လီကွမ်ယူပြောတဲ့ မွတ်စလင်တွေအကြောင်း ။။။။။။။။။။။။။။  အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကို သွားကြည့်။ မွတ်စလင်တွေ စားလို့ရတဲ့ အသား၊ စားလို့မရတဲ့အသားတွေ ကွဲပြားနေပြီ(့halal and non-halal) စားရင်လည်း အတူတူ တွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေး အကွဲအပြဲတွေ ဖြစ်ကုန်မှာ။  ကျောင်းတွေမှာ သူတို့ ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေ ဖြစ်နေတယ်။ မလေးရှား ရဲတွေတောင် ခေါင်းစွပ်နဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေ ဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တချို့ ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။ ငါတို့ဘက်ကလည်း ရပ်တည်ချက် ခိုင်မာမှ ရမယ်။ ငါက ပြောတယ်၊ ဒါက ကျောင်းဝတ်စုံ မဟုတ်ဘူး၊ စာသင်ခန်း ရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွပ်ရဘူး၊ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင် ၀တ်လို့။  မွတ်စလင်တွေရဲ့ သီးသန့်ဆန်တဲ့ ခွဲခြားမှုတွေဟာ ကမ္ဘာအနှံ့ ရိုက်ခတ်လာနိုင်တဲ့ ပြဿနာတွေပဲ။  ရေနံချမ်းသာတဲ့ နိုင်ငံတွေက သူတို့ဘာသာရေး ပုံသွင်း ထားတာကို တခြားနိုင်ငံတွေထဲကို ဆွဲသွင်းဖို့ ကြိုးစား ကတည်းက ဒါကို ငါ ကြိုမြင်နေခဲ့တာ၊ အထူးသဖြင့် ဆော်ဒီအစ္စလာမ် ၀ါဟာဘီအစ္စလာမ်တွေပဲ။ သူတို့က ပိုက်ဆံရှိတော့ ကမ္ဘာအနှံ့ ဗလီတွေ လိုက်ဆောက်ကြတယ်။  ဆော်ဒီဆိုရင် မွတ်စလင်ရှိတဲ့နေရာတိုင်း ဗလီတွေ လိုက်ဆောက်ပေးပြီး သူတို့ တရားဟောဆရာတွေ လွှတ်တယ်။ သူတို့ တရားဟောဆရာတွေကို ဒီက လက်မခံဘူး၊ ငါတို့က ဒီမှာ နိုင်ငံခြားက တရားဟောဆရာတွေ ခေါ်မသွင်းဖို့ Muis (စင်္ကာပူအစ္စလာမ်ဘာသာရေးကောင်စီ)နဲ့ သဘောတူထားကြတယ်။  ဆော်ဒီမှာ ရေနံတွေ အားလုံး ခန်းခြောက်သွားရင်တော့ မွတ်စလင်တွေ အချိုးပြောင်းချင် ပြောင်းလိမ့်မယ်။  သူတို့က ဒေသခံတွေနဲ့ လူမှုရေး အတူပေါင်းလုပ်လို့ မရဘူးကွာ။ အိမ်နီးချင်း သူ့ဟာ ကိုယ်စား၊ ကိုယ့်ဟာ သူစား လုပ်လို့ မရဘူးကွာ။ ဘာသာပါ ပြောင်းပေးရဦးမယ် ဆိုတော့ သူတို့နဲ့ လက်ထပ်ဖို့ ဆိုတာလည်း မရှိသလောက်ပါပဲ။  အစ္စလာမ်တွေ များမလာခင်အထိ ငါတို့ နိုင်ငံဟာ အေးအေးချမ်း ချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကို မေးရင် ဒီ့ပြင် လူတွေက အချင်းချင်း ရောနှောလို့ ရတယ်။ မိတ်ဆွေဖွဲ့လို့ ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်စလင်တွေကျတော့ အဲသလို မဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေ ကြောင့်ပဲ။  မင်းက မွတ်စလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်စလင် လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်စလင် မဟုတ်သူ တစ်ယောက်အတွက် အတော် ခက်တဲ့ကိစ္စကြီးပဲ။ ဆိုလိုတာက (Life Style)တွေ အကုန်လုံး ပြောင်းရတာ။ မင်း ဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရဖတ်ရတာလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။  လက်ရှိအခြေအနေအရ ငါ ပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ္စလာမ်က လွဲရင်ပေါ့။  ဘစ်ကားပေါ်မှာတောင် မွတ်စလင်တစ်ယောက်ကိုမြင်ရင် ကျန်တဲ့သူတွေက ဘေးရှောင် ထွက်သွားကြတာပဲ၊ သူ့မှာ ဗုံး ပါချင်ပါလာမှာဆိုတဲ့ သံသယက ရှိနေတာ။  ဗြိတိသျှတွေမှာ ယုံကြည်မှု တည်ဆောက်ရေး ကောင်စီဆိုတာ ရှိတယ်။ ဒါပေမယ့် ဗြိတိသျှ ထောက်လှမ်းရေးက ဗြိတသျှမှာ ဂျီဟတ်လို့ ယုံကြည်ရသူပေါင်း (၂၀၀၀၀)လောက် ရှိပြီး သူတို့ကို စောင့်ကြည့်နေရတယ်လို့ ကြေညာခဲတယ်။ လူနည်းစု ဂျီဟတ်တွေဟာ လူ့အဖွဲ့စည်း တစ်ခုလုံးမှာ ရှိနေတဲ့ ဟာမိုနီတွေ ပျက်စီးသွားအောင် လုပ်နိုင်တယ်။  ဇင်ဝေသော် ဘာသာပြန်သော (နားဝင်မချိုသောအမှန်တရားများစာအုပ်)-မှ via @[141704712687831:274:သမ္မတရုံးမှ လျှို့ဝှက်သတင်းများ]
လီကွမ်ယူပြောတဲ့ မွတ်စလင်တွေအကြောင်း
။။။။။။။။။။။။။။

အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကို သွားကြည့်။ မွတ်စလင်တွေ စားလို့ရတဲ့ အသား၊ စားလို့မရတဲ့အသားတွေကွဲပြားနေပြီ(့halal and non-halal) စားရင်လည်း အတူတူ တွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေး အကွဲအပြဲတွေဖြစ်ကုန်မှာ။

ကျောင်းတွေမှာ သူတို့ ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှား ရဲတွေတောင် ခေါင်းစွပ်နဲ့ဆိုတော့သူတို့လည်း စွပ်ရမယ်လို့ ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း
တဖြည်းဖြည်းနဲ့ ခေါင်းတွေ ဖုံးလာကြပြီ။ အကုန်လုံးတော့မဟုတ်ဘူး။ တချို့ ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။ငါတို့ဘက်ကလည်း ရပ်တည်ချက် ခိုင်မာမှ ရမယ်။ငါက ပြောတယ်၊ ဒါက ကျောင်းဝတ်စုံ မဟုတ်ဘူး၊ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွပ်ရဘူး၊ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင် ၀တ်လို့။ မွတ်စလင်တွေရဲ့ သီးသန့်ဆန်တဲ့ ခွဲခြားမှုတွေဟာ  ကမ္ဘာအနှံ့ ရိုက်ခတ်လာနိုင်တဲ့ ပြဿနာတွေပဲ။ ရေနံချမ်းသာတဲ့ နိုင်ငံတွေက သူတို့ဘာသာရေး ပုံသွင်း ထားတာကို တခြားနိုင်ငံတွေထဲကို ဆွဲသွင်းဖို့ ကြိုးစားကတည်းက ဒါကို ငါ ကြိုမြင်နေခဲ့တာ၊ အထူးသဖြင့် ဆော်ဒီအစ္စလာမ် ၀ါဟာဘီအစ္စလာမ်တွေပဲ။ သူတို့ကပိုက်ဆံရှိတော့ ကမ္ဘာအနှံ့ ဗလီတွေ လိုက်ဆောက်ကြတယ်။

ဆော်ဒီဆိုရင် မွတ်စလင်ရှိတဲ့နေရာတိုင်း ဗလီတွေလိုက်ဆောက်ပေးပြီး သူတို့ တရားဟောဆရာတွေ လွှတ်တယ်။သူတို့ တရားဟောဆရာတွေကို ဒီက လက်မခံဘူး၊ ငါတို့က  ဒီမှာ နိုင်ငံခြားက တရားဟောဆရာတွေ ခေါ်မသွင်းဖို့Muis (စင်္ကာပူအစ္စလာမ်ဘာသာရေးကောင်စီ)နဲ့
သဘောတူထားကြတယ်။ ဆော်ဒီမှာ ရေနံတွေ အားလုံး ခန်းခြောက်သွားရင်တော့ မွတ်စလင်တွေ အချိုးပြောင်းချင် ပြောင်းလိမ့်မယ်။

သူတို့က ဒေသခံတွေနဲ့ လူမှုရေး အတူပေါင်းလုပ်လို့မရဘူးကွာ။ အိမ်နီးချင်း သူ့ဟာ ကိုယ်စား၊ ကိုယ့်ဟာ
သူစား လုပ်လို့ မရဘူးကွာ။ ဘာသာပါ ပြောင်းပေးရဦးမယ်ဆိုတော့ သူတို့နဲ့ လက်ထပ်ဖို့ ဆိုတာလည်း မရှိသလောက်ပါပဲ။

အစ္စလာမ်တွေ များမလာခင်အထိ ငါတို့ နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင် ဒီ့ပြင် လူတွေက အချင်းချင်း ရောနှောလို့ ရတယ်။
မိတ်ဆွေဖွဲ့လို့ ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ ရတယ်။အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်းဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်စလင်တွေကျတော့
အဲသလို မဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်စလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်းမွတ်စလင် လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်စလင် မဟုတ်သူတစ်ယောက်အတွက် အတော် ခက်တဲ့ကိစ္စကြီးပဲ။ ဆိုလိုတာက
(Life Style)တွေ အကုန်လုံး ပြောင်းရတာ။ မင်း ဗလီတက်မယ်ဆိုရင်အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရဖတ်ရတာလည်း အာရပ်လို။အစားအစာတောင်မှ အာရပ်ပုံစံ။

လက်ရှိအခြေအနေအရ ငါ ပြောမယ်။ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ  နှီးနှောနေထိုင်လို့ရတယ်။ အစ္စလာမ်က လွဲရင်ပေါ့။ ဘစ်ကားပေါ်မှာတောင် မွတ်စလင်တစ်ယောက်ကိုမြင်ရင်ကျန်တဲ့သူတွေက ဘေးရှောင် ထွက်သွားကြတာပဲ၊သူ့မှာ ဗုံး ပါချင်ပါလာမှာဆိုတဲ့ သံသယက ရှိနေတာ။

ဗြိတိသျှတွေမှာ ယုံကြည်မှု တည်ဆောက်ရေး ကောင်စီဆိုတာရှိတယ်။ ဒါပေမယ့် ဗြိတိသျှ ထောက်လှမ်းရေးက ဗြိတသျှမှာဂျီဟတ်လို့ ယုံကြည်ရသူပေါင်း (၂၀၀၀၀)လောက် ရှိပြီး
သူတို့ကို စောင့်ကြည့်နေရတယ်လို့ ကြေညာခဲတယ်။လူနည်းစု ဂျီဟတ်တွေဟာ လူ့အဖွဲ့စည်း တစ်ခုလုံးမှာ ရှိနေတဲ့ဟာမိုနီတွေ ပျက်စီးသွားအောင် လုပ်နိုင်တယ်။

ဇင်ဝေသော် ဘာသာပြန်သော
(နားဝင်မချိုသောအမှန်တရားများစာအုပ်)-မှ
via သမ္မတရုံးမှ လျှို့ဝှက်သတင်းများ

Posted by Unknown on Friday, November 15, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive