From : ..myitmakha


ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အမြန်ဆုံးတည်ငြိမ်မှုရရှိစေရန် ဒေသအာဏာပိုင် များက ကြိုးစားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ၁ရက်နေ့တွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ကို ညနေ၆နာရီမှမနက်၆နာရီ အထိ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

“ဒီနေ့ကစပြီးညမထွက်ရအမိန့်ကိုည၆နာရီကနေမနက်၆နာရီလို့ကြေညာလိုက်ပြီ။အာဏာပိုင်တွေကမိုက်နဲ့လိုက်အော်သွားတာ”ဟုသံတွဲမြို့တွင်နေထိုင်သူကိုမိုးကပြောသည်။
ယခင်ကညမထွက်ရအမိန့်ကိုည၁၀နာရီမှမနက်၎နာရီအထိသတ်မှတ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့် ယခုကဲ့သို့တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယနေ့ညနေ ၄နာရီ ကျော်ခန့်တွင် ကြေညာခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံကာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာကြားစစ်ဆေးနေချိန်တွင် သံတွဲမြို့အနီးပတ်ဝန်းကျင်ကျေးရွာအချို့တွင် မီးရှို့မှုမျာ့းဖြစ်ပွားခဲ့ပြီး နေအိမ်၃၀လုံးဝန်းကျင်ခန့် မီးလောင်ကျွမ်းသွားကြောင်းနှင့် လူတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အသေးစိတ်အချက်အလက်များကိုမူ အတည်ပြု၍ မရသေးကြောင်း သိရှိရသည်။

သံတွဲအခြေစိုက် တပ်ရင်း ၅၆၆၊ ရဲတပ်ရင်း ၃၃ ၊သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွ့၊ဲ ယခု အကြမ်းဖက်မှု ဖြစ်ပွားရာ ရွှေလှေ ရဲစခန်းစခန်းမှူးဦးတင်မောင်လွင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အနည်းဆုံးလုံခြုံရေးအင်အား၆၀ခန့်က ပဋိပက္ခမပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များထံက သိရှိရသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive