကလည်း အပစ်ရပ် ဖို့  လိုတယ် ဆိုတာ ဘယ်ကလေး မေးမေး သိတယ်။ အခု ကေအိုင်အေ လုပ်ပေါက်က တစ်ခုလေးမှ မရိုးသားဘူး။ နောက်ပိုင်း ဦးသိန်းစိန် စိတ်မရှည်တော့ရင် တရုတ်နဂါးကြီးက သူ့ နယ်ထဲ ကျည်ကျတယ် ဘာ ညာနဲ့  လုပ်မှာ ဖြစ်သလို လက်နက် ခဲယမ်း အားလုံးကို နောက်ပိုင်းက ပံ့ပိုးပေးမှာ ဖြစ်တယ်။ ဒီလို ဖြစ်လာရင် မြန်မာစစ်တပ်အနေနဲ့  အန်ကယ်ဆန်ကို ဒဲ့ပြောပြီး အကူအညီ တောင်းဖို့ ပဲ ရှိတော့တယ်။ အခုလည်း လက်ပံတောင်းတောင်း ကိစ ဖြစ်တယ်။ ကေအိုင်အေ ထ အော်သည်။ အရှက်မရှိတဲ့ မျက်နှာနဲ့ ။ ပြီးတော့ ထိုးစစ်ကို မြင့်တင်လာတယ်။ လက်ပံတောင်း တောင် ပြီးရင် ပိုက်လိုင်း လာမယ် လို့  ပြည်တွင်း မီဒီယာ ဂေါ့ဖားသားကြီး ဒေါက်တာသန်းထွဋ်အောင်နဲ့  အဖွဲ့ က ထအော်တယ်။ တရုတ်တွေ အဲဒါကို ဘာမှ မသိဘူး၊ မမြင်ဘူး လို့  ထင်နေကြပါသလား။ ပြီးတော့ ကေအိုင်အေတွေ ထပြီး ချတော့တာပဲ။ ဒါက တရုတ် နဂါးကြီးရဲ့  ခြိမ်းခြောက်မှု လို့  ဆိုရင် လုံးဝ မမှားဘူး။ တရုတ်က ဘယ်လို တုံ့ ပြန်သလဲ။ ကေအိုင်အေနဲ့  ပြန်ပြီး တုံ့ ပြန်လိုက်တာပဲ။ ဓါးပြသာသာရှိတဲ့ ကေအိုင်အေ ဆိုတဲ့ သစာဖောက်တွေက ပေါက်ဖော်ကြီး ခိုင်းရင် တစ်သွေမတိမ်း လိုက်လုပ်ဖို့ ပဲ သိတယ်။ အခု အန်ကယ်ဆန်ဆိုတဲ့ သိမ်းငှက်ကြီးက သူရဲ့  သံတမန်ကို တရုတ်ကိုလိုနီ ကချင်ပြည်နယ်ကို လွှတ်လိုက်တာ အကြောင်းမဲ့ မဟုတ်ဘူး။ နဂါးကြီး အမြီး ဘာကြောင့် လှုပ်တယ် ဆိုတာ သွားကြည့်တာ မဟုတ်ဘူး ။ မီဒီယာတွေ သတိပြုကြဖို့  လိုပြီ။CSO တွေ အလေးအနက် ထားကြဖို့  လိုပြီ။နိုင်ငံရေးသမားတွေ ဂရုပြုကြဖို့  လိုပြီ။လွှတ်တော်အမတ်တွေ အမြင်ကျယ်ကြဖို့  လိုပြီ။ကေအိုင်အေ ပြောနေတဲ့ အတုအယောင် ငြိမ်းချမ်းရေး စကား၊ မရိုးသား၊ စိတ်ရင်းမမှန်တဲ့ ဟန်ဆောင်မှုတွေကို မြင်အောင်ကြည့်တတ်ကြဖို့  လိုပြီ။ကေအိုင်အေ ပြောသမျှကို နားထောင်တဲ့အခါ သူ့ ပထွေး ပေါက်ဖော်ကြီးရဲ့  နောက်ကွယ်က အသံကိုလည်း ကြားတတ်ကြဖို့  လိုပြီ။အန်ကယ်ဆမ် ဆိုတဲ့ သိမ်းငှက်ကြီးက ဒါကို ထိတွေ့ စမ်းသပ် ထောက်လှမ်းနေပြီ။ အန်ကယ်ဆန်က ပြောထားတာ ရှင်းတယ်။ ကေအိုင်အေနဲ့  အပစ်ရပ် စာချုပ် ချုပ်တာနဲ့ Joint Exercise ကို မြန်မာ-အမေရိကန် လုပ်ဖို့ အထိကို မှန်းထားတာ။ ဘာကြောင့် အန်ကယ်ဆန် ဒီလို ပြောသလဲ။ စဉ်းစားကြဖို့  ကောင်းပြီ။ ကေအိုင်အေကိုလည်း တိုင်းရင်းသားအခွင့်အရေး တောင်းခံနေတဲ့ ရိုးသားတဲ့ ဖိုးသခွါးလေး လို့ ထင်ရင် အမှားကြီး မှားသွားလိမ့်မယ်။ ဒီလောက် တစ်ပြည်လုံး ခြိမ့်ခြိမ့်သဲ ငြိမ်းချမ်းရေး နေကြတာ ကေအိုင်အေ တစ်ခုပဲ အစိုးရက ၃ ဆိုရင် သူတို့  က ၄၊ အစိုးရက ၆ ဆိုရင် သူတို့ က ၉ ပေါ်တင်ကြီး ရှောင်လွှဲနေတာ။ ဒီလောက်ဆိုရင် မြန်မာနိုင်ငံက ပြည်သူတွေ ကေအိုင်အေ၊ ကေအိုင်အေ နောက်က နဂါးကြီးကို နားလည်ကြဖို့  ကောင်းပြီ။ ဆူပါ ပါဝါတွေရဲ့ မဟာဗျူဟာ ဂိမ်းက စနေပြီ။ ဒီဂိမ်းက မြန်မာနိုင်ငံဆိုတဲ့ မြေပုံပေါ်မှာ ဖြစ်နေတာ။ သူတို့ အတွက်ကတော့ ကမာ့မြေပုံပေါ်က မြန်မာနိုင်ငံဆိုတဲ့ နေရာလေးတစ်ခု သက်သက်ပဲ။မြန်မာပြည်သူတွေအတွက်ကတော့ ဒါဟာ စကြာဝဠာထက် ပိုပြီး ကြီးမားတဲ့ အမိမြေကြီး။ မတူနိုင်ပါဘူး။သိမ်းငှက်က ဒီမြေပုံထဲမှာ ရှိတဲ့ နဂါးကြီးရဲ့  ၀ှက်ထားတဲ့ ခြေသည်း လက်သည်းတွေကို လိုက်ရှာနေတာ။ Space ရှာနေတာ။ နဂါးကြီးက လက်ပံတောင်းတောင်လည်း ဖြစ်ရော အစိုးရကို လည်ပင်းညှစ်ဖို့  သူ့ ကျွန်သက်သက်ဖြစ်တဲ့ ကေအိုင်အေကို အချက်ပေးလိုက်တာပဲ။ကေအိုင်အေ က စစ်တိုက်နေတာ ကချင်ပြည်နယ်အတွက် မဟုတ်ဘူး။ ကချင်ပြည်သူတွေအတွက် မဟုတ်ဘူး။ ရှင်းရှင်း ပြောရရင် နဂါးကြီးအတွက် တိုက်ပေးနေတာ။ ကေအိုင်အေ ဘာဖြစ်လို့  ရှိနေတာလဲ။ နဂါးကြီးအတွက် ရှိနေတာ။ကေအိုင်အေက ဘာလဲ။နဂါးကြီးရဲ့  ပဉ္စမံတပ်ဖွဲ့  အဖြစ် ရှိနေတာ။ နဂါးကြီးကတော့ ပဉ္စမံတပ်ဖွဲ့  ခေါင်းဆောင်တွေကို တရုတ်ပြည်ထဲမှာ ကြိုက်တာလုပ် ခွင့်ပြုထားတယ်။ ဟိုတယ်တွေ လုပ်ငန်းတွေ ပိုင်ဆိုင်ခွင့် ပေးထားတယ်။ တံခါးမရှိ ဓါးမရှိ ၀င်ခွင့် ပေးထားတယ်။ဒါဟာ မြစ်ဆုံ- လက်ပံတောင်းတောင်-ပိုက်လိုင်း-CPI-ကေအိုင်အေ-တရုတ်နဂါးကြီး-အန်ကယ်ဆန် စတဲ့ လက်ရှိ အခင်းအကျင်းတွေကို အသေးစိတ် ဂရုစိုက်ပြီး လေ့လာကြည့်ရင် ရှင်းရှင်းကြီး မြင်နိုင်တယ်။ ဒါကိုမှ မမြင်နိုင်သေးရင်- ဒါကိုမှ ဇွတ်အတင်း ကာကွယ်နေသေးရင် သဘောပဲ။ အဓိက ကတော့ မြန်မာ မီဒီယာတွေ- မြန်မာနိုင်ငံရေးသမားတွေ ကလေးအတွေးနဲ့  မကြည့်ဘဲ နဂါးကြီး-သိမ်းငှက် ခြေလှမ်းတွေနဲ့  ချိန်ထိုး ကြည့်တတ်ကြဖို့  လိုပြီ။

Posted by Unknown on Saturday, March 22, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive