From : ..Coral Arakan News


ယနေ့ညနေ ၆နာရီခန့်က ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီးသုံးဦး ငါးရှာသွားစဉ် အနီးရှိ ငှက်ချောင်းကျေးရွာမှ ကုလာများ ရောက်လာပြီး အကြမ်းဖက် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယူလာရကြောင်း သိရသည်။

လှံထိုးဒဏ်ရာဖြင့် သေဆုံးသူမှ မလှခင် (၃၀နှစ်)ဖြစ်ပြီး ဒဏ်ရာရသူမှာ မမေသန်းခင် (၁၈နှစ်)ဖြစ်ကြောင်း သိရသည်။

ဤဖြစ်စဉ် မဖြစ်မီ ညနေ သုံးနာရီခန့်က ဆင်တမော် ကုလားဒုက္ခသည် စခန်းမှ ကုလားများသည် ဆင်တမော်ရှိ ဘုန်းတော်ကြီးကျောင်းပိုင် နေရာများသို့ ထင်းရှာရန် လာသော ကုလားများကို ရွာရှိလူများက ထင်းမခုတ်ရန် တားသောအခါ ကုလားများက အုပ်စုလိုက် ၀ိုင်းလာကြသည်။ လုံခြုံရေးများက လှမ်းတားသဖြင့် ကုလားတစ်ယောက် ဒဏ်ရာ ရသွားသည်ဟု သိရသည်။

ဒဏ်ရာရသော ကုလားအတွက် ကုလားအားပေး NGO ဖြစ်သည့် ICRC မှ အမြန်ဘုတ်ဖြင့် သယ်ယူပေးပြီး ဆင်အိုင်ရွာမှ ဒဏ်ရာရသော တိုင်းရင်းသား အမျိုးသမီးငယ် အတွက်မူ မည်သို့မှ စီစဉ်ပေးခြင်း မရှိဟု သိရသည်။

ဆင်တမော် ငှက်ချောင်း ကုလာရွာများသည် ပဋိပက္ခဖြစ်သော အခြားနေရာမှ ကုလားများပါ နေထိုင် လာကြသဖြင့် လူဦးရေ အဆမတန် များပြားလာပြီး အနီးအနားရှိ ရခိုင်များအတွက် လုံခြုံရေးအားနဲကာ သက်မွေးဝမ်းကြောင်း အလုပ်များပင် မလုပ်နိုင် ဖြစ်နေကြရသည်။

ကုလားများသည် OIC မြန်မာနိုင်ငံသို့ လာမည့်အချိန်နှင့် တိုက်ဆိုင်စွာ ပြသနာလုပ်နေကြာင်း ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။



Photo:  Coral Arakan News

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive