From : ..YPI


နိုင်ငံသားမှတ်ပုံတင်ပြန်လည်ရရှိပါက နိုင်ငံရေးပါတီတစ်ရပ်ထူထောင်သွားရန်ရှိကြောင်း ၈၈ လူထုလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဦးမိုးသီးဇွန်က မော်ကွန်းမဂ္ဂဇင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“ နိုင်ငံရေးပါတီတစ်ရပ်ပြန်ထူထောင်ရမယ်။ နိုင်ငံရေး process (လုပ်ငန်းစဉ်) ထဲမှာ ပါဝင်ဖို့ ကြိုးပမ်းနေတယ်” ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီထံသို့စာရေးတင်ထားပြီး မှတ်ပုံတင်ပြန်ချပေးပါက ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များတွင်ပါဝင်သွားမည်ဟု ဦးမိုးသီးဇွန်ကပြောသည်။

“လူ့ဘောင်သစ်ပါတီပဲဖြစ်ဖြစ်၊ နောက်တခြားနိုင်ငံရေးအင်အားပုံစံမျိုးပဲဖြစ်ဖြစ် ကျွန်တော်လုပ်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဦးမိုးသီးဇွန်သည် ၈၈ အရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး ၁၉၈၉ တွင် လူ့ဘောင်သစ်ပါတီကိုတည်ထောင်ခဲ့သည်။ ထို့နောက် ကျောင်းသားခေါင်းဆောင်များကို လိုက်လံဖမ်း ဆီးချိန်တွင် တောခိုကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင်လက်နက် ကိုင်ကာ အာဏာသိမ်း စစ်အစိုးရကို တော်လှန်ခဲ့သည်။

၎င်းကာလများအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိတ်ဖွင့်ပေးစားများဖြင့် ပေါ်ပေါ်တင် တိုက်ခိုက်ရေးသားခဲ့သည်။               

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive