From : .. YMG



ရန်ကုန် ၊အောက်တိုဘာ ၁၄ ။ ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို KNU/KNLA မှလည်း လေ့ လာစောင့်ကြည်မှုများပြုလုပ်နေ ပြီး လိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

.
. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive