ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်တွင်းပြည်ပရှိ  မြန်မာ့နိုင်ငံရေးစိတ်ဝင်စားသူများနှင့် သံတမန်များအပေါ် လှုပ်လှုပ်ရှားရှားဖြစ်သွားစေမည့် သတင်းတစ်ခုထွက်ပေါ်ခဲ့သည်။
ထိုသတင်းထွက်ပေါ်လာသည့်အချိန်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်
အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထိုသတင်းမှာ အခြားမဟုတ် ဧရာဝတီသတင်းဌာနနှင့် AP သတင်းဌာနတို့ ပူးပေါင်း၍ ဘင်္ဂလီများကို အစိုးရနှင့်ဒေသခံများက သတ်ဖြတ်နေသည်ဟုဆိုကာ နိုင်ငံတကာသို့  လိမ်လည်ခဲ့သော  သတင်းဖြစ်သည်။ အာဆီယံ အစည်းအဝေး ကျင်းပနေချိန်အတွင်း  အဆိုပါသတင်းထွက်ပေါ်လာခဲ့သည့်အတွက် တက်ရောက်လာသည့် နိုင်ငံခြားသံတမန်များမှ  စိုးရိမ်စိတ်အချို့ဖြစ်ပွားခဲ့သော်လည်း အစိုးရမှ ထိုသတင်းမှာ မဟုတ်မမှန်ကြောင်း၊ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း အချိန်မှီပြန်လည်ဖြေရှင်းနိုင်ခဲ့ပြီး ယမန်နေ့ကလည်း နိုင်ငံပိုင်ရုပ်သံများ မှနေ၍ ကြေငြာခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ဧရာဝတီသတင်းဌာနအနေဖြင့် ဒေသခံနှင့် ရဲများမှ ဘင်္ဂလီများအား ဒါဇင်နှင့်ချီ၍ သတ်ဖြတ်နေသယောင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ ပုံရိပ် ကျဆင်းစေရန်အတွက် ပုံဖော်ရေးသားခဲ့ခြင်းအား ၄င်းတို့၏ အင်္ဂလိပ်စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 
ဧရာဝတီ မြန်မာပိုင်းအစီအစဉ်တွင်မရေးဘဲ အဘယ်ကြောင့် အင်္ဂလိပ်စာမျက်နှာအပိုင်းတွင်ရေးသားခဲ့သနည်း။
အင်္ဂလိပ်ဘာသာနဲ့ ဖြန့်တာက အကြောင်းရှိပါတယ်။ နိုင်ငံတကာကို ပြောချင်တာ။ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ။ နိုင်ငံတကာ အဖွဲ့ အစည်းတွေ။ပြီးတော့ အဓိက အချက်က ဧရာဝတီကို ငွေကြေးထောက်ပံ့ပေးမယ့် အလှူရှင်တွေကိုရည်ရွယ်တာ ဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။
ပထမဆုံးအချက်က ပြည်တွင်းမှာ မီဒီယာတွေ လွတ်လပ်လာပြီ။ အရင်တုန်းကတော့ ဟုတ်တယ်။ပိတ်ထားလို့ ဆင်ဆာရှိလို့။ ဖော်ပြလို့ မရတာတွေ ဧရာဝတီကို အားကိုးနေခဲ့ကြရတယ်။
အခု ဖွင့်လိုက်တော့ ဧရာဝတီ သူတောင်းစား ခွက်ပျောက်တဲ့ကိန်း ဆိုက်သွားရတယ်။
ဒုတိယအချက်က နိုင်ငံတကာ အလှူရှင်တွေက ပြည်တွင်းကို တိုက်ရိုက်ထောက်ပံ့ကူညီတာတွေလုပ်လာတယ်။ ပြည်ပကို သိပ်မပေးတော့ဘူး။ ဒေါ်စုကလည်း ပြောတယ်။ ဦးသိန်းစိန်ကလည်းပြောတယ်။ ပြည်တွင်းကို လှူပါ-အတွင်းကို ကူပါ။ ဒီတော့ ဒိုနာတွေ အာရုံက ပြည်ပက
အတိုက်အခံတွေဆီမှာ မရှိတော့ဘူး။
တတိယအချက်က ပြည်တွင်းကို သူများတွေ ပြန်လာသလို ဧရာဝတီ ပြန်လာရင် ဘာလုပ်လို့ ရမလဲ။သူတို့ ကျွမ်းကျင်တာက အွန်လိုင်း  ၀က်ဆိုက် သက်သက်ပဲ။ စနစ်တကျ မီဒီယာလို မလုပ်တတ်ဘူး။မလုပ်နိုင်ဘူး။ ငွေကြေး အများကြီးလိုတယ်၊ လူ အများကြီးလိုတယ်။ ဒါတွေ မတတ်နိုင်ဘူး။
နံပတ်လေးအချက်က ပြည်တွင်းက ကြီးထွားလာတဲ့ မီဒီယာတွေကို မယှဉ်နိုင်ဘူး။
Eleven, The Voice, Popular, 7 days ဘယ်ဟာပဲ ကြည့်ကြည့် သူတို့ မယှဉ်နိုင်ဘူး။
Sky net, Mrtv-4, Channel-7 ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။
ထို့ကြောင့် ၄င်းတို့ သတင်းဌာနအပေါ် ထောက်ပံ့ကြေးများပြားစွာ ရရှိဖို့အတွက် ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးစု ပေးဖို့ ထောက်ခံရေးသားခဲ့ခြင်း၊ နိုင်ငံတကာမှ ဘင်္ဂလီများအား လူမျိုးတုန်း သတ်ဖြတ်နေသယောင် ပုံဖော်ရေးသားခဲ့ခြင်းများအား တစိုက်မတ်မတ် ပြုလုပ်ခဲ့ပြီး ဒေသခံနှင့် အစိုးရ၀န်ထမ်းများအား စော်ကားရေးသားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။
အစိုးရက သူတို့ကိုထောက်ပြပြောဆိုရင် OIC ကိုလည်း ပြောဦးမယ်။ 
ဧရာဝတီက ရိုဟင်ဂျာဘက်က ရပ်တည်ပေးလို့ နေစရာ စားစရာ မရှိ ဖြစ်နေပါပြီ ဆိုပြီးတော့။
ဒီတော့ OIC ကလည်း ရော့ အင့် ပေးလိုက်မယ်။
ဒါပေမယ့် စိတ်မကောင်းစရာက ခေတ်ချင်း မတူတော့ဘူး ဆိုတာ ဧရာဝတီမေ့နေတယ်။
ပြည်သူအများက အမျိုးသားရေးနဲ့ပတ်သက်လာရင် သွေးစည်းညီညွတ်ကြတယ် ဆိုတာကို 
ဧရာဝတီမေ့လျော့နေခဲ့တယ်။
တကယ်တော့ ပြည်ပမှာရှိသော အတိုက်အခံများ ဆက်လက်ရပ်တည်မှု ခက်ခဲလာကြခြင်းသည် ဒေါ် အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ အစပြုခဲ့ပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group က ယမန်နှစ်က ပြောကြားခဲ့ကာ ထိုကဲ့သို့ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် ၄င်းတို့ သတင်းဌာနရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့သိရပါတယ်။
နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်ကပြောဆိုခဲ့တာလည်း အားလုံးအသိပင်ဖြစ်သည်။
ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း
စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်အာင်ဆန်းစုကြည်ရဲ့
ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေများမှယူရို တစ်သန်းကျော် ဖြတ်တောက်ခံခဲ့ရသည်။
ဧရာဝတီအပါအ၀င် အတိုက်အခံမီဒီယာများသည် လှူဒါန်းရရှိတဲ့ ငွေရဲ့ ငါးပုံ တစ်ပုံကိုသာယင်းတို့၏ လုပ်ငန်း ရည်မှန်းချက်တွေအတွက် အသုံးပြုနေပြီး ကျန်ငွေတွေကို အယ်ဒီတာချုပ်များက ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ အတည်ပြု ပြောဆိုခဲ့ပြီး ထိုကဲ့သို့ ပြည်ပြေး မီဒီယာအဖွဲ့များ၏  ရန်ပုံငွေ အလွဲသုံးစား လုပ်မှုတွေကြောင့် ဧရာဝတီ မီဒီယာ အုပ်စုကို ရန်ပုံငွေ ဖြတ်တောက်ရန် ဒိန်းမတ် အစိုးရက မကြာသေးမီက ရန်ပုံငွေ ဖြတ်တောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့သေးသည်။
သို့ မဟုတ်က သွေးထိုးလှုံ့ ဆော်သူအဖြစ် မြန်မာနိုင်အတွင်း သို့ မဟုတ်ရခိုင်ပြည်နယ်အတွင်း အောင်ဇော်ကို တွေ့ ရလျှင် ၄င်း၏ နောင်ရေးအနာဂါတ်သည် ဇာတ်သိမ်းကောင်းမည်မဟုတ်ချေ ။
ယခုအချိန်တွင် ဧရာဝတီသတင်းဌာနအနေဖြင့် ပြည်တွင်းရှိ မီဒီယာလောကတွင် နေရာတစ်နေရာရရှိရန် ကြိုးစားလျက်ရှိနေပြီး ပြည်တွင်း၊ ပြည်ပရှိ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများအားလုံး ဘင်္ဂလီ ကုလားများနှင့်ပတ်သက်၍ ဧရာဝတီ၏ ရပ်တည်ချက်အမှန်အား သိရှိနိုင်ပါရန် ရေးသားလိုက်ရပါသည်။
ဧရာဝတီ အင်္ဂလိပ်စာမျက်နှာမှ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ မြန်မာပြည်သူတို့အပေါ် နိုင်ငံတကာမှ အထင်မှား အမြင်မှားဖြစ်စေရန် လုပ်ကြံရေးသားခဲ့သော သတင်းတစ်ပုဒ်
AP သတင်းဌာနမှ လိမ်လည်ထုတ်လွင့်ခဲ့သော သတင်း
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများ၏ ဖြေရှင်းချက်အချို့
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် ဒုချီးရားတန်း(အလယ်) ရွာသို့ အရောက် ဘင်္ဂလီများက အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် သေနတ် (၁) လက်၊ ခဲယမ်းအချို့နှင့် အတူ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
 ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်နဝါရီ ၁၄ ရက်က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်ဆလင် အမျိုးသမီးများနှင့် ကလေး ငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ ခန့်ရှိ ကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲဖော်ပြခဲ့သဖြင့် ဇန်နဝါရီ (၁၇)ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းထောက်များအား ယင်းသတင်းဌာနတို့၏ ဖော်ပြချက်မှာ သတင်း မှားများသာဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီးဖြစ်သည်။
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
Arakan Media Group
Popular Posts
Blog Archive