ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ၁၄ရက် နေထိုင်ခွင့်ရှိမည့် သဘောတူညီချက်ကို ထိုင်းအစိုးရက အတည်ပြုခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်သည့်အခါ နှစ်နိုင်ငံခေါင်းဆောင်များကြား သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးမည်ဟု The Nation သတင်းက ဆိုသည်။

ထိုင်းနိုင်ငံရှိ လေဆိပ် ၂၃ခုမှ တရားဝင် ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပြီး နှစ်ဖက်အစိုးရအနေဖြင့် ဗီဇာမပေးဘဲ နေနိုင်ခွင့်၊ ဗီဇာသက်တမ်းလျှော့ချနိုင်ခွင့်တို့ရှိသည်ဟု ထိုင်းအစိုးရ ပြောရခွင့်ရှိသူက ဆိုသည်။ နှစ်နိုင်ငံကြား သဘောတူစာချုပ်ကို ချုပ်ဆိုမည့် ဒီဇင်ဘာ ၁၂ရက်နေ့နောက်ပိုင်းမှသာ အဆိုပါ ဗီဇာကင်းလွတ်ခွင့် မည်သည့်အချိန်ကာလတွင် စတင်နိုင်မည်ဟု သိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

Posted by Unknown on Tuesday, October 22, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive