ဘာပြင်ချင်တာလဲ အချက်အလက်နဲ့ပြဆိုတော့ ထွက်လာလိုက်တဲ့ အချက်တွေဟာ...
တပ်မတော်နဲ့ သက်ဆိုင်တာကြီးပဲ ..
အစိမ်းရောင် မျက်မှန်ကြီး မချွတ်သေးသ၍ ခင်ဗျားတို့ ဦးဏှောက် တိုးတက်လာမည်ဟု မထင် ...

" နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် "

အမျိုးသားရေး ဆိုကတည်းကတော့ဗျာ ..
ရှင်းပါတယ် ဒါဘာ့ကြောင့်ပါလဲဆိုတော့ ..
တပ်မတော်မှာ ထိပ်ဖြတ်ထားတာ ၁ ယောက်မှ မရှိဘူး ၊ အိုကေ ?

" စစ်ရေးအမြင်ရှိရမည် "
အဲ့အချက်ကို စစ်ရေးအမြင်လို့ပြောလိုက်တာနဲ့ စစ်သားမှ တပါးအခြားမရှိလို့ထင်နေသလားကွယ် ။

စစ်ရေးအမြင်လို့ ခေါင်းစဉ်တပ်တာ နိုင်ငံတိုင်းက ဒီသဘောတရားကို နားလည်တယ် ၊

စစ်ေ၇းအမြင်ဆိုတာဘာလဲ ...
ခင်ဗျားတို့ ပတ်ဝန်းကျင်မှာပဲကြည့်လိုက် စီးပွါးရေးမှာပေါ့ဗျာ ။
၁ ဦးနဲ့ ၁ ဦးယှဉ်ပြိုင်တဲ့အခါ ဘာအမြင်လိုလဲ ။ အဲ့ဒါ စစ်ရေးအမြင်ပဲပေါ့ ။
ဥပမာပြောရရင် ရူပဗေဒ ဘယ်လိုပဲတွက်တွက် အခြေခံက သချာင်္လိုတယ် ။
ဓါတု မော်လီကျူးတွေ ဘယ်လိုပေါင်းပေါင်း သချာင်္ဂဏန်းတွေလိုတယ် ။
ဘိုင်အို ဆဲလ်တွေနဲ့ သွေးအရေအတွက် သချာင်္ကိန်းဂဏန်းပါတယ် ။

ဒီလိုပဲ စစ်ရေးအမြင်ဆိုတာ ဘယ်အရာကို ဘယ်လိုသုံးသပ်ဆုံးဖြတ်မယ်ဆိုတာ
စစ်ရေးအမြင်လို့ခေါ်တယ် ။
အုပ်ချုပ်မှု ၊ ညှိနှိုင်းဆောင်ရွက်မှု ဒါဟာ စစ်ရေး အမြင်မဟုတ်ဘူးလား ?
စစ်ရေးအမြင်ဆိုတာ စစ်တိုက်တာ မဟုတ်ဘူးဆိုတာ သိမြင်နိုင်ဖို့ ကြိုးစားပါလေ

တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ အားလုံးကို လွပ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း။

တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာမှာတောင် စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်မရှိရတော့ဘူးပေါ့နော် ။
ဟုတ်ပြီဗျာ .. ဦး/ရေး/ထောက် တပ်မတော်သား မပိုင်လို့ ဘယ်သူပိုင်ချင်သလဲ ?
၁ ခြားဘယ်သူကများရော ဒါတွေ တက်သလဲ ခုလိုပြောလိုက်ရင်တောင် ဦး/ရေး/ထောက်ဆိုတာ ဘာမှန်း မသိမဲ့ သူတွေက

လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း။

လက်နက်ကိုင် ဆိုမှတော့ ကိုယ်ထင်တာ ကိုယ်လုပ်လို့ရမလားဟင် ..
မကျေနပ်ရင် ထပစ် .. နီးစပ်ရာ အကုန်မှန်ပြီးသေပေါ့ အာ့မျိုးလား ။
စည်းစနစ်မရှိရင် လူသတ်လက်နက်ဟာ လူကိုသေစေတယ်နော် ။
လက်နက်ကိုင်ကို စည်းစနစ်နဲ့ အုပ်ချုပ်ကွပ်ကဲရတယ်ဗျ ။
အဲ့မှာကတည်းက စစ်ေ၇းအမြင်မရှိဘူးဆိုတာပါလာပြီ ။
နိုင်ငံ ၁ နိုင်ငံမှာ လက်နက်ကိုင် အဖွဲအစည်း ၁ ခုပဲရှိတယ်ဗျ ၊
ဂလိုဗယ်နဲ့ရှင်းပြတာပါ ။
ဘာ့ကြောင့်လဲ ဆိုတော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ထိန်းချုပ်ဖို့ အတွက် ကွပ်ကဲမှုနဲ့ အုပ်ချုပ်မှုမှာ အဆင်ပြေစေဖို့ပဲ ။
ဒီလိုစည်းစနစ်ရှိမှလည်းရှေ့ဆက်တာ ခရီးပေါက်မယ်ဗျို့

အရေးပေါ် အခြေအနေ ပေါ်ပေါက်လာလျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ချက်မျာနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း။

၈၈ ကိုပြန်ကြည့် တပ်မတော်သာ ၀င်မပါရင် ဘာဖြစ်မလဲ ၊ ဒေါ်စုကြည် အဖေ ဗိုလ်ချုပ်ပြောခဲ့သလိုဖြစ်မယ်

ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူ လက်ခံပီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း။

ဒါကတော့ ရှင်းပါတယ် ။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာပေါ့ ။
ပြင်ဆင်မှုကို ပြည်သူတွေ လက်ခံမခံဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိနေလို့ပဲ


ပြည်ထောင်စု လွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ယင်း၏ လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန် မပြီးပြတ်သေးကြောင်း အထောက်အထားနှင့် တင်ပြလာပါက ထပ်ဆောင်း ခွင့်ပြု ကာလ ( ၆ ) လ ခွင့်ပြုနိုင်သည်။ ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လ ပေးနိုင်သည်။ နှစ်ကြိမ်ထိ ပေးပိုင်ခွင့်ရှိသည် ဟူသော အန္တရာယ် အလွန်ကြီးမားသည့် တဖက်သတ် ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။
ပုဒ်မ - ၄၂၁ ( ခ ) ၄၂၅

ဒီလူနဲ့ မပြီးပြတ်သေးတဲံ ကိစ္စကို နောက်လူ လွဲပေးရင် အချိန်ဆိုတာ ကုန်မယ် ၊ လုပ်ဆောင်မှုတွေမှာ မူမပြောင်းသော်လည်း လူပြောင်းပါက အခက်အခဲတွေ အများကြီးဖြစ်ပြီး ဆက်လုပ်ရမဲ့ အလုပ်တွေ ဆိုင်ငံကုန်မယ် ။

အာ့လောက်ရွှေဥာဏ်တော် မစူးရောက်ပါနဲ့ ...

၁၄ ချက်လုံး တပ်မတော်နဲ့ မလွတ်ရတဲ့ အကြောင်း ခင်ဗျားတို့ ပြန်ရှင်းနိုင်ပါသလား ..
ကြားထဲက အချက်တွေကို ၁ ချက်ခြင်း ထပ်ရှင်းပေးပါ့မယ် ။

ခင်ဗျားတို့ မျက်မှန်စိမ်း မချွတ်သေးသ၍ နိုင်ငံတော် ဒီလို ကမောက်ကမ ဖြစ်နေဦးမှာပါပဲ ။
ပြည်လုံးကျွတ် ဆန္ဒ မခံယူရဲရသည့် အချက်ကတော့ ခင်ဗျားတို့ဟာ မိမိလုပ်ရပ်တွေအပေါ်မှာ မိမိ တို့ကိုယ်တိုင် ယုံကြည်မှု မရှိလို့ပဲ ၊ ဒီလို မရှိဘူးဆိုရင် ပြည်သူက ခင်ဗျားတို့ကို ယုံကြည်မှုတွေ ပျက်ပြားလာမှာပါပဲ ။

ဒီတော့ အချက်အလက်နဲ့ပြောပါဆိုတော့ ပေါက်ကရအတွေးအခေါ်နဲ့ ပြင်ဆင်ချင်တဲ့ သဘောတွေ မလုပ်ပါနဲ့ ၊ မှန်ကန်တဲ့ သုံးသပ်ချက်နဲ့ တွေးခေါ်ပြီး လုပ်ဆောင်ပေးပါလို့
ပြည်သူ ၁ ယောက်အနေနဲ့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ ။
From:ဖေစစ်ကြီး

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive