ဒေါ်စု -> ကဲ ရှင်တို့ ဘာတွေ ဖြစ်နေကြတာလဲ၊ ဘာတွေ မကျေနပ်နေတာလဲ။

ဦးညွှန့်လှိုင် -> လေဒီကို ကျွန်တော်လေးစားပါတယ်၊ မြို့နယ်ရုံးမှာ ရပ်ကျေးတွင် အစည်းအဝေး လုပ်ပြီး ကော်မရှင်ရွေးဖို့ (၄၈) ယောက် တင်ပြ ပါတယ်။ အဲဒီ အထဲက (၈) ယောက်ဘဲပါတယ် ကျန်တဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ မသိတဲ့ လူစိမ်း လူသစ်တွေ ပါနေတယ် အဲဒါကိုက အတည်ပြု လိုက်တာ လို့ သိရတော့ ဗဟိုကော်မရှင် လုပ်ရပ်က ဒီမိုကရေစီ မကျဘူး အဲဒါကို လေဒီကို တင်ပြတာပါ။


ဒေါ်စု -> အခုပါတဲ့ လူတွေက ညီလာခံ ကော်မရှင် အရည်အချင်း ပျက်ယွင်းနေ သူတွေလား၊ ပျက်ယွင်းနေ တယ် ဆိုရင် အထောက်အထားနဲ့ တကွတင်ပြပါ။ လူဟောင်း လူသစ်ကိစ္စ လာမပြောနဲ့ အနှစ် ၂၀ အနစ်နာခံ တာတွေ လာမပြောနဲ့ ဘ၀ပျက်တာတွေ လာမပြောနဲ့၊ နောက်မိန်းမ ယူတာတွေ လာမပြောနဲ့၊ သားဖြစ်သူက အရက်မူပြီး ရုံးကို လာရမ်း တာတွေလာမပြောနဲ့ နေ့တိုင်းလာရမ်းတာ ဆိုရင်တော့ သက်ဆိုင်ရာကို တိုင်ပေါ့။ လူသစ်ဖြစ်ပါစေ၊ ကျွန်မ အတွက်အထောက်အကူ ဖြစ်တယ်၊ အလုပ်လုပ်တယ် ဆိုရင် ကျွန်မ အနားမှာ ထားတာဘဲ၊ ဒေါက်တာ တင်မာအောင် ပါတီဝင်တာ ဘယ်လောက် ကြာပြီလဲ။

Drတင်မာအောင် -> ၂ လရှိပါပြီ။








Thway Thit Sar

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive