မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်နေချိန်တွင် မြို့ကြီးအချို့၌ ဗုံးပေါက်ခွဲမှုများ ပြုလုပ်နေခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ဖြေရှင်းရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ကြိုးပမ်းနေသည့် နိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းဟု ယူဆကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မွတ်ဆလင် ဦးမြအေးက ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် အခြားမြို့ကြီးများ ဗုံးပေါက်ကွဲနေမှု များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
“ဒီလိုဖြစ်ပွားမှုတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေကို နောက်ပြန် လှည့်သွားနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံရေးနည်းဖြင့် ဖြေရှင်း သင့်ကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆန့်ကျင် တွန်းလှန်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ထုတ်ပြန်ချက်အရ သိရသည်။

 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive