From : ..the voice




မွတ်ဆလင် လူနည်းစုကို အကြမ်းဖက်ခံနေရသည်ဟု ပြောဆိုလေ့ရှိသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံများ ဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင် ကြားခွင့်ရအောင် လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၏ စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ လိုက်ပါသွားစဉ် စစ်တွေမြို့ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ရခိုင်ဈေးသည်များ ဈေးရောင်းနေသည်ကို တွေ့ခဲ့ရပြီး အောက်ခြေအဆင့် တွင် ကူးလူးဆက်ဆံလာသည့် တိုးတက်မှုမျိုးကိုလည်း ရှင်းပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု အသွင်နားလည်ထားတဲ့ အခြေအနေကနေ လူသားချင်း စာနာတဲ့ဘက်ကိုပဲ ဦးတည် သွားရမယ့် အခြေအနေလို့ သူတို့နားလည်သွားတယ်” ဟု OIC ၏ တုံ့ပြန်မှု အခြေအနေများကို မူတည်ကာ ဦးခင်ရီက ရှင်းပြသည်။

အဖျက်အမှောင့်သမား၊ လှုံ့ဆော်သူများကြောင့် OIC သည် မြန်မာနိုင်ငံအပေါ် ဘာသာရေးနှင့် မွတ်ဆလင် လူနည်းစုများကို ခွဲခြားမှုများ ရှိနေသည်ဟု အထင်အမြင် လွဲမှားနေခဲ့ကြောင်း ၎င်းက ဆိုသည်။

အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ဆက်ဆံရေးအဖွဲ့ မြန်မာနိုင်ငံရှိ မွတ်ဆလင် အသိုင်းအဝိုင်း အခြေအနေများကို လေ့လာရန် လာရောက်မည် ဖြစ်ကြောင်း OIC က ထုတ်ပြန်ထားသည်။

Photo:

.. www.MyanmarExpress.net

Posted by Unknown on Thursday, October 3, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive