From : ..YMG


လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့အ နေဖြင့် တိုက်ခိုက်ရေးယာဉ်နှင့် လက်နက်များကို ရုရှားနှင့်တရုတ် တို့ထံမှထပ်မံဝယ်ယူသွားရန် စီ စဉ်ထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်  သတင်းစာသို့ ထုတ်ဖော်ပြောသည်။

ယင်းကဲ့သို့ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်မှ ဝယ်ယူသွား မည်ဖြစ်ပြီး ယင်းရဲတပ်ဖွဲ့နှစ်ခုအ တွက် လိုအပ်သည့်ရေယာဉ်များ၊ လက်နက်ခဲယမ်းများ၊ နည်းပညာ မြင့် လုံခြုံရေးသုံး စက်ပစ္စည်း များ နှင့် အခြားလိုအပ်သည့်ပ
စ္စည်း ကိရိယာ များကို ယခုနှစ်အတွင်း ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ''နိုင်ငံတော်လုံခြုံရေးအတွက် အ ဓိကဝယ်ယူတာပါ။ နှစ်ဖက်ဆွေး နွေးမှုတွေလုပ်နေတယ်။ လိုအပ် တဲ့ တိုက်ခိုက်ရေး၊ ကာကွယ်ရေး မှာ ထိရောက်တဲ့၊ နည်းပညာမြင့် တဲ့ပ
စ္စည်းတွေကိုပဲ ဝယ်ယူမှာ ပါ။ ဘယ်လောက်တန်ဖိုး ဝယ်မလဲဆို တာတော့ စိစစ်တုန်းပဲ''ဟု ပြော သည်။ ယင်းကဲ့သို့ ရေကြောင်း၊ လေကြောင်းရဲတပ်ဖွဲ့သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အသစ် ထပ်မံဖွဲ့လိုက်သော အဖွဲ့အစည်း များဖြစ်ပြီး ယင်းဌာနများ ရှိအဆင့် မြင့်အရာရှိကြီး အတော်များများ သည် တပ်မှပြောင်းလာသူများ ဖြစ်ကြောင်း သိရသည်။
 

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive