ခင်များတို့ပြောတော့ ဒီမိုကရေစီဆို ။
'ဒီမိုကရေစီ'လို့ အရင်စပြောတာလည်း ခင်များတို့နော်။

အခု ဘယ်လိုဖြစ်ကြတာတုန်းဗျ။
နည်းနည်းလေးမှ အပြောမခံနိုင်ကြပါလား?

"အမျိုးဘာသာ၊သာသနာ"ဆိုတဲ့ စကားကို ဘာလို့များ ခါးခါးသီးသီး ငြင်းဆန်နေရတာလဲ?

"ပြည်သူ့အသံ ပြည်သူ့အသံ"လို့ နာမည်ကောင်းဟစ်ခဲ့ကြတာ မေ့ကုန်ပြီလား ?။
ဒါ ခင်များတို့နားထောင်ချင်တဲ့'ပြည်သူ့အသံ'လေ။

ကျုပ်က နိုင်ငံရေးသမားမဟုက်သလို ဘယ်အာဏာရှိတဲ့သူနဲ့မှလည်း မပတ်သက်ဖူးဘူး။
ဗုဒ္ဓဘာသာမြန်မာပြည်သားတစ်ယောက်ရဲ့ ခံစားချက်နဲ့ ပြောနေတာဗျ။

'အပြစ်'မပြောဘူး။'အဖြစ်'ကို ပြောပြတာ။

အာဏာရှင်တွေပဲဖြစ်ဖြစ်၊
သာသနာဖျက်တွေပဲဖြစ်ဖြစ်၊
ရွံတယ်။

အစိုးရကိုလည်း မဆဲဘူး။
NLD ကိုလည်း မဆဲဘူး။

ကြိုက်ရင် ကြိုက်တယ်ပြောမယ်။
မကြိုက်ရင်တော့ ဝေဖန်မယ်။

ဒါလေးလောက်မှ အပြောမခံနိုင်ရင် "ဒီမိုကရေစီ-ကြိုးဝိုင်း"ရဲ့ အပြင်ထွက်နေလိုက်။ ဒါပဲ။

လက်ဝဲသုန်(ဟံလင်း)

Posted by Unknown on Sunday, October 13, 2013
categories: edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive