(နိရဉ္စရာ- ၁ အောက်တိုဘာ ၂၀၁၃)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စနေနေ့ ညနေက ဖြစ်ပွားခဲ့သော လူမူရေး မတည်ငြိမ်မူကြောင့် အိမ်အနည်းဆုံး တစ်လုံး မီးရှို့ခံခဲ့ရပြီး လူ (၃) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးခံရသူမှာ သံတွဲမြို့ ငပလီ စက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်; ပိုင်ရှင် ကမန် အမျိုးသား ဦးကျော်ဇံလှနှင့် ရခိုင် လူငယ် နှစ်ဦးဖြစ်ကြသည့် ကိုညီညီလွှင်နှင့် ကိုကျော်မင်းထိုက်တို့ ဖြစ်ကြသည်။ ဦးကျော်ဇံလှအား အခင်းစတင် ဖြစ်ပွားသည့် စက်တင်္ဘာလ ၂၈ ရက်နေ့က ပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံ (ခံဝန်)ဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ တနင်္လာနေ့က ရုံးချိန်းတွင် ပုဒ်မ တစ်ခု ထပ်တိုးပြီး ထောင်ထဲကို ထည့်လိုက်သည်ဟု ဆိုသည်။ “ သူ့ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တယ်။ ညနေ ၈ နာရီမှာ အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ မနေ့ကတော့ အာမခံ မရတဲ့ ပုဒ်မ ၁၉၅ ကိုထပ်တိုးပြီး ဦးကျော်ဇံလှကို ထောင်ထဲကို ထည့်လိုက်ပါတယ်” ဟု အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်သူ ဦးကျော်ကျော်လွှင်က ပြောသည်။ ရခိုင်လူငယ် နှစ်ဦးဖြစ်ကြသည့် ကိုညီညီလွှင်နှင့် ကိုကျော်မင်းထိုက်တို့အား ဦးကျော်ဇံလှ အိမ်အား လူ ၅၀ ခန့်မှ ခဲနှင့် ပစ်ပေါက်ရာတွင် ပါဝင်မူ  အပါအ၀င် အခြားအိမ်အချို့အား ဖျက်ဆီးရာတွင် ပါဝင်မူကြောင့် ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့က သံတွဲမြို့ ဒွာရ၀တီ (က) ရပ်ကွက်နေ သုံးဘီး တက္ကစီ ဒရိုင်ဘာ ရခိုင်အမျိုးသား ရဲသီဟ( ခေါ်) နိုင်ဦး (၃၀) နှစ်နှင့် ငပလီ စက်ပစ္စည်းများ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမှတ် (၃) ရပ်ကွက်၊ ရွှေဘုံသာလမ်းနေ ကမန်လူမျိုး ဦးကျော်ဇံလှ (၆၀) နှစ်တို့မှ အချင်းများကြရာမှ စတင်ခဲ့သည်ဟု ဆိုသည် ကိုရဲသီဟမှ ဦးကျော်ဇံလှသည် သူဆိုင်ရှေ့တွင် သူ၏ သုံးဘီး တက္ကစီ ရပ်ထားသဖြင့် ညစ်ညမ်းစွာ ဆဲဆိုပြီး သူ့တက္ကစီပေါ်တွင် ပါလာသော သာသနာ့အလံအား ရိုက်ချိုးပစ်သည်ဟု ရဲစခန်းတွင် အမူဖွင့်ဆိုခဲ့ပြီး ဦးကျော်ဇံလှမှ ငြင်းဆိုခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ရဲစခန်းမှ ဦးကျော်ဇံလှအား ( ပ- ၇၈/ ၂၀၁၃ နှင့် ပုဒ်မ ၂၉၄/ ၅၀၆ )ပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် ခံဝန်ဖြင့် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ယင်းသို့ လွှတ်ပေးသည်ကို မကျေနပ်သော လူ (၅၀) ခန့်က စက်တင်္ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဦးကျော်ဇံလှအိမ်အား ခဲများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ၎င်းတိုက်ခိုက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကိုညီညီလွှင်နှင့် ကိုသန်းမင်းထိုက်တို့ကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ယင်းအပြင် အာရဗီ စာသင်ကျောင်း အနီးရှိ သုံးဆင့် သစ်သား အိမ် တစ်လုံးနှင့် အနီးအနားရှိ တဲသာသာ အဆောက်အဦး (၂) ခုကိုလည်း အမည်မသိ တစ်စုက မီးရှို့ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မီးရှို့တိုက်ခိုက်သူများထဲတွင် အချို့သည် မျက်နာဖုံးစွပ်ထားကြသည်ဟု မျက်မြင်များက ပြောသည်။
၎င်းနောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
သံတွဲ ဒေသခံ ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုထွန်းဖေက လက်ရှိ သံတွဲ အခြေအနေမှာ တည်ငြိမ်နေသော်လည်း နှစ်ဘက်စလုံးတွင် စိုးရိမ်မူများ ရှိနေသည်ဟု ဆိုသည်။
ဈေးဖွင့်သော်လည်း ၀ယ်သူ ရောင်းသူ မရှိ ခြောက်ကပ်နေပြီး ကျောင်းများကိုဖွင့်ထားသော်လည်း ကျောင်းတက်သည့် ကျောင်းသား မရှိသလောက် ဖြစ်နေသည်ဟု သိရသည် - See more at: http://www.narinjara.com/burmese/?p=7213#sthash.85PRPRlw.dpuf

Posted by Unknown on Wednesday, October 2, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive