လူမျိုး ရေး ၊ ဘာသာရေး အဓိကရုဏ်းများ ရဲ့ အခြေခံ သည် စစ်အုပ်စုဖြစ်သည်။ စစ်ဝါဒကြောင့်ဖြစ်ပါတယ်။ အမေရိကန် နိင်ငံတွင် နိင်ငံခြားသားများဝင်ခြင်တိုင်းဝင်လို့ မရပါ။ ဘာကြောင့်လဲ ဆိုတော့ဒီမိုကရေစီရှိလို့ ဖြစ်ပါတယ်။ တရားဥပဒေရှိလို့ ဖြစ်ပါတယ်။

စစ်အစိုးရခေါင်းဆောင်များနှင့်အကျင့်ပြက် လ၀ က များ က တရုပ်ပြည်မကြီးမှ တရုပ်များ၊ ရိုဟင်ဂျာများကို မှတ်ပုံတင်တခုကိုသိန်းနှင့်ချီ ယူပြီး နိင်ငံသားမှတ်ပုံတင်များကို ဒလဟော ထုတ်ပေးနေပါတယ်။ အမေရိကန် နိင်ငံသား ၊အင်္ဂလန်နိင်ငံသားမှတ်ပုံတင်ကို ဒီလိုလုပ်လို့ မရပါ။ ဘယ် ခေါင်းဆောင်ကမှလဲ မလုပ်ကြပါ။

မြန်မာ နိင်ငံတွင် ဗလီများကို နေရာအနှံအပြားတွင်ဖြစ်ပေါ်လာသည်မှာ စစ်အစိုးရအဆက်ဆက်
လာဘ်စားမှုကြောင့်ဖြစ်သည်။အမေရိကန်နိင်ငံတွင်လည်းကောင်း၊အင်္ဂလန်နိင်ငံတွင်လည်းကောင်း တရုပ်ဘုံကျောင်းများ၊ ဗလီများ၊ ဘုန်းကြီးကျောင်းများ၊ ချာခ်ျ များ ဆောက်ခြင်တိုင်းဆောက်လို့ မရပါ။ အဘယ်ကြောင့်ဆိုသော်
ဒီမိုကရေစီရှိလို့ ဖြစ်ပါတယ်။ ဘေးအိမ်တွေက ကန့် ကွက်ရင် အစိုးရခွင့်ပြုလို့ မရ သော ဒီမိုကရေစီစနစ်ရှိသောကြောင့်ဖြစ်ပါတယ်။

ရခိုင်ရွာများကို ဘင်ဂလီများဖျက်ဆီး နိင်သည်မှာ ရခိုင်လူမျိုးများ တွင် စစ်အစိုးရက အချိန်မှီ မကာကွယ်ပေးသောကြောင့်ဖြစ်ပါတယ်။ ရခိုင် နယ်မြေအတွင်း ရိုဟင်ဂျာများ တံခါးမရှိဓါးမရှိ
ဝင်နိင်ထွက်နိင်နေခြင်းမှာ ရခိုင်လူမျိုးများ တွင် ကိုယ်ပိုင်နယ်မြေစောင့် လက်နက်ကိုင်တပ်ဖွဲ့ များ စနစ်တကျမရှိသောကြောင့်ဖြစ်ပါတယ်
ထိုင်းနိင်ငံတွင် မြန်မာနိင်ငံ၊ လာအိုစ် နှင့်ကန်ဘောဒီးယား နယ်စပ်များတွင် ဘာရဂျန် ခေါ် နယ်ခြားစောင့်တပ်ကို စနစ်တကျ ဖွဲ့ ပေးထားပါတယ်။ ဒေသခံရွာသားများကိုလက်နက်တပ်ဆက်ပေးထားပါတယ်။

ရခိုင်လူမျိုးများကို စစ်အုပ်စုက စနစ်တကျ ကာကွယ်ရေးတပ်ဖွဲ့ များ မဖွဲ့ ပေးသော်လည်း ဘာကြောင့်မတပ်ပေးထားသော်လည်း ကိုးကန့် များကို
သေနပ်ထုတ်ပေးတာလဲ၊ လက်နက်ကိုင်စောင်ခွင့်ပြုထားကြပါသလဲလို့ မေးစရာဖြစ်နေပါတယ်။

ရိုဟင်ဂျာဆန် ကျင်ရေးအတွက် စစ်အုပ်စု နှင့်လက်တွဲ တိုက်မည် ဆိုလျင် အလွန်မှားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စု က ရိုဟင်ဂျာ ပြသနာကို စနစ်တကျ
မွေးမြူ ပြီးရခိုင်များကို ဖိနိပ်ရေးကရိယာသဘွယ်၊ သူတို့ ကို အားကိုးနေခြင်အောင်လုပ်ထား တာကို ရခိုင် တို့ မြင်ဖို့ လိုတယ်။ တပြည်လုံးရှိပြည်သူတို့ မြင်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်ကိုရခိုင် မကာကွယ်နိင်သမျှ ရိုဟင်ဂျာပြသနာမပြီး တော့ပါ။
ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့ ကိုရခိုင် လူမျိုးများ မစီမံမခန့် ခွဲနိင်သမျှ ရခိုင်လူမျိုးများ
ဆင်းရဲတွင်းဘ၀ က လွတ်မြောက်မည်မထင်ပါ။

- ခိုင် မင်းနိင်-

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive