ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်တွေ သွားနေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်နေတယ်..... ဥရောပနိုင်ငံတွေအပေါ်မှာပဲ ဒေါ်စုနဲ့ မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာကို သူတို့ စိုးရိမ်တယ်.... ဒီအတွက် ဒေါ်စုကို တရုတ်ပြည်ကို အလည်လာဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး အဖွဲ့ကြီး (China Association for international friendly contact - CAIFC) က ကမ်းလှမ်းလာတယ်လို့ ဒီချုပ် လွှတ်တော် ကိယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်......

ပြောကြားခဲ့သူကတော့ CAIFC ဥက္ကဌ (ယခင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟောင်း) Li Zhaoxing က အောက်တိုဘာ ၂၉ ရက်နေ့မှာ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ CAIFC တို့ ဘေကျင်းမြို့၊ ပြည်သူ့လွှတ်တော် ကွန်ဂရက် အဆောင်အအအုံရှိ တိဘက်ခန်းမမှာ တွေ့ဆုံတုန်းက ပြောခဲ့တယ် ဆိုပါတယ်.....

အဆိုပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး အဖွဲ့ကြီးအနေနဲ့ လာမယ့် ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ရေးနဲ့ ပါတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အချိန်မှီ ပြင်နိုင်ပါ့မလားဆိုတာကို စိုးရိမ်တကြီးရှိပြီးတော့ လွှတ်တော်ကိုယ်စားလှည်တွေနဲ့ တွေ့ခဲ့စဉ်မှာ မေးခွန်းထုတ်ခဲ့တယ်လို့လည်း ဒေါ်ခင်စန်းလှိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်......

အောက်တိုဘာ ၂၇ ရက်နေ နိုဝင်ဘာ ၂ ရက်အထိ တွေ့ဆုံတဲ့ တစ်ပါတ်ကြာ တွေ့ဆုံမှုအတွင်း မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းခေါင်းဆောင်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တဆည၊ ရခိုင်တိုင်းရင်းသားများ ဖွဲ့ဖြိုးတိုးတက်ရေးပါတီ၊ NLD တို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်...... Copied from မဇ္ဇိမ နေ့စဉ်သတင်းစာ.....

ဒေါ်စု သမ္မတဖြစ်ဖို့ အတားအဆီးဖြစ်နေတဲ့ ၂၀၀၈ အချိန်မှီ ပြင်နိုင်မလား မပြင်နိုင်ဘူးလား ဆိုတာကို တရုတ်ကြီး စိုးရိမ်နေတယ်ဆိုတာလေး သံချောင်းခေါက်လိုက်ရပါတယ်..


From: Voice of James Mint

Posted by Unknown on Tuesday, November 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive