From : ..Yangon Media Group


မွန်ပြည်နယ်ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်ကဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှုတရားခံဟု ယူဆရသူ သုံးဦးက ၎င်းတို့ဖောက်ခွဲမှုများကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ဝန်ကြီး ချုပ် ဦးမြင့်ဆွေက အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ လုပ်ငန်းအကြိုညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးမြင့်ဆွေက''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှု တိုင်းမှာ သူတို့သုံးဦးပါဝင်ပတ် သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင်ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်''ဟု ပြောသည်။


ယခုဖမ်းဆီးရမိသောသူ သုံးဦးမှာ ရက်ပိုင်းအတွင်း ဆက် တိုက်ဖြစ်ပွားနေသော ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများနှင့်ဆက် နွှယ်ပတ်သက်သောသူများဖြစ် ပြီး ၎င်းသုံးဦးအား ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကာ ထိုမှတစ်ဆင့် ရန်ကုန်သို့ ခေါ်ဆောင် လာပြီး အောက်တိုဘာ၁၅ရက်က စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးမြင့်အေးက''သူတို့ကို ဘီးလင်း ကနေ ဖမ်းဆီးရမိခဲ့တာပါ။ လော လောဆယ်တော့ ဖမ်းဆီး ရမိတဲ့ သူ သုံးယောက်ကို စစ်ဆေးနေ တယ်။ သူတို့တွေ သုံးယောက်က လတ်တလောဖြစ်ပွားနေတဲ့ ပေါက် ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ် သက်ဆက်နွှယ်မှုတွေရှိတယ်''ဟု ပြောသည်။

၎င်းတို့သုံးဦးသည် ထရိတ် ဒါးဟိုတယ် အခင်းဖြစ်ပွားရာအ ခန်းတွင် အောက်တိုဘာ၁၂ရက် မှ ၁၃ရက်အထိ တည်းခိုနေထိုင် သွားကြောင်း၊ ၎င်းတို့၏ပုံသဏ္ဌာန် များကို သက်ဆိုင်ရာတာဝန်ရှိသူ များက စီစီတီဗွီကင်မရာမှ မှတ် တမ်းရ ယူနိုင် ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့အား စစ် ဆေးဆောင်ရွက်မှုများမှတစ်ဆင့် ကျန်ဆက်နွှယ်ပတ်သက်သည့် တရားခံများကိုလည်း ဆက်လက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုဖမ်းဆီးရမိသူများမှာ စောမြင့် လွင် ၂၆နှစ်၊ ကရင်ပြည် နယ် ဖာပွန်မြို့တွင် နေထိုင်သူ နှင့် အခြားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ အား သထုံခရိုင်ရဲတပ်ဖွဲ့မှူးပါဝင် သောအဖွဲ့နှင့် ရန်ကုန်တိုင်းရဲအ ထူးဖမ်းဆီးရေးတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၉ရက်မှ၁၅ ရက်အထိ ရန်ကုန်၊ ဖြူး၊ တောင် ငူ၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဗုံး ပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုအရေ အတွက်မှာ စုစုပေါင်း ၁ဝလုံးခန့် ရှိကြောင်း သိရသည်။
 
.. www.MyanmarExpress.net

Posted by Unknown on Wednesday, October 16, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive