သမိုင်းတစ်လျှောက် ခံလာရတာလဲ မြော့မြော့ပဲ ကျန်ခဲ့တာကို
အမှတ်သည်းချေက မရှိကြပြန်ဘူး.........။ ။

ဟိုနေရာမှာ ဟိုလူပြော ယုံ ၊ ဒီနေရာမှာ ဒီလူပြော ခေါင်းညိတ်
အဲသလောက် ဦးညွှတ်ပြနေမှတော့ ခေါင်းပေါ် ချေးတက်ယိုတာ နည်းသေးတာပေါ့ဗျာ....။ ။

ဘယ်တော့မှ ကိုယ်ပိုင်အတွေး ၊ ကိုယ်ပိုင်အတွေ့ကြုံတွေကို ထုတ်မသုံးလေသမျှ
ခိုးဝင်လာတဲ့ တရားမ၀င်သူကရော ၊ ပေါ်တင်ဝင်လာတဲ့ ကျူးကျော်သူကပါ
အနိုင်ကျင့်တာကို မသေမချင်းခံပေရော ။ နောက်ထပ် မျိုးဆက်တွေ အဆက်ပေါင်းများစွာထိ..။ ။

သေချာတာကတော့...။ဒီပုံစံအတိုင်း ခွေးကလေးခုန်လည်း ဖုန်ထနေရင်
မြန်မာပြည်နဲ့ မြန်မာလူမျိုး သေချင်းဆိုးနဲ့ သေဖို့ အချိန်က နီးသထက်နီးလာပြီဆိုတာ ဧကန်ပဲ...။ ။

အဲဒီတော့...။ လည်ပင်ဆေးထားလိုက ထား ၊ ခေါင်းငုံ့မခံ ပြောတိုင်းမယုံပဲ ကိုယ့်သမိုင်းကို
ရေးလိုက ရေးကြပေတော့...........။ ။ကျနော်ကတော့ လုံးဝကို လက်မခံနိုင်ပါ ။အဲဒါ စကားနဲ့
ကြိုပြောတဲ့ ကန့်ကွက်ခြင်းပါပဲဗျာ...............။


From: HTET NAY KHA

www.mmdailystar.com

Posted by Unknown on Thursday, October 17, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive