အခုတစ်လောပြောဆိုနေကြတဲ့ Miss Myanmarတစ်ယောက်အကြောင်းအင်တာနက် စာမျက်နှာများမှာ ပလူပြန့် နေတာတွေ တွေ့ နေရပါတယ်။အဓိကကတော့ မြန်မာလူမျိုးမဟုတ်ဘူးဆိုကာ ဝါဒဖြန့် နေ တာတွေ့  ရပါတယ်။

မိုးစက်ဝိုင် မြန်မာလူမျိုးစစ်မစစ်ဆိုတာကတော့ သူတို့ တွေ ကဏ္ဍပါ။ဒီအချက်ကြောင့် ကျနော် တို့ မြန်မာ လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကို ပြသလိုက်တာဆိုရင်လဲ မမှားနိုင်ပါ။ရှေးယခင်ကတည်းက ကိုယ့်မင်းကိုယ့် ချင်းနဲ့ နေလာ ခဲ့ တဲ့ မြန်မာလူမျိုးတွေမှာတိုင်းရင်းသားစုစုပေါင်း(၁၃၅)မျိုးရှိတဲ့ အထဲမှာမိုးစက်ဝိုင်သာ
လူမျိုးခြားဖြစ်နေခဲ့ရင် မြန်မာနိုင်ငံကိုယ်စားပြုပြီးမပြိုင်သင့်ဘူးလို့ ထင်ပါတယ်။

အဲ့ဒီအတွက် မိုးစက်ဝိုင်သာ နိုင်ငံခြား၊လူမျိုးခြားဖြစ်နေခဲ့ရင် မိုးစက်ဝိုင်ဟာ မြန်မာနိုင်ငံ ကိုယ်စားမပြု သင့်ကြောင်း တောင်းဆိုချက်တွေ မှန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မယ်တစ်ယောက် မြန်မာ နိုင်ငံ ကိုယ်စား မပြုသင့်ဘူးဆိုတာ ဖြစ်သင့်သလို နိုင်ငံကိုခေါင်းဆောင်မဲ့ သမ္မတ၊ဒုသမ္မတ လုပ်မဲ့သူတွေ ကလည်း ပုဒ်မ၅၉(စ)အရ တိုင်းတစ်ပါးသွေးနှောခြင်းမဖြစ်စေဖို့  လိုက်နာရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေရဲ့ သားသမီးများဟာ အခြားနိုင်ငံသားခံယူထားတဲ့အတွက် ဦးမြင့်ဆွေ တစ်ယောက် ဒုသမ္မတဖြစ်ဖို့ အခွင့်အရေးဆုံးရှုံးသွားခဲ့ရတာလဲ အားလုံးအသိဖြစ်ပါတယ်၊ အဓိကကတော့ ပုဒ်မ ၅၉ ရဲ့ ပိုဒ်ခွဲ(စ)ဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးနိုင်မခံရအောင် ကာကွယ်ထားလို့ မဖြစ်မနေထည့်ထားရမဲ့အချက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

လောလောဆယ်နိုင်ငံတော်မှာသမ္မတလုပ်ချင်ပါတယ်လို့ ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဖွဲ့ စည်းပုံပါ ပုဒ်မ၅၉(စ)ကို လိုက်နာရမှာဖြစ်တဲ့အတွက် သူ့အနေဖြင့် သမ္မတတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာတွေ ကို အသိရှိရှိ ရပ်တန်းက ရပ်သင့်ပါတယ်၊ ။မြန်မာနိုင်ငံကိုယ်စားပြုပြီး နိုင်ငံ တကာပြိုင်ပွဲဝင် မယ့် လူမျိုးခြားဆိုတာကို ကျနော်တို့ လက်မခံနိုင်ဘူးဆိုရင်နိုင်ငံတော်ရဲ့ ဥသျှောင် သမ္မတနေရာအတွက် တိုင်းတစ်ပါးသွေးနှောထားတဲ့ မည်သူ၊မည်ဝါကို တစ်ယောက်ကိုမဆို ကျနော်တို့  အနေဖြင့် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

ပုဒ်မ၅၉(စ)အရ နိုင်ငံတော်သမ္မတ(သို့မဟုတ်) ဒုတိယသမ္မသည် အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူ တစ်ဦးဦးသည် “မိမိကိုယ်တိုင်သော် လည်းကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊မိမိ၏ ဇနီး (သို့) ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ များမဖြစ်စေရ ၊ထိုသူများသည်နိုင်ငံခြားအစိုးရ၏ လက်အောက် ခံ ဖြစ်သူသော် လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့် အရေး များနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊” ဆိုပြီး ပါတာတွေ့ ရပါတယ်။

ဒီ့ အတွက်ကြောင့် မျိုးချစ်တဲ့ ကျနော်တို့ မြန်မာလူမျိုးများအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မဲ့ Miss တစ်ယောက် နိုင်ငံခြား၊လူမျိုးခြားသွေးရော ထားလျှင်လက်မခံသင့်သလို နိုင်ငံတော် သမ္မတပြုလုပ်ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လက်မခံသင့်ပါ။

ခြုံပြီးပြောရရင် Miss တစ်ယောက်နဲ့ နိုင်ငံတော် သမ္မတ တစ်ယောက်ဟာ နိုင်ငံတော်ကို ကိုယ် စားပြုခြင်းကြောင့် တိုင်းရင်းသားများထဲကသာဖြစ်သင့်ပါ တယ်။ မြန်မာနိုင်ငံမှာ တစ်သက်လုံးနေ ထိုင်လာ သူ၊ အိမ်ထောင်ရှိရင်လည်း တိုင်းရင်းသား ၁၃၅ မျိုးနဲ့ လက်ထပ်ပေါင်းသင်းထားသူ၊ သားသမီးရှိရင် လည်း မြန်မာနိုင်ငံသား မှတ်ပုံတင်ထား သူ၊ မြန်မာစာ၊ မြန်မာ စကား တတ်သူ သာ ဖြစ်သင့် တယ်လို့ ယူဆမိပါတယ်။

From: nay myo

www.mmdailystar.com

Posted by Unknown on Sunday, October 13, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive