ရန်ကုန်၊ ဇန်န၀ါရီ ၂၂
အင်အားအကြီးမားဆုံး အတိုက်အခံ NLD ပါတီအတွင်း သဘောထားကွဲလွဲမှု များ တဖြည်းဖြည်း ကြီးမားလာနိုင်သည့် အန္တရာယ်များ တွေ့မြင်နေရကြောင်း ပါတီထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေးနိုဗဲဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌတာဝန် ရယူပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည့် NLD ပါတီတွင် ဘာသာရေးသဘောထားကွဲလွဲမှုများ အတွင်းကြိတ်ဖြစ်ပွားလျက် ရှိခဲ့ရာမှ ယခုအခါ အက်ကြောင်းထင်သည့်အဆင့်သို့ ရောက်ရှိလာနေကြောင်း NLD ရုံးချုပ်အတွင်းပိုင်းနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။
NLD ထိပ်ပိုင်းတွင် အနစ်နာခံကာ နိုင်ငံရေးလုပ်ဆောင်ခဲ့သော လူဟောင်းကြီးများနှင့် နောက်ပိုင်းတွင် အကြောင်းအမျိုးဖြင့် ရောက်ရှိလာခဲ့သော နောက်ပိုင်းမင်းသားများ ဟူ၍ နှစ်ပိုင်းကွဲလျက် ရှိကြောင်း သိရှိရသည်။ NLD တွင် အလေးပေးခြင်း မခံရဘဲ နေရာပျောက်ဆုံးလျက်ရှိသော အဖွဲ့မှာ ပညာအရည်အချင်း၊ ငွေကြေး၊ ဥပဒေရေးရာကျွမ်းကျင်မှု တို့တွင် အားနည်းချက်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
" ရွှေဝါရောင် တော်လှန်ရေး စစချင်း ၂၅ စက်တင်ဘာ ညမှာ ဖမ်းခံရတဲ့ ၃၂ယောက်ထဲမှာ NLD ၃၁ ယောက် နဲ့ ကျွန်တော်ပါ။ သံဃာတော်တွေကို နေ့စဉ် ဆွမ်းကပ်၊ လမ်းတလျောက် လုံခြုံရေးယူပေးခဲ့တဲ့ အပြင် မူးမော် လဲသွားတဲ့ သံဃာတွေကို ဆေးလိုက်ကုပေး ခဲ့တာ အားလုံး NLD တွေပါပဲ" ဟာသသရုပ်ဆောင် ဇာဂနာ(ခေါ်)ဦးသူရက မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ ဇာဂနာ၏ ရည်ညွှန်းစကားတွင် ပါဝင်ခဲ့သော အနစ်နာခံ၊ ထောင်ကျတန်းကျခံခဲ့ကြရသော NLD ပါတီဝင်များမှာ ယခုအခါ ဘေးသို့ ရောက်နေသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ကြောင်း၊ ပါတီ ဥက္ကဌနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များတွင် ယခင်ကတည်းက သတ္တိရှိရှိ စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသူများ ယခုအခါ နေရာပျောက်ဆုံးနေပြီ ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော NLD ပါတီဝင် တစ်ဦးက ပြောဆိုသည်။
"ရှင်းရှင်းပဲ ပြောမယ်ဗျာ။ ဇာဂနာ ပြောတဲ့ အဲဒီ NLD ၃၁ ယောက် အခု ဘယ်နေရာမှာလဲ။ လွှတ်တော်အမတ်တွေ ဖြစ်နေပြီလား။ မဖြစ်ပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်တို့ မပြောချင်လို့ မပြောရက်လို့သာ ကြည့်နေတာ၊ ရေငုံနှုတ်ပိတ်နေတာပါ။ မိတ္ထီလာအရေးအခင်းမှာ ဘင်္ဂလီတွေကို သိန်း နှစ်ထောင် လှူတာ ဘယ်သူ့ပိုက်ဆံလဲ။ ဘယ်သူ့ ဆုံးဖြတ်ချက်နဲ့လဲ။ CEC လို ထိပ်ပိုင်းမှာ လူမျိုးခြားတွေ တဖြည်းဖြည်းနဲ့ ကုလားအုပ်ခေါင်းတိုးသလို ကြီးထွားလာနေတာ ဘယ်သူ့ ဆုံးဖြတ်ချက်ကြောင့်လဲ။ ဦးအုန်းကြိုင်က ကျန်းမာရေးအရ ထားတော့။ ဦးဥာဏ်ဝင်းဆိုရင် ဥပဒေသမား၊ ရှေ့နေ။ သူက ဘာဖြစ်လို့ နေရာပျောက်နေသလဲ။ နောက်လာတဲ့ လူမျိုးခြားတွေက နေရာ ရတယ်။ နိုင်ငံရေးအတွေ့အကြုံ ဘာတစ်ခုမှ မရှိတဲ့ သူတွေကို စင်တင်ပေးတယ်။ အခု လွှတ်တော်ထဲမှာ NLD ကဘယ်အမတ်ကဖြင့် တော်လိုက်တာ ဆိုတဲ့ ချီးကျူးစကား ကြားဖူးပါသလား။ ဒီမှာ ကျွန်တော် ပြောမယ်။ ကြံ့ဖွတ်ကို မျက်နှာချိုသွေးဖို့ သက်သက် ရွေးကောက်ပွဲဝင်ခဲ့တာမှ မဟုတ်ဘဲ" ဟု ၄င်းက ပြောသည်။
NLD ၏ ပါတီတွင်း စည်းလုံးညီညွတ်မှုမှာ တဖြည်းဖြည်းချင်း ယိုယွင်းလာနေသည်မှာ စိတ်ပူစရာ ဖြစ်ကြောင်း၊ ဦးဝင်းတင်နှင့် ဦးတင်ဦးကဲ့သို့သော နာယကကြီးများမှာလည်း ချောင်ထိုးခံလာရပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး NLD စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။
"အဘဦးဝင်းတင်ရော၊ ဦးတင်ဦးရော စိတ်မကောင်းစရာ ကောင်းတယ်။ ချောင်ထိုးထားတာဗျ။ အခု ဦးအောင်ရွှေ အိပ်ယာထဲလဲနေတာ ကြာပြီ။ NLD ထဲကို နောက်မှ ရောက်လာတဲ့ လူကြီးအသစ်တွေ ဘာလုပ်ပေးခဲ့သလဲ။ ဘယ်လို ဂါရ၀ ထားကြသလဲ။ အဘ ဦးဝင်းတင် ဆိုရင် အမုန်းခံပြီး တောက်လျှောက် ပြောနေခဲ့တာ။ အခု သူလည်း ရေငုံနှုတ်ပိတ်။ အဓိကကတော့ဗျာ ပါတီရဲ့ ဆုံးဖြတ်ချက်ဆိုတာ CEC မှာ ချရတာ။ ဟိုတစ်နေ့ကပဲ နေပြည်တော်က ဦးဝင်းမြင့်က ဖုန်းဆက်ပြီးး ဘာလုပ်ဘာလုပ်ဆိုပြီး ပြောတာမျိုး ရှိတယ်။ ရန်ကုန်က လူတွေက အသုံးမကျလို့ ဘေးပို့ထားတာလား မေးစရာ ရှိတယ်။ ပြီးတော့ ဦးကိုနီ ကိစ္စ။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် မပြောလိုဘူး။ ပါတီရဲ့ Image ကို ထိခိုက်နိုင်လို့ စဉ်းစားကြဖို့ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းကပြောတယ်။ ဒီတော့ ဦးဥာဏ်ဝင်းက မနာလိုလို့ ပြောတာလို့ ထင်တယ်။ ၀င်း-၀င်းဂိုဏ်းဆိုတာ အမှန်တော့ နှစ်ရှည်လများ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံလာခဲ့တဲ့သူတွေ ချည်းပဲ။ အဘ ဦးဝင်းတင် ပြောတာ ရှင်းရှင်းလေး။ ဦးကိုနီတစ်ယောက်တည်းနဲ့ NLD ပါတီ ဘယ်ဟာကို ရွေးမလဲ။ ဒါပဲ ။ သူပြောတာ ပြတ်တယ်။ နားမလည်စရာလည်း မရှိဘူး။ ပြီးတော့ မိတ္ထီလာမှာ အလှူငွေ သိန်းနှစ်ထောင်ကိစ္စ မပေးသင့်ဘူး ဆိုတာကို ဦးဝင်းတင်ကြေ့ပာတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။ ပေးတာပဲ။ ဒါမျိုးတွေပေါ့ဗျာ" ဟု အဆိုပါ စည်းရုံးရေးမှူးက ပြောသည်။
NLD ပါတီအတွင်း၌ နေပြည်တော်ရှိ လွှတ်တော်အမတ်ဖြစ်သူများက ရန်ကုန် ရုံးချုပ်မှ လူကြီးများကို ဘာမှမသ်ပါဘူး ဟူ၍ သဘောထားနေကြပြီး ရန်ကုန် NLD ရုံးချုပ်ကလည်း နေပြည်တော်အဖွဲ့ကို ကိုယ်ကျိုးရှာအခွင့်အရေးသမားများ ဟု သတ်မှတ်ထားကြောင်း၊ ဤပုံစံအတိုင်းသာ ဆက်လက်ကြာရှည်ဖြစ်ပေါ်နေပါက NLD ပါတီအနေဖြင့် မထွေးနိုင် မအံနိုင်အနေအထားသို့ ရောက်လာတော့မည် ဖြစ်ကြောင်း၊ ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေးကာလများတွင် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော လူဟောင်းများ ဘေးရောက်ပြီး လူသစ်များ နေရာရမှုများ မြင့်တက်လာခြင်းကြောင့် အချိန်မရွေး ပေါက်ကွဲနိုင်သည့် မိုင်းဗုံးတစ်လုံးသဖွယ် ဖြစ်လာနေကြောင်း သိရှိရသည်။
ပြည်သူ့အာဏာ
Read More
ပါလီမန် ဒီမိုကရေစီ စနစ်မှာ နိုင်ငံေ၇းသမားတွေ မဲရဖို့အတွက် မဲဆွယ်ကြ စည်းရုံးကြတာ ထုံးတမ်းစဉ်လာတစ်ခုပါ။ လက်ရှိ အနိုင်ရပါတီကလဲ ကိုယ့်ပါတီ ဆက်လက်ခေါင်းဆောင်နိုင်ရေး စည်းရုံးကြသလို အတိုက်အခံပါတီကလဲ အနိုင်ရရေး မဲဆွယ်ကြ စည်းရုံးကြတာ ၎င်းတို့ ဆောင်ရွက်ရမည့်အချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ ရော အတိုက်အခံေ၇ာဟာ ပြည်သူလူထုကို လှည့်စားခြင်း ၊ ပြည်သူလူထုကို ချနင်းခြင်းဖြင့် ၎င်းတို့နဲ့ အတိုက်အခံဖြစ်သူများ အခက်တွေ့စေရန် လုပ်ဆောင်ခြင်းမျိုးမပြုလုပ်ရန် အလွန်လိုအပ်ပေသည်။ ယခုလောလောဆယ်ပင် ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေခြင်းမျိုး အားလုံးသိရှိကြပေသည်။လက်ရှိအစိုးရ ခေါင်းဆောင် ၀န်ကြီးချုပ် ကလည်း ၎င်းတို့ အာဏာဆက်လက်တည်နိုင်ရေးအတွက် ယခင် နိုင်ငံရေးခေါင်းဆောင်ဟောင်း သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လည် လာနိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် တင်သွင်းသည်။ ယင်းကိစ္စရပ်ကား အစိုးရနှင့် လွှတ်တော် မှာသာ ပြင်ဆင်နိုင်ရန် အခွင့်ရှိသည်။ ၀န်ကြီးချုပ် တင်သွင်းသော်လည်း ပြင်ဆင်မည် ၊ မပြင်ဆင်မည်ကား လွှတ်တော် တွင်သာ ဆုံးဖြတ်ကြလိမ့်မည်။လွှတ်တော်သည် ပြည်သူလူထုက တင်မြှောက်ထားသူ အမတ်များ ဖြစ်သည့်အတွက် နိုင်ငံနှင့် ပြည်သူလူထု အကျိုးအတွက် စဉ်းစားဆုံးဖြတ်ပေလိမ့်မည်။ သို့သော် အတိုက်အခံ ပါတီ က မကျေနပ်၍ တစ်စခန်းထလာသည်။ထောက်ခံသူလူထုကို မြှောက်ပေးပြီး ဘန်ကောက် မြို့တော်ကို ၀ိုင်းဝန်းပိတ်ဆို့ပြီး အစိုးရ ယန္တရား ရပ်ဆိုင်းအောင် ကြိုးစားလာသည်။ အစိုးရကို နှုတ်ထွက်ခိုင်းပြီး အာဏာကို အပ်ခိုင်းသည်။ အတိုက်အခံပါတီ အနေဖြင့် အစိုးရကို ဝေဖန် ပြောဆိုနိုင်သော်လည်း၎င်းတို့အား ထောက်ခံသူ ပြည်သူလူထုကို ဗန်းပြပြီး အနိုင်ရပါတီ နှင့် အစိုးရ အပေါ်တွင် အတင်းအကျပ် ဖိအားပေးခြင်း ခြိမ်းခြောက်ခြင်း မပြုလုပ်သင့်ပေ။ ဒီမိုကရေစီ စနစ်ဖြစ်သည့်အတွက် စတင် ရွေးကောက်ကတည်းက မဲ အများဆုံးရသည့် ပါတီ က အနိုင်ရပြီး အစိုးရ ဖြစ်သည့်အတွက် မဲစနစ်ဖြင့်သာ ဆန္ဒဖော်ထုတ်ရမည် ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများအကျိုးအတွက် မဆောင်ရွက်ပေးနိုင်သော အစိုးရ ဖြစ်လျှင် နိုင်ငံသားများကလည်း နောက်တစ်ကြိမ် ထောက်ခံမည် မဟုတ်ပေ။ ယခုဆိုလျှင် မြို့တော်ဘန်ကောက်တွင် အုပ်ချုပ်ရေး ယန္တရားများ ရပ်တန့်နေသည့်အတွက် နိုင်ငံရေး ၊စီးပွားရေး ထိခိုက်သည်။ အတိုက်အခံနှင့် အစိုးရ အာဏာလုသည့်ကြားထဲတွင် တိုင်းပြည်နှင့် ပြည်သူ၏ အကျိုးစီးပွား ဆုံးရှုံးသည်။ ထိုင်းစစ်တပ်ကလည်း အာဏာသိမ်းရန် ပြင်ဆင်နေပြီ။ အာဏာသိမ်းပြီးလျှင်လည်း ချက်ချင်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဦးမည် မဟုတ်။ အနည်းဆုံး ၂ နှစ်ခန့် အချိန်ယူပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီးမှသာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်လိမ့်မည် ဖြစ်သည်။ ထပ်မံပေါ်ပေါက်လာမည့် အစိုးရသည်လည်း နိုင်ငံရေး စီးပွားရေး ကို အစမှ ပြန်လည် တည်ဆောက်ရပေလိမ့်မည်။
အထက်ပါ အကြောင်းအရာ များမှာ ယခု လတ်တလော ဖြစ်ပျက်နေသော ထိုင်းနိုင်ငံ၏ အဖြစ်အပျက်များသာ ဖြစ်ပါသည်။ ကျွန်တော် ဆိုလိုချင်သည်မှာ ထိုင်းနိုင်ငံရေးမဟုတ်ပေ ကျွန်တော်တို့ နိုင်ငံ နှင့် ပြည်သူ အတွက် အကျိုးစီးပွားသာ ဖြစ်သည်။ ထိုင်းနိုင်ငံ စီးပွားရေး ကျဆင်းသည့် အချိန် ကျွန်တော်တို့ ကြိုးစားကြလျှင် မကြာမှီ အချိန်အနည်းငယ်အတွင်း ထိုင်းနိုင်ငံထက် စီးပွားရေး တိုးတက်လာမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနဲ့ အတူ ယခုအချိန်မှာ အနောက်နိုင်ငံတွေရဲ့ ဆန်ရှင် ရုတ်သိမ်းမှုကြောင့် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာသလို နိုင်ငံတကာ အဆင့်မှီ ဆီးဂိမ်းပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ်အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
အခုလို လျှင်လျှင်မြန်မြန် စနစ်တကျနဲ့တိုးတက်လာတယ်ဆိုတာ သမ္မတကြီးရဲ့ ကြိုးစားမှု မပါဘူးလို့ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အခုမှ ခေတ်သစ် စနစ်သစ်ကို အကူးအပြောင်းကာလသာဖြစ်လို့ အရမ်းမျှော်လင့်ထားလို့တော့မရနိုင်သေးတဲ့အတွက် အားမရသေးသူများလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် အခု ရေတွင်းတူး အခု ရေကြည်သောက်ချင်လို့တော့ ဘယ်ရနိုင်မလဲဗျာ။ စီးပွားရေး ဖွံ့ဖြိုးအောင် ကြိုးစားဦးဆောင်နေသလို နိုင်ငံသားတွေရဲ့ ဆန္ဒကိုလည်း မပြစ်ပယ်ထားဘူးဗျ။ တစ်နိုင်ငံလုံးကန့်ကွက်ခဲ့တဲ့ မြစ်ဆုံ ကိစ္စမှာ ပြည်သူလူထုရဲ့ ဆန္ဒကြောင့်ဆိုပြီး ၇ပ်ပစ်ခဲ့သလို တိုင်းရင်းသား ကိစ္စတွေ မှာလည်း အများ စိုးရွံ့နေတဲ့ကိစ္စ ဖြစ်တဲ့ ဘင်္ဂလီ ကိစ္စကို လည်း ရိုဟင်ဂျာ လူမျိုး ဆိုတာ မြန်မာတိုင်းရင်းသားထဲမှာ ဘယ်တော့မှ မပါခဲ့တဲ့ လူမျိုး၊ ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေပါ ဆိုပြီး အတိအလင်း ဖော်ထုတ် ကြေငြာပေးခဲ့ပါတယ်။ အမျိုး၊ ဘာသာ နဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် အခု ကျွန်တော်တို့မှာ ရှိနေပြီ မဟုတ်လား။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ အားလုံး လိုလားနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ အချိန်ယူတည်ဆောက်မှသာ တကယ်အခြေခိုင်ခိုင်နဲ့ စနစ်တကျ လမ်းကြောင်းမှန်ပေါ်မှာ မယိမ်းမယိုင်ပဲ ရှေ့ကို သွားနိုင်မှာဖြစ်ပါတယ်။
သို့သော် တိုင်းပြည် နဲ့ ပြည်သူ အတွက်စိုးရိမ်ဖွယ်ရာ သတင်းတစ်ခုကတော့ ပေါ်ပေါက်လာပါပြီ ။ အဲဒါကတော့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်သံ စကားတစ်ခွန်းပါပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို အစိုး၇နှင့် တပ်မတော် သဘောမတူပါက လူထုအားဖြင့် ပြင်ဆင်မည်တဲ့။ ကျွန်တော် အထက်မှာ တင်ပြခဲ့သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ် ဆိုတာ လွှတ်တော်မှာပဲ မဲခွဲ ဆုံးဖြတ် အတည်ပြု ရမှာ ဖြစ်ပါတယ်။ ၎င်းကို ထောက်ခံတဲ့ ပြည်သူ လူထု ကို လမ်းပေါ်တင်ဆွဲပြီး လိုရာအချက်ကို တောင်းဆိုမယ် ဆိုလျှင် ယခု ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံေ၇း အခြေအနေ လို ဖြစ်လာမည် ဆိုပါက အားလုံးမျှော်လင့်နေသော ဒီမိုကရေစီသည် ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုသလို သာ ဖြစ်နေပါတော့မည်။
Read More
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်တွင်းပြည်ပရှိ  မြန်မာ့နိုင်ငံရေးစိတ်ဝင်စားသူများနှင့် သံတမန်များအပေါ် လှုပ်လှုပ်ရှားရှားဖြစ်သွားစေမည့် သတင်းတစ်ခုထွက်ပေါ်ခဲ့သည်။
ထိုသတင်းထွက်ပေါ်လာသည့်အချိန်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်
အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထိုသတင်းမှာ အခြားမဟုတ် ဧရာဝတီသတင်းဌာနနှင့် AP သတင်းဌာနတို့ ပူးပေါင်း၍ ဘင်္ဂလီများကို အစိုးရနှင့်ဒေသခံများက သတ်ဖြတ်နေသည်ဟုဆိုကာ နိုင်ငံတကာသို့  လိမ်လည်ခဲ့သော  သတင်းဖြစ်သည်။ အာဆီယံ အစည်းအဝေး ကျင်းပနေချိန်အတွင်း  အဆိုပါသတင်းထွက်ပေါ်လာခဲ့သည့်အတွက် တက်ရောက်လာသည့် နိုင်ငံခြားသံတမန်များမှ  စိုးရိမ်စိတ်အချို့ဖြစ်ပွားခဲ့သော်လည်း အစိုးရမှ ထိုသတင်းမှာ မဟုတ်မမှန်ကြောင်း၊ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း အချိန်မှီပြန်လည်ဖြေရှင်းနိုင်ခဲ့ပြီး ယမန်နေ့ကလည်း နိုင်ငံပိုင်ရုပ်သံများ မှနေ၍ ကြေငြာခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ဧရာဝတီသတင်းဌာနအနေဖြင့် ဒေသခံနှင့် ရဲများမှ ဘင်္ဂလီများအား ဒါဇင်နှင့်ချီ၍ သတ်ဖြတ်နေသယောင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ ပုံရိပ် ကျဆင်းစေရန်အတွက် ပုံဖော်ရေးသားခဲ့ခြင်းအား ၄င်းတို့၏ အင်္ဂလိပ်စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 
ဧရာဝတီ မြန်မာပိုင်းအစီအစဉ်တွင်မရေးဘဲ အဘယ်ကြောင့် အင်္ဂလိပ်စာမျက်နှာအပိုင်းတွင်ရေးသားခဲ့သနည်း။
အင်္ဂလိပ်ဘာသာနဲ့ ဖြန့်တာက အကြောင်းရှိပါတယ်။ နိုင်ငံတကာကို ပြောချင်တာ။ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ။ နိုင်ငံတကာ အဖွဲ့ အစည်းတွေ။ပြီးတော့ အဓိက အချက်က ဧရာဝတီကို ငွေကြေးထောက်ပံ့ပေးမယ့် အလှူရှင်တွေကိုရည်ရွယ်တာ ဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။
ပထမဆုံးအချက်က ပြည်တွင်းမှာ မီဒီယာတွေ လွတ်လပ်လာပြီ။ အရင်တုန်းကတော့ ဟုတ်တယ်။ပိတ်ထားလို့ ဆင်ဆာရှိလို့။ ဖော်ပြလို့ မရတာတွေ ဧရာဝတီကို အားကိုးနေခဲ့ကြရတယ်။
အခု ဖွင့်လိုက်တော့ ဧရာဝတီ သူတောင်းစား ခွက်ပျောက်တဲ့ကိန်း ဆိုက်သွားရတယ်။
ဒုတိယအချက်က နိုင်ငံတကာ အလှူရှင်တွေက ပြည်တွင်းကို တိုက်ရိုက်ထောက်ပံ့ကူညီတာတွေလုပ်လာတယ်။ ပြည်ပကို သိပ်မပေးတော့ဘူး။ ဒေါ်စုကလည်း ပြောတယ်။ ဦးသိန်းစိန်ကလည်းပြောတယ်။ ပြည်တွင်းကို လှူပါ-အတွင်းကို ကူပါ။ ဒီတော့ ဒိုနာတွေ အာရုံက ပြည်ပက
အတိုက်အခံတွေဆီမှာ မရှိတော့ဘူး။
တတိယအချက်က ပြည်တွင်းကို သူများတွေ ပြန်လာသလို ဧရာဝတီ ပြန်လာရင် ဘာလုပ်လို့ ရမလဲ။သူတို့ ကျွမ်းကျင်တာက အွန်လိုင်း  ၀က်ဆိုက် သက်သက်ပဲ။ စနစ်တကျ မီဒီယာလို မလုပ်တတ်ဘူး။မလုပ်နိုင်ဘူး။ ငွေကြေး အများကြီးလိုတယ်၊ လူ အများကြီးလိုတယ်။ ဒါတွေ မတတ်နိုင်ဘူး။
နံပတ်လေးအချက်က ပြည်တွင်းက ကြီးထွားလာတဲ့ မီဒီယာတွေကို မယှဉ်နိုင်ဘူး။
Eleven, The Voice, Popular, 7 days ဘယ်ဟာပဲ ကြည့်ကြည့် သူတို့ မယှဉ်နိုင်ဘူး။
Sky net, Mrtv-4, Channel-7 ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။
ထို့ကြောင့် ၄င်းတို့ သတင်းဌာနအပေါ် ထောက်ပံ့ကြေးများပြားစွာ ရရှိဖို့အတွက် ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးစု ပေးဖို့ ထောက်ခံရေးသားခဲ့ခြင်း၊ နိုင်ငံတကာမှ ဘင်္ဂလီများအား လူမျိုးတုန်း သတ်ဖြတ်နေသယောင် ပုံဖော်ရေးသားခဲ့ခြင်းများအား တစိုက်မတ်မတ် ပြုလုပ်ခဲ့ပြီး ဒေသခံနှင့် အစိုးရ၀န်ထမ်းများအား စော်ကားရေးသားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။
အစိုးရက သူတို့ကိုထောက်ပြပြောဆိုရင် OIC ကိုလည်း ပြောဦးမယ်။ 
ဧရာဝတီက ရိုဟင်ဂျာဘက်က ရပ်တည်ပေးလို့ နေစရာ စားစရာ မရှိ ဖြစ်နေပါပြီ ဆိုပြီးတော့။
ဒီတော့ OIC ကလည်း ရော့ အင့် ပေးလိုက်မယ်။
ဒါပေမယ့် စိတ်မကောင်းစရာက ခေတ်ချင်း မတူတော့ဘူး ဆိုတာ ဧရာဝတီမေ့နေတယ်။
ပြည်သူအများက အမျိုးသားရေးနဲ့ပတ်သက်လာရင် သွေးစည်းညီညွတ်ကြတယ် ဆိုတာကို 
ဧရာဝတီမေ့လျော့နေခဲ့တယ်။
တကယ်တော့ ပြည်ပမှာရှိသော အတိုက်အခံများ ဆက်လက်ရပ်တည်မှု ခက်ခဲလာကြခြင်းသည် ဒေါ် အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ အစပြုခဲ့ပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group က ယမန်နှစ်က ပြောကြားခဲ့ကာ ထိုကဲ့သို့ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် ၄င်းတို့ သတင်းဌာနရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့သိရပါတယ်။
နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်ကပြောဆိုခဲ့တာလည်း အားလုံးအသိပင်ဖြစ်သည်။
ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း
စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်အာင်ဆန်းစုကြည်ရဲ့
ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေများမှယူရို တစ်သန်းကျော် ဖြတ်တောက်ခံခဲ့ရသည်။
ဧရာဝတီအပါအ၀င် အတိုက်အခံမီဒီယာများသည် လှူဒါန်းရရှိတဲ့ ငွေရဲ့ ငါးပုံ တစ်ပုံကိုသာယင်းတို့၏ လုပ်ငန်း ရည်မှန်းချက်တွေအတွက် အသုံးပြုနေပြီး ကျန်ငွေတွေကို အယ်ဒီတာချုပ်များက ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ အတည်ပြု ပြောဆိုခဲ့ပြီး ထိုကဲ့သို့ ပြည်ပြေး မီဒီယာအဖွဲ့များ၏  ရန်ပုံငွေ အလွဲသုံးစား လုပ်မှုတွေကြောင့် ဧရာဝတီ မီဒီယာ အုပ်စုကို ရန်ပုံငွေ ဖြတ်တောက်ရန် ဒိန်းမတ် အစိုးရက မကြာသေးမီက ရန်ပုံငွေ ဖြတ်တောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့သေးသည်။
သို့ မဟုတ်က သွေးထိုးလှုံ့ ဆော်သူအဖြစ် မြန်မာနိုင်အတွင်း သို့ မဟုတ်ရခိုင်ပြည်နယ်အတွင်း အောင်ဇော်ကို တွေ့ ရလျှင် ၄င်း၏ နောင်ရေးအနာဂါတ်သည် ဇာတ်သိမ်းကောင်းမည်မဟုတ်ချေ ။
ယခုအချိန်တွင် ဧရာဝတီသတင်းဌာနအနေဖြင့် ပြည်တွင်းရှိ မီဒီယာလောကတွင် နေရာတစ်နေရာရရှိရန် ကြိုးစားလျက်ရှိနေပြီး ပြည်တွင်း၊ ပြည်ပရှိ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများအားလုံး ဘင်္ဂလီ ကုလားများနှင့်ပတ်သက်၍ ဧရာဝတီ၏ ရပ်တည်ချက်အမှန်အား သိရှိနိုင်ပါရန် ရေးသားလိုက်ရပါသည်။
ဧရာဝတီ အင်္ဂလိပ်စာမျက်နှာမှ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ မြန်မာပြည်သူတို့အပေါ် နိုင်ငံတကာမှ အထင်မှား အမြင်မှားဖြစ်စေရန် လုပ်ကြံရေးသားခဲ့သော သတင်းတစ်ပုဒ်
AP သတင်းဌာနမှ လိမ်လည်ထုတ်လွင့်ခဲ့သော သတင်း
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများ၏ ဖြေရှင်းချက်အချို့
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် ဒုချီးရားတန်း(အလယ်) ရွာသို့ အရောက် ဘင်္ဂလီများက အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် သေနတ် (၁) လက်၊ ခဲယမ်းအချို့နှင့် အတူ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
 ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်နဝါရီ ၁၄ ရက်က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်ဆလင် အမျိုးသမီးများနှင့် ကလေး ငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ ခန့်ရှိ ကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲဖော်ပြခဲ့သဖြင့် ဇန်နဝါရီ (၁၇)ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းထောက်များအား ယင်းသတင်းဌာနတို့၏ ဖော်ပြချက်မှာ သတင်း မှားများသာဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီးဖြစ်သည်။
Read More
တချိန်က မှိုပေါက်သလိုများပြားလှတဲ့ လက်နက်ကိုင်တွေကို စစ်အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မလှုပ်နိုင်အောင် ဖိထားခဲ့တာပါအင်အားနည်းအောင
် ပြည်မကိုရန်မရှာနိုင်အောင် ရဲဘော်လေးတွေအသက်
ပေါင်းများစွာနဲ့ ပေးဆပ်ပြီး အမိအရဖိထားနိုင်ခဲ့ပါတယ်စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလဲအများအပြား
ရှိသလိုစစ်အုပ်ချုပ်ရေးကြောင့် အောက်ပါအဖွဲ့အစည်းတွေ ငြိမ်သက်သွားရတာကိုတော့ မြန်မာနိုင်ငံသား
တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့
အဖွဲ့ဆိုတာက သောင်းကျန်းသူဆန့်ကျင်ရေးခေါင်းစဉ်နဲ့ ကျေးရွာကြီးတွေမှာ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်တချို့တွေကတော့ တပ်မတော်အောက်ကို BGF တပ်ရင်းများအဖြစ် သစ္စာခံလိုက်ကြပြီဖြစ်ပါတယ်
ဒါ့ကြောင့် နိုင်ငံရေးသမားများ ပြည်မမှာပဲနေပြီး နိုင်ငံရေးစတန့်မထွင်ဖို့ဘာသာရေး လူမှုရေးကိစ္စလို မျိုးတွေနဲ့အချိန်မရွေး တောခိုသွားနိုင်တဲ့ ဒီလိုအဖွဲ့တွေရှိတယ်ဆိုတာ သိထားဖို့ကိုတခုခုဖြစ်ရင် အသေခံတိုက်ရတဲ့ ရဲဘော်လေးတွေကိုယ်စားပြောပြလိုက်ရပါတယ်
ကိုဆေး 
From :https://www.facebook.com/photo.php?fbid=624696254234365&set=a.611794258857898.1073741883.477299495640709&type=1 
Read More
Related Posts Plugin for WordPress, Blogger...
Arakan Media Group
Popular Posts
Blog Archive