From : ..သတင်းထုတ်ပြန်ရေးအဖွဲ့  


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၆/၂၀၁၃)
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်
သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ပြည်သူချင်း အငြင်းပွားမှုဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ဖြစ်စဉ်များအတွင်း နှစ်ဘက်လုံးမှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူများနှင့်အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။
၂။ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်ပါသည်။
၃။ နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြအပ် ပါသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive