From :myanmar age


လက်ရှိမြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ဖြင့် သွားနေချိန်၌ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအား အသစ်ပြန်လည် ရေးဆွဲပါက နိုင်ငံအတွက် အလွန်အန္တရာယ်များကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က သုံးသပ် ပြောကြားသည်။လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ဥပဒေအချို့မှာ အရေးတကြီးပြင်ဆင်ရန် လိုအပ်နေပြီးေ ရတိုရေရှည် စီမံကိန်းချ၍ ပြင်ဆင်သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်အတွက်မှာ လူထုဆန္ဒအပေါ်တွင်သာ မူတည်သဖြင့် ယခုကဲ့သို့ ရှင်းလင်းပွဲများ ပြုလုပ်၍ လူထုဆန္ဒကောက်ယူရခြင်းဖြစ်ကြောင်း၊ ထိုသို့ကောက်ယူရာတွင် လူထုမှ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် အချက်(၂)ချက်တွင် အားနည်းချက်၊ အားသာချက်များကို နှိုင်းယှဉ်၍ သိရှိနိုင်ရန် ပြောပြပေးနိုင်ရုံသာရှိပြီး အဓိကမှာလူထု၏ဆန္ဒသာဖြစ်ကြောင်း ပြောကြားသည်။

“လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် အားလုံးကိုပြင်ရမယ်။ ဒါပေမယ့် အဓိကလိုအပ်တဲ့ အချက်တွေကို ရေတိုရေရှည် စီမံကိန်းချပြီး ပြင်ဆင်သွားဖို့လိုပါတယ်။ အသစ်ရေးဆွဲဖို့ဆိုတာကြတော့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတာ မရှိဘူး။ ပြင်ဆင်လိုက ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချက်ပဲပါတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံကို အသစ်ဆွဲမယ်ဆိုရင် တပ်မတော်သားတွေ အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိပြုထားတာရှိတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း ပါဝင်လာလိမ့်မယ် ဒီတော့ နိုင်ငံအနေနဲ့ အန္တရာယ်များပါတယ် ဒါကြောင့်မို့လို့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းလည်း မထိခိုက်အောင်ဆိုပြီး ပြင်ဆင်ဖို့အတွက်ကို အဓိကထားတာပါ”ဟု ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက်(၄)ချက်အား ပြင်ဆင်နိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)လူထုထံမှ ဆန္ဒ ကောက်ယူခဲ့သည်။

ထိုသို့ကောက်ယူသည့် အချက်(၄)ချက်မှာ – (က) ဖွဲ့စည်းပုံပြင်ဆင်ရေး ပြဌာန်းချက်များကို မဖြစ်နိုင်လောက်အောင် တင်းကြပ်ထားခြင်းမှ လက်တွေ့ကျသည်အထိ လျော့ချရေး၊ (ခ) (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲတွင် လွပ်လက်၍ တရားမျှတရေးအတွက် အဟန့်အတားဖြစ်စေသော ပြဌာန်းချက်များအား ပယ်ဖျက်ရေး၊(ဂ)ရွေးကောက်ပွဲ ကော်မရှင်ကို မျှတသည့် ကော်မရှင်ပုံစံအဖြစ် အမြင်ကြည်လင်စေရန် ပြင်ဆင်ရေး၊ (ဃ) တရားဥပဒေစိုးမိုးရေးသည် ပြည်သူတို့က တရားစီရင် ရေးအပေါ်တွင် ယုံကြည်အားထားမှု အပေါ်တွင် မူတည်နေသဖြင့် အုပ်ချုပ်ရေး၏ အရှိန်အစော်မှ ကင်းလွှတ်၍ လွတ်လပ်စွာ တရားစီရင်နိုင်စေရန် ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေများအား ပြင်ဆင်နိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့များဖြစ်သည့် မူဆယ်ခရိုင်၊ လားရှိုးမြို့၊ ကျောက်မဲခရိုင်မြို့နယ်များတွင် လူထုဆန္ဒကောက်ယူခဲ့ရာ စုစုပေါင်းလူဦးရေ (၁၂၀၀)တက်ရောက်ခဲ့ပြီး (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ထောက်ခံအားပေးခဲ့ကြောင်း သိရှိရသည်။

www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive