From : ..YMG


 ရခိုင်ပြည် နယ် ပေါက်တောမြို့နယ်တွင် နို ဝင်ဘာ ၂ရက်က ဒေသခံအမျိုးသမီးတစ်ဦးအသတ်ခံရမှုတွင် ကျူး လွန်ခဲ့သူများကို မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ လုံထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေ ခံတပ်ရင်းတပ်ဖွဲ့တို့ ပူးပေါင်းရှာ ဖွေစုံစမ်းနေကြောင်း သိရသည်။

အမှုကျူးလွန်ခဲ့သူများမှာ နိုဝင်ဘာ ၂ရက် ညနေပိုင်းတွင် ဆင်တက်မော်ကျေးရွာအုပ်စု ဆင် အိုင်ကျေးရွာမှ ငါးရှာထွက်လာ သည့် ဒေသခံအမျိုးသမီးအုပ်စုကို ဓား၊ လှံလက်နက်များဖြင့် တိုက် ခိုက်ရာ အမျိုးသမီးတစ်ဦးပွဲချင်း ပြီးသေဆုံးပြီး ကျန်အမျိုးသမီး တစ်ဦးတွင် ပြင်းထန်စွာဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

အမှုကျူးလွန်သူများမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေး လွတ်မြောက်နေ သည့် အတွက် ယင်းတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၊ လုံထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့ ပူး ပေါင်းကာ ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုစလုံးကို လိုက်လံရှာဖွေ စုံစမ်း နေကြောင်း ပေါက်တောမြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အမှုကျူးလွန်သူ သုံးဦးလို့ ကျွန်တော်တို့ သတင်းရထားပါ တယ်။ သူတို့တွေကို ဖမ်းမမိသေး ဘူး။ ကျွန်တော်တို့အားလုံး ပူး ပေါင်းပြီး ရေကြောင်းရော၊ ကုန်း ကြောင်းပါ ရှာဖွေစုံစမ်းနေပါ တယ်''ဟု အထက်ပါတာဝန်ရှိသူ က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ နိုဝင်ဘာ ၃ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive