ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ပေါ်တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေး မှု ပေါင်းစုံ၊ ရိုးရာပေါင်း စုံ၊ ဘာသာပေါင်းစုံ တို့ တည်ရှိ နေထိုင် ကြပါတယ်။

ဒါကြောင့် နိုင်ငံ တစ်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ ထုံးထမ်း အစဉ် အလာတွေ မပျက်စီး၊ မယို ယွင်း ဖို့က အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အပေါ်မှာ မူတည် နေပါတယ်။ မိမိနိုင်ငံ ရဲ့ အမျိုး ဂုဏ်၊ ဇာတိ ဂုဏ် ကို မိမိ တို့ကသာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ရမှာ ဖြစ်ပါ တယ်။ ဒီလို မှ မဟုတ် ဘဲ အမေကျော် ဒွေးတော် လွမ်း ဆိုသလို ကိုယ့်နိုင်ငံ ရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ ထုံးထမ်း အစဉ် အလာတွေ ကို ဖျောက်ပြီး အခြား တိုင်း တစ်ပါး သားတွေ ရဲ့ ဓလေ့ စရိုက် ကို လိုက် အတု ခိုးနေမယ်၊ ကျင့်သုံးနေ မယ် ဆိုရင် အဲ့ဒီနိုင်ငံ ဟာ အခြားနိုင်ငံတွေ ရဲ့ ကဲ့ရဲ့ပြစ်တင် ဝေဖန်တာ ကို ခံရ တတ် ပါတယ်။ ကိုယ့် ရိုးရာ ယဉ်ကျေးမှု မဟုတ် တဲ့ အတွက် လ ည်း ကိုယ့် လူမျိုး အချင်းချ င်းတောင် ကဲ့ရဲ့တာ ခံရတတ် ပါတယ်။ သာဓက အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒေါင်းယော င်ေ ဆာ င်သော ကျီးနှင့် သွားပြီး ဆင်တူနေ ပါတယ်။ ဒေါင်းယောင်ဆောင် ထားတဲ့ ကျီး ကို ဒေါင်းတို့ က လည်း လက်မခံ တဲ့ အပြင် သူ့ အမျိုးဖြစ်တဲ့ ကျီးတွေ ကပါ လက်မခံ ဘဲ မောင်းထုတ် ခံရတဲ့ အခြေ အနေ မျိုးပါ။

ဒီနေရာမှာ ထိုင်း လူမျိုးတွေရဲ့အကြောင်း ကို နည်းနည်းတော့ တင်ပြ ချင် ပါသေးတယ်။ အပျော် အပါး၊ အက အခုန်နဲ့ အသောက် အစား ၊ လောင်း ကစား တွေကို လည်း ခုံမင် မက်မော ကြတယ်။ အနောက် နိုင်ငံ ကြီးတွေ အပေါ်မှာ လည်း အထင် ကြီး တယ်၊ ယုံလွယ် တယ်၊ တကယ်တော့ သူတို့တွေ ဟာ တစ်ချိန်က ယဉ်ကျေးမှု အရှိ ဆုံး လူမျိုးတွေ ပါ။ ဒါပေမဲ့ အနောက် နိုင်ငံကြီးတွေ ရဲ့ လူမျိုးရေး ဝါးမျိုမှု ကို အတု အယောင် မှား ခဲ့တဲ့ အတွက် ဝါးမျို ခံလိုက် ရခြင်း ပဲ ဖြစ်ပါ တယ်။ ထိုနည်း တူ စွာပဲ ကျွန်တော် တို့ မြန်မာနိုင်ငံ ရဲ့ အကြောင်း ကို ဆက်လက် တင်ပြချင် ပါသေး တယ်။

ယနေ့ခေတ် ကျွန်တော် တို့ မြန်မာနိုင်ငံ ရဲ့ လူငယ်၊ လူရွယ်၊ ယောက်ျား၊ မိန်းမတွေ တော်တော် များများ ဟာ လည်း အခြား နိုင်ငံတွေ နဲ့ တိုင်း တစ်ပါးသား တွေ ရဲ့ မြှူဆွယ်မှု၊ လူမျိုး ရေး ဝါးမျိုမှု ကို ခံနေ ကြ ရပြီ ဖြစ်ပါတယ်။ အရင် ကဆို ကမ္ဘာ မှာ မြန်မာဟေ့ လို့တောင် တင်စား ခံခဲ့ ရပါ တယ်။ ဘာသာ တရား ကို ကိုင်းရှိုင်းခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တွေ ကို စောင့်ထိန်းခြင်း၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့် ကြဌန်း နှင့် ကိုယ်ပိုင် အချုပ်အခြာ အာဏာ ရှိသောကြောင့် ကမ္ဘာ့ အ လယ် မှာ မြန်မာ ဟာ တင့်တယ် ထည်ဝါ ခဲ့ ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မြန်မာ လူမျိုးတွေ ရဲ့ ဝတ်စား ဆင်ယင် ၊ နေထိုင် ပြုမူပုံတွေ ဟာ ကမ္ဘာက ကဲ့ရဲ့ပြစ် တင် ဝေဖန် စရာ ဖြစ်လာ တာတွေ ကို တွေ့နေ ရပါ တယ်။ ရှေးမြန်မာ ဘုရင် များ လက်ထက် က ဆိုရင် မြန်မာ လူမျိုးတွေ ရဲ့ ဝတ်စား ဆင်ယင် မှု ၊ နေထိုင်ပြု မူ ပြောဆို ပုံတွေ ဟာ အလွန် တရာမှ ယဉ်ကျေး သိမ်မွေ့လှ ပါ တယ် ။ နူးညံ့ပျော့ပျောင်း လှပါပေ တယ်။ ရှေးခေတ်မြန် မာ အမျိုးသမီးတွေ ဆိုရင် ဣနြေ္ဒ ရှိရတယ်။ ထ ဘီ ရင်ဖုံး အင်္ကျီ တွေကို ပဲ ဝတ်ကြ ရတယ်။ ထဘီဝတ် ရင်တောင် ခြေ မျက်စိ မပေါ်လွင် ရဘူး ။ ခြေ မျက်စိ ဖုံးအောင် ဝတ် ကြရ တယ်။ ဒါကြောင့် လည်း ရှေးမြန် မာ အမျိုးသမီး များ ဟာ လွန် စွာ မှ ကျက်သရေ ရှိလှ ပါတယ်။

ယနေ့ခေတ် မြန်မာ အမျိုးသမီးတွေ ကတော့ ခြေမျက်စိ ပေါ်ရုံ တင် မက ဒူးပေါ်၊ ပေါင်ပေါ်ဖြစ်နေ ပြီ။ ဒါဟာ ကျွန်တော် တို့ မြန်မာ အမျိုးသမီးတွေ နဲ့ အပ်စပ် တဲ့ ဝတ်စား ဆင်ယင်မှု မျိုး မဟုတ် ပါ ဘူး။ အဲ့ဒီ လို ဝတ်စား ဆင်ယင် မှုမျိုး ကိုလည်း ဘယ် မိဘ၊ ဘိုးဘွား၊ ညီ အစ်ကို မောင်နှမတွေ ကမှ လက်ခံ ကြမှာ မဟုတ် ပါဘူး။ ကြည်ဖြူ ကြ မှာ မဟုတ် ပါဘူး။ မတတ်သာ လို့ မာန်လျှော့ ထားရတာ ရှိသလို မပြောသာ လို့ဘဲ လွှတ်ထား ကြရ တာပါ။ ယိုသူ မရှက် ၊ မြင်သူ ရှက် ဆိုတဲ့ စကား လိုပေါ့။ ဟိုပေါ် ဒီပေါ် ဝ တ်တဲ့ သူက မရှက် ဘဲ အဲ့ဒီ သမီး မိန်းကလေးတွေ ရဲ့ မိဘ၊ ဘိုး ဘွား၊ ညီ အစ်ကိုမောင်နှမ တွေ ကတော့ ရှက်မိ ကြမှာ အမှန် ပါပဲ။ သူတို့နေရာ မှာ ကျွန်တော် သာ ဆို လည်း ရှက်မိမှာ ပါပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာ တစ်ယောက်ဖြစ် တဲ့ မြန်မာ အမျိုးသမီး တစ် ဦး ဟာ မျက်စိ ရှက် စရာကောင်းလောက်အောင် ဝတ်စား ဆင်ယင် ထား လို့ ပါပဲ။

ကိုရီးယား ဇာတ်လမ်း ထဲက မင်းသမီးတွေ၊ ဇာတ်ဆောင်တွေ၊ ဇာတ် ပို့၊ ဇာတ် ရံတွေ ရဲ့ ဝတ်စား ဆင်ယင် ပုံ၊ သွား တာ၊ လာ တာ၊ နေတာ၊ ထိုင်တာတွေ ကို အတု ခိုးပြီး သူတို့ အတိုင်း တစ်သဝေ မတိမ်း လုပ်ဆောင်တော့ တာ ပါပဲ။ ကိုရီးယား နိုင်ငံမှာ မိန်းမတွေ အရက်သောက် တာ ဟာ သူတို့  ဓလေ့၊ သူတို့ ထုံးစံ၊ သူတို့ ယဉ်ကျေးမှုတွေ ပါ။ ကျွန်တော် တို့ မြန်မာ အမျိုးသမီးတွေ အနေ နဲ့ လားလား မှ မသက်ဆိုင် ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ် ကျွန်တော် တို့ မြန်မာ အမျိုး သမီး လူငယ်ေ တ်ာတော် များများ ဟာ ပျော်ပွဲ ရွှင်ပွဲတွေ ရှိရင် လည်း အရက်သောက်၊ စိတ်ညစ် ရင် လည်း အ ရက်သောက် တတ် လာကြ ပါတယ်။ အဲ့ဒီလို သောက်တတ် ကြတဲ့ အမျိုးသမီး ငယ် တွေကို ပြန် ကြည့် မယ် ဆိုရင် ၉ တန်း၊ ၁ဝ တန်း နဲ့ တက္ကသိုလ် ကျောင်းသူတွေ သာ အဖြစ် များ ကြ ပါတယ်။ သူတို့လေးတွေ ရဲ့ မိဘတွေ ဆိုရင် ဘယ်လောက် ခံစား ရမလဲ။ ဘယ်လောက် အထိ ပူေ ဆြးေ သာ က ရောက်ရရှာ မလဲ။ ပြီးတော့ဖြင့် ကိုယ် က မိန်းကလေး ယောက်ျားလေး လည်း မဟုတ်ပြန် ဘူး။ ကိုယ် အရက်မူးနေ တဲ့ အချိန် သူယုတ်မာတွေ ရဲ့ အစော်ကား ခံရမှာ ကို လည်း မကြောက် ကြ ဘူးနဲ့ ထင်ပါ ရဲ့။ ကိုယ့်ရဲ့ ဂုဏ် သိက္ခာ၊ မိဘတွေ ရဲ့ ဂုဏ် သိက္ခာတွေ ကို လည်း စောင့်ထိန်း ရ ကောင်းမှန်း လည်း မသိ ကြတော့ ပါဘူး။ ဒါဟာ တိုင်းပြည် အတွက် အင်မတန် မှ လည်း နစ် နာစေ ပါတယ်။ တိုင်းပြည် ကို ပခုံးပြောင်း တာဝန်ယူ ထမ်းဆောင် ကြရမယ့် အမျိုးကောင်း သ မီးတွေ လည်း ဆုံးရှုံး ရပါ တယ်။

ဤသို့ အဖြစ်ဆိုးတွေ နဲ့ ရင်ဆိုင်နေ ရခြင်း ဟာ ကိုရီးယား လူမျိုးတွေ ရဲ့ ယဉ်ကျေး မှု အရ ဝါး မျိုခြင်း ကို မြန်မာ အမျိုးသမီး ငယ်လေးတွေ အတု အယောင်တွေ မှား ခဲ့ကြ လို့ပါပဲ။

ကျွန်တော် ဆိုလိုချင် တာ ကတော့ လူ ဆိုတာ အမှား ကို သိရင် အမှန် ကို ပြင်ရ မယ်။ ကိုယ် လုပ် တာ မှားနေ တယ် ဆိုရင် လည်း အဲ့ဒီ အမှား ထဲက သင်ခန်းစာ ယူတတ် ရမယ်။ အဲ့ဒီလို သင် ခန်း စာေ တွ ယူတတ် မှ လည်း အမျိုးကောင်း သမီး အလိမ္မာလေးတွေ ဖြစ်လာ မှာ အမှန် ပါပဲ။ ယခု ဆို လျှင် ကျွန်တော် တို့ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေ၊ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်မှု လုပ်ငန်းတွေ ကို ကမ္ဘာနှင့် ယှဉ် ရင်ပေါင် တန်း ပြီး လုပ်ဆောင် လာတာ ကို တွေ့ ရမှာ ဖြစ် ပါတယ်။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲ လာတာ ကို လည်း မြင်တွေ့ နေ ကြ ရပါ ပြီ။ ဖွံ့ဖြိုး တိုးတက် မှုတွေ၊ ခေတ်တွေ၊ စနစ်တွေ ဘယ်လောက် ပဲ ပြောင်း လဲနေ ပါစေ မြန်မာ ဟာ မြန် မာ ပါပဲ။ မြန်မာ လူမျိုး တွေ ရဲ့ အမျိုး ဂုဏ်၊ ဇာတိ ဂုဏ်နဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ အမျိုး သားေ ရး လက္ခဏာတွေ မပျောက် ပျက် စေဖို့ က မြန်မာ တစ်မျိုးသား လုံး ရဲ့ တာဝန် ဖြစ် ပါတယ်။

အမျိုးဂုဏ် ဆိုတာ ကတော့ မြန်မာတွေ ရဲ့ မျိုးရိုး ကို ဆိုလိုခြင်း ဖြစ် တယ်။ ဒါကြောင့် ရှေး အစဉ် အဆက် ထိန်း သိမ်း ခဲ့တဲ့ မြန်မာ့ အမွေ အနှစ် ဖြစ်တဲ့ ဝတ်စား ဆင်ယင်မှု ကို ထိန်းသိမ်း ကြရ မှာဖြစ် ပါတယ်။ ဒါမှ လည်း အမျိုး ဂုဏ် တင့်တယ် မှာ ဖြစ်ပါ တယ်။ ဇာတိ ဂုဏ် ဆိုတာ က လည်း မိမိ တို့ရဲ့ မွေးရပ် ဌာနေ ကို ဆိုလိုခြင်း ဖြစ်ပါ တယ်။ အဲ့ဒီ မွေးရပ် ဌာနေ ဟာ လည်း မြန်မာနိုင် ငံ ဖြစ် တဲ့ အတွက် ဂုဏ်ယူ စရာ လည်း ကောင်းလှ ပါတယ်။

ထို့အပြင် ကမ္ဘာ့ နိုင်ငံ ကြီး များ ကပင် လေးစား ရလောက်အောင် ၊ ချီးမွမ်း ရလောက်အောင် ယဉ်ေ ကျး သိမ်မွေ့ ၏၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ သမား တို့ကို လည်း ကြည်ညို လေးစား ၏၊ သနား ညှာတာ တတ် ၏ စတဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ ကို လည်း စောင့်ထိန်း သွားရ မှာဖြစ် သလို မြန်မာ တစ် မျိုးသား လုံး တိုင်း တစ်ပါးသားတွေ ရဲ့ လူမျိုးရေး အရ ဝါးမျိုမှု ကို အတု မယူဘဲ မိမိ တို့ နိုင်ငံရဲ့ ယဉ်ကျေးမှု ကို ထိန်းသိမ်း နိုင် ကြစေရန် ရည်ရွယ် ၍ ရေးသား တင်ပြ အပ် ပါတ ယ်။

ကေတု

Posted by Unknown on Sunday, October 13, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive