From : ..myit ma kha




အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦးမှဆိုင်အတွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည်ကို ပြန်မယူပဲ အဆိုပါအမျိုးသမီးကလမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေကအိတ်ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကို
စတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။

အဆိုပါဗုံးမှာ အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် M67ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင် သည်ကိုမူမသိရှိသေးကြောင်းအဆင့်မြင့်အရာရှိများက ပြောကြားသည်။

ဗုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ တာဝန်ရှိသူများက Water Cannon (အရည်တစ်မျိုးဖြင့်ဗုံးအား အသက်မဲ့စေသောစနစ်) စနစ်အား အသုံးပြုပြီး ညနေ(၃) နာရီတွင် ရှင်းလင်းခဲ့သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင်လည်း (၁၄)ရက်နေ့၌ အလုံမြို့နယ်၊ Waster Park II စားသောက်အတွင်းမှ ချိန်ကိုက်ဗုံး
ဟု ယူဆရသော အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပြီး တပ်မတော်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့ကြောင်း
သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်နေ့က ရန်ကုန်မြို့တွင်လည်းလက်လုံးဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive