Photo
ဧရာဝတီ သတင်းဌာန သံတွဲအရေးအခင်းကိစ္စနဲ့  ပက်သက်လို့  သတင်းအမှားတွေ လျောက်တင်တယ်။ နောက်သတင်းသတင်းဌာနတွေ တမျိုးတပုံရေးကြ ၊အပုတ်ချကြ။ ရခိုင်တိုင်းရင်းသားတွေက ရစရာကို မရှိဘူး။ ဘယ်သူတွေကဒီပြဿာနာကိုစတာလဲ ။

ဘယ်သူတွေ ထိခိုက်နှုစ်နာစေတာလဲ ။ အဲ့ ဒီသတင်းဌာနတွေက ပြည်ပကနေဖုန်းလှမ်းဆက်ပြီး
ဘာမှ လဲ မသိ မမြင် ရပဲ သတင်းတွေ လျောက်ရေး ။ လျောက်လိမ်၊ ရခိုင်တွေ ကအကြမ်းဖက်သမားတဲ့ လား ၊ တစ်ဖက်အမြင်နဲ့  နောက်တစ်ဖက် အမြင်ကို ရေးသားမူ ဖော်ပြတွေ မရှိဘူး။ သတင်းရေးသားမူတွေလဲ တစ်ဖက် သက် ပါနေတာတွေ များတယ်။

ထားပါတော့ ။

ကျွန်မကတော့ သူတို့ တွေကို ပြည်ပကနေဒေါ်လာစားပြီး အသံကောင်းအော်ဟက်နေကြတဲ့ ကလိမ်းကကျစ်သတင်းမီဒီယာသမားတွေ လို့ မြင်တယ်။

(အမှန်တရားကို မြတ်နှိုးတဲ့သူတွေ မပါ)

“သံတွဲ ပဋိပက္ခရလဒ်များ” ဦးဝီရသူ

စက်တင်ဘာလ 29 ရက်နေ့က ဖြစ်ပွားသော အဓိကရုဏ်းကြောင့် မူဆလင် ၅ ဦးသေဆုံး၊ ရခိုင် ၄ ဦးဒဏ်ရာရ၍ ဆေးရုံတက်ရာမှ ယနေ့ 3.10.2013 ရက်နေ့မှာ ၁ ဦးသေဆုံးသွားခဲ့ပြီဖြစ်သည်။
သေဆုံးသူအမည် မသိရသေးကြောင်း ဆေးရုံလူနာသုံးဦးမှာ တောင်ကုတ်မြို့၊ သင်ပန်းရွှေရွာမှ ကိုသောင်းရွှေ၊ သံတွဲမြို့၊ အံတော်ကွက်သစ်မှ ကိုရန်နိုင် (ကရင်/ခရစ်ယာန်) ခရစ်ယာန်ဓမ္မဆရာတစ်ယောက် ဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည် (၉၄) နှစ်သည် ဓားခုတ်ခံရ၍ သေဆုံးခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၄င်း၏ မိသားစုက အိမ်တံခါးပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ လူအုပ်ကြီးက ပွေ့ချီပြီး အပြင်ထုတ်ခဲ့ကြောင်း၊ စိုးရိမ်ထိတ်လန့်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရင်ခွဲရုံအစောင့် ရဲများအား မေးမြန်းကြည့်ရာ ဒဏ်ရာဒဏ်ချက် မတွေ့ရကြောင်း သံတွဲသားတို့ ပြောဆိုနေကြပါသည်။

ဖမ်းဆီးခံရသူများမှာ 1.10.2013 တွင် ဦးမောင်မောင်အေး။ ဦးဇော်ထက်။ ဦးညွန့်ဝင်း။ ဦးမိုးကျော်သူ-(၄) ဦး။

2.10.2013 တွင် ဦးခင်မောင်သန်း။ ဦးကံကြီးအောင်။ ဦးဖိုးလှပြည့်။ ဦးအောင်တင်ဝင်း။ (၄) ဦး။
ဦးထွန်းသန့်ကျော် (ရဲအောင်လံကားဂိတ်မှူး)
ဦးဝင်းကိုလေး (စက်သုံးဆီအရောင်းဆိုင်)
ဦးမောင်ပု (RNDP-ဥက္ကဋ္ဌ၊ သံတွဲ)

ကိုငယ် (ပန်းကံ့ကော် လဘက်ရည်ဆိုင်)
ဦးသိန်းဝင်း (ဧဝရတ် လဘက်ရည်ဆိုင်)
ဦးသိန်းဇံ (ဂျာနယ်ဆိုင်) (၆) ဦး။

3.10.2013 တွင် ဦးဌေးအောင်။ ဦးထွန်းဖေ။ (၂) ဦးထပ်ဖမ်းသည်။
ဖျက်ဆီးခံရသော အိမ်ခြေများတွင် ရခိုင်အိမ်ခြေ (၂၃) လုံး ပါဝင်ပြီး၊ ကျောက်ဆိပ်ရွာတွင်ရှိသော မူဆလင်အိမ် (၃)အိမ် မီးလောင်ပျက်စီးရာတွင် ကိုယ့်အိမ်ကိုယ်ပြန်မီးရှို့၍ ပျက်စီးသော တစ်အိမ်လည်း ပါဝင်သည်ဟု သိရသည်။

2.10.2013 ရက်နေ့က အဖမ်းခံရသော ဦးထွန်းသန့်ကျော်တို့ (၆) ဦးကို 30.9.2013 ရက်နေ့က အဖမ်းခံရသော ဦးထွန်းသန့်ကျော်တို့ (၆) ဦးကို 30.9.2013 ရက်နေ့က အဖမ်းခံရသော ဦးကျော်ဇံလှက တိုင်သောကြောင့် ဖမ်းရခြင်းဖြစ်ပြီး ပုဒ်မ ၃၄၆ ဖြင့် ရမန်ယူထားသည်ဟု သိရသည်။

ကမန်လူမျိုးသည် တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည်။ ယခင်က ကမန်လူမျိုးနှင့် လူမျိုးရေးပြဿနာ မဖြစ်ဖူးခဲ့ပေ။ ကမန်လူမျိုးသည် မူဆလင်/အစ္စလာမ်များဖြစ်သော်လည်း တိုင်းရင်းသား သွင်ပြင်လက္ခဏာရှိခဲ့ ကြသည်။ ဘင်္ဂလီဗလီဆရာများ သွေးထိုးလှုံဆော်ရာမှ ကြမ်းတမ်းရိုင်းစိုင်းလာကြခြင်းဖြစ်ကြောင်း ရမ်းဗြဲ ကမန်လူမျိုးတွေကို လေ့လာရာမှ သိရှိခဲ့ရဖူးသည်။

ထို့အပြင် ကမန် တိုင်းရင်းသားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာရခြင်းမှာ ဘင်္ဂလီနှင့် မူဆလင် မကွဲကြသောကြောင့်လည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive