From : .YMG


 မွန်ပြည် နယ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၏ ငွေကြေးအလွဲသုံးမှု၊ ဒီမို ကရေစီနည်း လမ်း တကျ ရွေးချယ် ခြင်း မရှိမှုနှင့် နှိမ်ချခွဲခြားဆက် ဆံခံနေမှုလုပ်ရပ်များအပေါ် ကန် သာယာရပ် ကွက်မှNLD ပါတီ ဝင်များက သည်းခံ နိုင်စွမ်းမရှိ သဖြင့် အောက်တိုဘာ ၃၁ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် ရပ်ကွက် ပါတီရုံးခန်း၌ အစည်း အဝေးပြု လုပ်၍ စုပေါင်းနုတ်ထွက်ကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ရပ်ကွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်ယင်းမာ မြင့်က မြို့နယ် ပါတီတာဝန်ရှိသူ များ၏လုပ်ရပ်များကို ရှင်းလင်း တင်ပြခဲ့ပြီး ရပ်ကွက်ပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကော်မရှင် အဖွဲ့ ရွေးချယ်စဉ် ကပင် နည်းလမ်း မကျခဲ့သောလုပ်ရပ်များ၊ အလွဲ သုံးစားပြုထား သည့် ငွေကြေးကိစ္စ များကို အစည်းအဝေးတက်ရောက် လာသူများအား တင်ပြခဲ့သည်။

ရပ်ကွက်အမှုဆောင်ကော် မတီဝင် ဦးချစ်ကိုနှင့် ဦးဟန်ထွေး တို့က ပါတီအတွင်း ဒီမိုကရေစီ လမ်းစဉ်နှင့် သွေဖည် လုပ်ဆောင် နေသော ကိစ္စရပ်များကိုလည်း ကောင်း၊ ရပ်ကွက်ပါတီအတွင်း ရေးမှူးက ပါတီဥက္ကဋ္ဌ ၏ ငွေစာ ရင်းရှင်းတမ်းကို မကျေနပ်၍ ပါတီ တာဝန်ရှိသူ အဆင့်ဆင့်ထံ ကန့် ကွက်တင်ပြသော် လည်း အောက် ခြေပါတီ ဝင်များ၏ ဆန္ဒကိုလျစ် လျူရှုနေသော ကိစ္စရပ်များကို ရှင်း လင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက် လာသောပါတီဝင်များက မြို့နယ် အဆင့်ပါတီဝင် များ၏ လုပ်ဆောင် နေမှုများအပေါ် မိမိတို့၏မကျေ နပ်ချက်များကို တင်ပြကြပြီး ရှေ့ ဆက်ရပ်တည်မည့် ကိစ္စရပ်များ ကို သဘောထားတောင်း ခံမှုပြု လုပ်ရာ တက်ရောက် လာကြသော ပါတီဝင်များက ပါတီဝင်အဖြစ် မှ နုတ်ထွက်၍ ပါတီဆိုင်းဘုတ်ကို အခြားသူများအား လွှဲပြောင်းပေး အပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 .
. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive