Malteser International အဖွဲ့က ငှားရမ်း
ထားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့
 ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရှီ
လမ်းအိမ်အမှတ် (ဂ ရ/၁၄၅)
ဦးအေးထွန်းစိန်၏ နေအိမ်အား
ဒေသခံပြည်သူ ၅၀ ခန့်က မတ် ၂၆ ရက်ည ၈ နာရီခွဲခန့်တွင် ရောက်ရှိလာပြီးခဲများဖြင့်ပစ်ပေါက်ခဲ့ကာ ဖျက်ဆီးခဲ့ကြပြီး အခြားနိုင်ငံခြားသား တည်းခို သည့်နေရာ များတွင်လည်း အလားတူခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်နယ်၊ ခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနာယကဆရာတော်နှင့် သံဃာတော်များက ဝိုင်းဝန်း ထိန်းသိမ်းခဲ့ကြသဖြင့် ည ၁၁ နာရီခွဲတွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် မင်းဘာကြီးလမ်းအိမ်အမှတ် မဘ/၁၉၉ အား အိမ်ပိုင်ရှင် ဖြစ်သူ ဦးထွန်းထွန်းဝင်းက Malteser International အဖွဲ့အား ငှားရမ်းထားခဲ့ပြီး ယင်းအဖွဲ့၏ စီမံကိန်း ညှိနှိုင်းရေးမှူး အမေရိကန်နိုင်ငံသူ Mrs. Yvonne Dunton က ဂိုဒေါင်အဖြစ် အသုံးပြုလျက်ရှိစဉ် အိမ်ရှင် ဦးထွန်းထွန်းဝင်းက အိမ်အပေါ်ထပ် ၀ရန်တာတွင် သာသနာ့အလံလွှင့်ထူခဲ့ကြောင်း၊

 မတ် ၂၆ ရက် ညနေ ၆ နာရီခန့်တွင် Mrs. Yvonne Dunton က အဆိုပါ ဂိုဒေါင်သို့လာရောက်ပြီး သာသနာ့ အလံအားဖြုတ်သိမ်း သွားသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သွား၍ ည ၈ နာရီခွဲခန့်တွင် ယင်းဂိုဒေါင်သို့ ဒေသခံပြည်သူများ ရောက်ရှိ လာခဲ့ပြီး Mrs. Yvonnetm အား ထုတ်ပေးရန် ဝိုင်းဝန်းပြောဆိုကြသဖြင့် ၎င်းသည် ဂိုဒေါင်မှ ၎င်းနေ ထိုင်သည့် ဂေါက်ရှီလမ်း အိမ်အမှတ် ဂရ/၁၄၅ဦးအေးထွန်းစိန်၏နေအိမ်သို့ တိမ်းရှောင်သွားခဲ့ရာ လူ ၅၀ ခန့်နောက်မှလိုက်ပါသွားခဲ့ကြောင်း၊

အဆိုပါ ဒေသခံများက ၎င်း၏ အိမ်သို့ ရောက်ရှိလာကာ၎င်းနှင့် ၎င်း၏ ခင်ပွန်း တို့အား ထုတ်ပေးရန်ပြော ဆိုရာ နေအိမ်ခြံစည်းရိုးသော့ ခတ်ထားသဖြင့် ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက် ခဲ့ကြောင်း သိရှိရသည်။ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များရောက်ရှိလာပြီး လူအုပ်စု များအား လူစုခွဲကာ အမေရိကန်နိုင်ငံ သူနှင့် ခင်ပွန်းတို့အား မော်တော်ယာဉ်ဖြင့် ပြည်နယ် ရဲအကူ တပ်ဖွဲ့ခွဲ ဝင်းရဲရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံများသည် ည ၁၀နာရီခန့်တွင် လူ ၃၀၀ ခန့်အထိ စုစည်းမိပြီးအခြားနိုင်ငံခြားသားများ တည်းခို နေထိုင်လျက် ရှိသည့် ကျောင်းတက် လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးပန်းသာနေအိမ်၊ ဂေါက်ရှီလမ်းရှိ ဦးကျော်သန်း နေအိမ် Malteser ရုံး၊ ဦးဥတ္တမလမ်းရှိ ဦးသန်းအောင်နေအိမ် MSF အဖွဲ့ နေရာ၊ ဂေါက်ရှီလမ်းရှိ ဦးတင်လှိုင်နေအိမ် MSF ရုံး၊ ဦးဥတ္တမလမ်းရှိ ဒေါ်သန်းသန်းမြင့် နေအိမ် Malteser အဖွဲ့တို့အား လိုက်လံ ဖျက်ဆီးခဲ့ကြောင်း၊ ည ၁၁ နာရီခွဲခန့်တွင် ဒေသခံ ၁၀၀ ခန့်သည် စစ်ကဲလမ်းရှိ နိုင်ငံခြား သားများ နေထိုင်သည့် မောင်သိန်းထွန်း နေအိမ် Solidarities အဖွဲ့ နေအိမ်နှင့် OXFAM အဖွဲ့နေအိမ်တို့အား ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးနေသဖြင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အချက် ၁၀၀ ခန့် သတိပေး ပစ်ခတ်ခဲ့ရာ ည ၁၂ နာရီခန့်တွင် လူစုကွဲသွားခဲ့သည်။

အလားတူ မတ် ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံပြည်သူ၂၀၀ ခန့်သည် တုတ်များ၊ ခဲများ ကိုင်ဆောင်၍ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ICRC အဖွဲ့ ငှားရမ်းနေထိုင်သော နေအိမ်အား ဝိုင်းဝန်း ပစ်ခတ်ဖျက်ဆီး မှုကြောင့် နေအိမ်တံခါးများပျက်စီး၍ တိုယိုတာ ယာဉ်တစ်စီး မှန်ကွဲခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ငါးချက်ခန့် သတိပေး ပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း၊ မွန်းတည့် ၁၂နာရီခန့်တွင် ဒေသခံ ၂၀ ခန့်က ပြည်တော်သာရပ်ကွက်၌ ဖွင့်လှစ် ထားသော UNHCR ရုံးအား တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ကွန်ပျူတာပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဒေသခံ၂၀ ဦးခန့်က ပြည်တော်သာရပ် ကွက်၌ဖွင့်လှစ်ထားသော UNHCR ရုံးအားလည်းကောင်း၊ မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် ဒေသခံ ၁၀၀ ခန့်က ပြည်တော်သာ ရပ်ကွက် ခိုင်သဇင် ပန်းခြံအတွင်းရှိ WFP ဂိုဒေါင်အား လည်းကောင်း တုတ်များ၊ ခဲများကိုင်ဆောင် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ၁၅ ချက် ခန့်သတိပေးပစ်ခတ်လူစုခွဲခဲ့ရသည်။

ထိုသို့ဖြစ်ပွားခဲ့မှုများကြောင့် စစ်တွေမြို့ရှိ ရဲရိပ်သာတွင် နိုင်ငံခြားသား၃၂ ဦး၊ မြန်မာနိုင်ငံသားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ရွှေ့ပြောင်းနေရာ ချထားပြီး လုံခြုံရေးဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါဖြစ် စဉ်များတွင် နိုင်ငံတကာအဖွဲ့ အစည်း များနှင့် နိုင်ငံခြားသားများ၏ လုံခြုံရေးအား ရဲတပ်ဖွဲ့ ဝင်များဖြင့် ဆောင်ရွက် ပေး လျက်ရှိပြီးပြည်နယ်၊ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နာယက ဆရာတော်နှင့်သံဃာတော်များက လူအုပ်စုများအား အကြမ်း မဖက်ရန် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊

 ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်၍ လိုအပ်သော အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည် ။


MOI Webportal Myanmar

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive