ယနေ့ မြန်မာနိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ မူဝါဒအပြောင်းအလဲ များကြောင့် နိုင်ငံတကာမှ အထူး အာရုံစိုက်လျက်ရှိပြီး နိုင်ငံစုံ စီးပွားရေး လုပ်ငန်းရှင် အများအပြားမှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြုပ်နှံကြလျှက် ရှိသည်။ နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံမှုများ လာရောက်မည့် အလားအလာ ကောင်းများ ကြောင့် စာရင်အင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲ ကျွမ်းကျင်သူများ အထူး လိုအပ် လာပြီး နိုင်ငံတကာမှ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ရှိသူများ အနေဖြင့် မိမိနိုင်ငံ အတွင်းမှာပင် နိုင်ငံရပ်ခြားမှ လစာနှုန်းထား ခံစားခွင့်များအတိုင်း ရရှိ နိုင်ကြတော့မည် ဖြစ်သည်။

စီးပွားရေးလုပ်ငန်း နယ်ပိုင်းတိုင်း အတွက် စာရင်းအင်းပညာရှင်များ မရှိမဖြစ် လိုအပ်သည့်အတွက် စာရင်းကိုင် ဘာသာ ရပ်ကို ကျွမ်းကျင်အောင် တတ်မြောက်ထား သူများသည် ကျယ်ပြန့်သော လုပ်ငန်းခွင် ရွေးချယ်ခွင့်များ ရရှိနိုင်ကြမည်ဖြစ်သည်။ Finance (ဘဏ္ဍာရေး) ဘာသာရပ်သည် ငွေနှင့် ရင်းနှီးမြုပ်နှံမှုများအကြောင်း သင်ကြားပေးခြင်း ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင် လုပ်ငန်း (သို့ ) ဖက်စပ်လုပ်ငန်း (သို့) ကုမ္ပဏီ လုပ်ငန်း (သို့) အစိုးရ အဖွဲ့စည်းများ အတွင်း ရင်းနှီးမြုပ်နှံခြင်း၊ ရှယ်ယာနှင့် စာချုပ်များ ၀ယ်ယူခြင်း၊ ၄င်း ရင်းနှီးမြုပ်နှံမှု များမှ ရရှိမည့် အကျိုးအမြတ်များအား စီမံခန့်ခွဲခြင်းနှင့် မိမိ၏ ရင်းနှီးမြုပ်နှံမှုအား ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံ ဆောင်ရွက်နိုင်စေရန် သင်ကြားပေးမည့် ဘာသာရပ် ဖြစ်သည်။ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် များ စင်ကာပူနိုင်ငံတွင် သင်ယူလိုသူများ အတွက် စင်ကာပူအစိုးရ အသိအမှတ်ပြု Edu Trust လက်မှတ် (၄) နှစ် ရရှိထား သည့် ထိပ်တန်း ပုဂ္ဂလိက ကျောင်းများ ဖြစ်သည့် PSB, MDISU, CURTIN, SMF, SAA-GE တို့တွင် သင်ယူနိုင်ကြမည်ဖြစ်ပြီး သြစတြေးလျ၊ အင်္ဂလန်နိုင်ငံနှင့် နိုင်ငံ တကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီများ ရရှိ နိုင်ကြမည် ဖြစ်သည်။ PSB Academy သည် (၂၀၁၃) ခုနှစ်အတွက် သြစတြေးလျ နိုင်ငံ၏ The University of Newcastle, The University of Wollgong အင်္ဂလန် နိုင်ငံ၏ Manchester Metropolitan University တို့နှင့် ချိတ်ဆက်ထားသော စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့ဒီဂရီ ရယူလိုသူများသည် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး ပါက PSB ၏ စိးပွားစီမံဒီပလိုမာ (စာရင်း အင်းနှင့် ဘဏ္ဍာရေး) သို့မဟုတ် အခြေခံ စီးပွားရေး ဒီပလိုမာမှတစ်ဆင့် စာရင်းအင်း နှင့် ဘဏ္ဍာရေး အထူးပြုဘွဲ့ ဒီဂရီတန်းများ သို့ ရယူနိုင်ကြမည် ဖြစ်သည်။

(၂၀၁၃) ခုနှစ် စင်ကာပူတွင် ပုဂ္ဂလိက ပညာသင်ကြားရေး အတွေ့အကြုံ နှစ်ပေါင်း (၆၀) ၀န်းကျင်ရှိ MDIS သည် အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံတို့မှ ထိပ်တန်းတက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ကာ နိုင်ငံတကာ အဆင့်မှီ ဘွဲ့ဒီဂရီ အမျိုးမျိုး တို့ကို ပေးအပ်လျှက် ရှိပါသည်။
မြန်မာနိုင်ငံမှ အခြေခံ အထက်တန်း အောင်မြင်ပြီးသူများမှာ MDIS ၏ စီးပွားစီမံ ဒီပလိုမာနှင့် အဆင့်မြင့် စီးပွားစီမံ ဒီပလိုမာ များကို တက်ရောက်ပြီး အင်္ဂလန်နိုင်ငံရှိ University of Bradford၏ စာရင်အင်းနှင့် ဘဏ္ဍာရေး ဘွဲ့ ဒီဂရီနှင့် University of Wales ၏ ဘဏ်လုပ်ငန်းဆိုင်ရာ နှင့် ဘဏ္ဍာရေး ဘွဲ့ ဒီဂရီ စသည်တို့ကို တက် ရောက်နိုင်မည် ဖြစ်ပါသည်။

သြစတြေးလျရှိ James Cook University (JUC) နှင့် Curtin University တို့၏ Campus အခွဲများကို စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်ထားကာ ယခုအခါ Top Private စာရင်းဝင်များအဖြစ် ရပ်တည် လျှက်ရှိကြပါသည်။ Curtin University ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေး၊ ဘဏ္ဍာရေးနှင့် ဈေးကွက် ဆိုင်ရာ ဘွဲ့ဒီဂရီတန်းများကို ရယူလို သူများသည် Certificate IV Tertiary Preparation နှင့် စီးပွားကူးသန်း ဒီပလို များမှတဆင့် ဒီဂရီတန်းများသို့ တက်ရောက် နိုင်မည် ဖြစ်သည်။ အသိအမှတ်ပြု စာရင်းအင်းဘွဲ့ ရရှိပြီးသူများမှာ Curtin University စာရင်းအင်းဆိုင်ရာ မဟာဘွဲ့ ဒီဂရီတန်းသို့ တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

JUC, Singapore တွင် စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာဘွဲ့ ဒီဂရီ၊ စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်ရေး မဟာဘွဲ့ ဒီဂရီနှင့် စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာဘွဲ့ ဒီဂရီတို့ကို ပေါင်းစပ် ပေးအပ်မည့် Joint Master တို့ကို တက်ရောက်သင်ကြား ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
အချိန်တိုအတွင်း Murdoch University, Australia, University College of Dublin, Ireland, University of Portsmouth, UK စာရင်းအင်း၊ ဘောဂ ဗေဒ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဘွဲ့ဒီဂရီ များကို ဘာသာရပ် တစ်ခုချင်းစီ (သို့) ဘာသာများ ပေါင်းစပ် သင်ကြားပေးမည့် Double Majors အဖြစ် Kaplan Higher Learning Academy တွင် ရွေးချယ် တက်ရောက်နိုင်မည်ဖြစ်ပြီး ၄င်း ဘွဲ့ ဒီဂရီများအတွက် Kapla မှ ပေးအပ်မည့် စာရင်းကို ဒီပလိုမာ (သို့) ဘဏ်လုပ်ငန်းနှင့် လုံခြုံ စိတ်ချရသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီပလိုမာ တစ်ခုခုကို တက်ရောက်ရမည် ဖြစ်သည်။ ထူးခြားမှုမှာ ဘဏ်လုပ်ငန်းနှင့် လုံခြုံစိတ်ချရသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီပလိုမာ တက်ရောက်သူများမှာ Chatered Institute for Securities and Investment (CISI) မှ ပေးအပ်မည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှု လက်မှတ် နှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လက်မှတ်များကိုပါ ရရှိနိုင်ကြမည်ဖြစ်သည်။ ဘွဲ့လွန် တက်ရောက်မည့်သူများသည် University College of Dublin (UCD) ၏ ဘဏ္ဍာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ကိုလည်း တက်ရောက်နိုင်ကြမည် ဖြစ်သည်။

စင်ကာပူတွင် နှစ်ပေါင်း(၈၀) ကျော် အောင်မြင်စွာ ရပ်တည်လျှက်ရှိသော စီးပွားရေး အဖွဲ့ချုပ်ကြီးအဖြစ် ရပ်တည် လျက်ရှိသည့် Singapore Manufacturer Federations (SMF) ၏ Certificate in Foundation Studies နှင့် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု ဒီပလိုမာ (စာရင်းအင်း၊ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာ)တို့မှ တဆင့် Murdoch University, Australia ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ ဒီဂရီများ ရယူနိုင်ကြမည် ဖြစ်သည်။ စီးပွားရေး အဖွဲ့အစည်းကြီးအဖြစ် စတင်ခဲ့ပြီး ကုမ္ပဏီပေါင်း (၃၀၀၀)ကျော်မှ အဖွဲ့ဝင် အဖြစ် ပေါင်းစပ်ထားသည့် SMF တွင် တက်ရောက်သူများအတွက် ထူးခြားသော အတွေ့အကြုံနှင့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
SAA Global Education နှင့် ချိတ်ဆက် ထားသည့် Plymouth University ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေးဘွဲ့ ဒီဂရီအတွက် စီးပွားစီမံအဆင့်မြင့် ဒီပလိုမာ Level I, IIကို ဦးစွာ တက်ရောက်ရမည် ဖြစ်သည်။
စာရင်းကိုင် ဘာဘာသာရပ်များအတွက် အချိန်နှင့် ငွေကုန်ကြေးကျ လျှော့ချလို သူများ အဖို့ Foundation in Accountancy (FIA) နှင့် Association of Chartered Accountants (ACCA) ဘာသာရပ်များကို စင်ကာပူ ပြည်သူ့ စာရင်းကိုင် လက်မှတ်ရ SAA-GE နှင့် ၀ါရင့်ဆရာ၊ ဆရာမများကို ခန့်အပ် သင်ကြားစေသည့် Kaplan (Financial) တို့တွင် သင်ယူနိုင်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း အောင်မြင်ထားပြီး စာရင်းအင်း အတွေ့အကြုံ မရှိသူများသည် FIA သို့ တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံမှ ဘွဲ့ရများ၊ စီးပွားရေး (သို့) စာရင်းကိုင် ဒီပလိုမာ ရရှိထားသူများ ACCA သို့ တက်ရောက်နိုင်ကြမည် ဖြစ်သည်။အထက်ဖော်ပြပါ စာရင်းအင်းနှင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့ဒီဂရီ တန်းများ အားလုံးအတွက် IELTS သတ်မှတ်ချက်များ ရှိပြီး IETLS ဖြေဆို ထားခြင်း မရှိပါက မိမိ တက်ရောက်မည့် ကျောင်း၏ အင်္ဂလိပ်စာ သင်တန်းများသို့ တက်ရောက်နိုင်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အသိ အမှတ်ပြု ဘွဲ့ဒီဂရီ ရရှိထားသူများ၊ အသိ အမှတ်ပြု ဘွဲ့ဒီဂရီတန်း တက်ရောက်လျက် ရှိသူများ၊ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီပလိုမာ ရရှိထားသူများမှာ ဘာသာရပ် ကင်းလွတ်ခွင့် ရရှိခြင်း (သို့) ဘွဲ့ဒီဂရီ တန်းများသို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်သည်။
Accounting and Finance ဘာသာရပ် များအကြောင်း အသေးစိတ် သိရှိလို သူများသည် AT&S ဖုန်း (၆၅၂၂၈၈၊ ၅၂၁၁၂၅၊ ၂၅၁၃၃၂၊ ၀၉-၅၁၂၄၇၆၁၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁) တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အေးချမ်းမွန်မှ Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Photo: ပြောင်းလဲ တိုးတက်လာမည့် မြန်မာ့စီးပွားရေး အခြေအနေအရ ၂၀၁၃ ခုနှစ်အတွက် သင်ယူသင့်သော စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ  ယနေ့ မြန်မာနိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ မူဝါဒအပြောင်းအလဲ များကြောင့် နိုင်ငံတကာမှ အထူး အာရုံစိုက်လျက်ရှိပြီး နိုင်ငံစုံ စီးပွားရေး လုပ်ငန်းရှင် အများအပြားမှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြုပ်နှံကြလျှက် ရှိသည်။ နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံမှုများ လာရောက်မည့် အလားအလာ ကောင်းများ ကြောင့် စာရင်အင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲ ကျွမ်းကျင်သူများ အထူး လိုအပ် လာပြီး နိုင်ငံတကာမှ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ရှိသူများ အနေဖြင့် မိမိနိုင်ငံ အတွင်းမှာပင် နိုင်ငံရပ်ခြားမှ လစာနှုန်းထား ခံစားခွင့်များအတိုင်း ရရှိ နိုင်ကြတော့မည် ဖြစ်သည်။  စီးပွားရေးလုပ်ငန်း နယ်ပိုင်းတိုင်း အတွက် စာရင်းအင်းပညာရှင်များ မရှိမဖြစ် လိုအပ်သည့်အတွက် စာရင်းကိုင် ဘာသာ ရပ်ကို ကျွမ်းကျင်အောင် တတ်မြောက်ထား သူများသည် ကျယ်ပြန့်သော လုပ်ငန်းခွင် ရွေးချယ်ခွင့်များ ရရှိနိုင်ကြမည်ဖြစ်သည်။ Finance (ဘဏ္ဍာရေး) ဘာသာရပ်သည် ငွေနှင့် ရင်းနှီးမြုပ်နှံမှုများအကြောင်း သင်ကြားပေးခြင်း ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင် လုပ်ငန်း (သို့ ) ဖက်စပ်လုပ်ငန်း (သို့) ကုမ္ပဏီ လုပ်ငန်း (သို့) အစိုးရ အဖွဲ့စည်းများ အတွင်း ရင်းနှီးမြုပ်နှံခြင်း၊ ရှယ်ယာနှင့် စာချုပ်များ ၀ယ်ယူခြင်း၊ ၄င်း ရင်းနှီးမြုပ်နှံမှု များမှ ရရှိမည့် အကျိုးအမြတ်များအား စီမံခန့်ခွဲခြင်းနှင့် မိမိ၏ ရင်းနှီးမြုပ်နှံမှုအား ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံ ဆောင်ရွက်နိုင်စေရန် သင်ကြားပေးမည့် ဘာသာရပ် ဖြစ်သည်။ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် များ စင်ကာပူနိုင်ငံတွင် သင်ယူလိုသူများ အတွက် စင်ကာပူအစိုးရ အသိအမှတ်ပြု Edu Trust လက်မှတ် (၄) နှစ် ရရှိထား သည့် ထိပ်တန်း ပုဂ္ဂလိက ကျောင်းများ ဖြစ်သည့် PSB, MDISU, CURTIN, SMF, SAA-GE တို့တွင် သင်ယူနိုင်ကြမည်ဖြစ်ပြီး သြစတြေးလျ၊ အင်္ဂလန်နိုင်ငံနှင့် နိုင်ငံ တကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီများ ရရှိ နိုင်ကြမည် ဖြစ်သည်။ PSB Academy သည် (၂၀၁၃) ခုနှစ်အတွက် သြစတြေးလျ နိုင်ငံ၏ The University of Newcastle, The University of Wollgong အင်္ဂလန် နိုင်ငံ၏ Manchester Metropolitan University တို့နှင့် ချိတ်ဆက်ထားသော စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့ဒီဂရီ ရယူလိုသူများသည် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး ပါက PSB ၏ စိးပွားစီမံဒီပလိုမာ (စာရင်း အင်းနှင့် ဘဏ္ဍာရေး) သို့မဟုတ် အခြေခံ စီးပွားရေး ဒီပလိုမာမှတစ်ဆင့် စာရင်းအင်း နှင့် ဘဏ္ဍာရေး အထူးပြုဘွဲ့ ဒီဂရီတန်းများ သို့ ရယူနိုင်ကြမည် ဖြစ်သည်။  (၂၀၁၃) ခုနှစ် စင်ကာပူတွင် ပုဂ္ဂလိက ပညာသင်ကြားရေး အတွေ့အကြုံ နှစ်ပေါင်း (၆၀) ၀န်းကျင်ရှိ MDIS သည် အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံတို့မှ ထိပ်တန်းတက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ကာ နိုင်ငံတကာ အဆင့်မှီ ဘွဲ့ဒီဂရီ အမျိုးမျိုး တို့ကို ပေးအပ်လျှက် ရှိပါသည်။ မြန်မာနိုင်ငံမှ အခြေခံ အထက်တန်း အောင်မြင်ပြီးသူများမှာ MDIS ၏ စီးပွားစီမံ ဒီပလိုမာနှင့် အဆင့်မြင့် စီးပွားစီမံ ဒီပလိုမာ များကို တက်ရောက်ပြီး အင်္ဂလန်နိုင်ငံရှိ University of Bradford၏ စာရင်အင်းနှင့် ဘဏ္ဍာရေး ဘွဲ့ ဒီဂရီနှင့် University of Wales ၏ ဘဏ်လုပ်ငန်းဆိုင်ရာ နှင့် ဘဏ္ဍာရေး ဘွဲ့ ဒီဂရီ စသည်တို့ကို တက် ရောက်နိုင်မည် ဖြစ်ပါသည်။  သြစတြေးလျရှိ James Cook University (JUC) နှင့် Curtin University တို့၏ Campus အခွဲများကို စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်ထားကာ ယခုအခါ Top Private စာရင်းဝင်များအဖြစ် ရပ်တည် လျှက်ရှိကြပါသည်။ Curtin University ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေး၊ ဘဏ္ဍာရေးနှင့် ဈေးကွက် ဆိုင်ရာ ဘွဲ့ဒီဂရီတန်းများကို ရယူလို သူများသည် Certificate IV Tertiary Preparation နှင့် စီးပွားကူးသန်း ဒီပလို များမှတဆင့် ဒီဂရီတန်းများသို့ တက်ရောက် နိုင်မည် ဖြစ်သည်။ အသိအမှတ်ပြု စာရင်းအင်းဘွဲ့ ရရှိပြီးသူများမှာ Curtin University စာရင်းအင်းဆိုင်ရာ မဟာဘွဲ့ ဒီဂရီတန်းသို့ တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်သည်။  JUC, Singapore တွင် စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာဘွဲ့ ဒီဂရီ၊ စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်ရေး မဟာဘွဲ့ ဒီဂရီနှင့် စာရင်းအင်း ကျွမ်းကျင်မှုဆိုင်ရာ မဟာဘွဲ့ ဒီဂရီတို့ကို ပေါင်းစပ် ပေးအပ်မည့် Joint Master တို့ကို တက်ရောက်သင်ကြား ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။ အချိန်တိုအတွင်း Murdoch University, Australia, University College of Dublin, Ireland, University of Portsmouth, UK စာရင်းအင်း၊ ဘောဂ ဗေဒ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဘွဲ့ဒီဂရီ များကို ဘာသာရပ် တစ်ခုချင်းစီ (သို့) ဘာသာများ ပေါင်းစပ် သင်ကြားပေးမည့် Double Majors အဖြစ် Kaplan Higher Learning Academy တွင် ရွေးချယ် တက်ရောက်နိုင်မည်ဖြစ်ပြီး ၄င်း ဘွဲ့ ဒီဂရီများအတွက် Kapla မှ ပေးအပ်မည့် စာရင်းကို ဒီပလိုမာ (သို့) ဘဏ်လုပ်ငန်းနှင့် လုံခြုံ စိတ်ချရသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီပလိုမာ တစ်ခုခုကို တက်ရောက်ရမည် ဖြစ်သည်။ ထူးခြားမှုမှာ ဘဏ်လုပ်ငန်းနှင့် လုံခြုံစိတ်ချရသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီပလိုမာ တက်ရောက်သူများမှာ Chatered Institute for Securities and Investment (CISI) မှ ပေးအပ်မည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှု လက်မှတ် နှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လက်မှတ်များကိုပါ ရရှိနိုင်ကြမည်ဖြစ်သည်။ ဘွဲ့လွန် တက်ရောက်မည့်သူများသည် University College of Dublin (UCD) ၏ ဘဏ္ဍာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ကိုလည်း တက်ရောက်နိုင်ကြမည် ဖြစ်သည်။  စင်ကာပူတွင် နှစ်ပေါင်း(၈၀) ကျော် အောင်မြင်စွာ ရပ်တည်လျှက်ရှိသော စီးပွားရေး အဖွဲ့ချုပ်ကြီးအဖြစ် ရပ်တည် လျက်ရှိသည့် Singapore Manufacturer Federations (SMF) ၏ Certificate in Foundation Studies နှင့် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု ဒီပလိုမာ (စာရင်းအင်း၊ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာ)တို့မှ တဆင့် Murdoch University, Australia ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ ဒီဂရီများ ရယူနိုင်ကြမည် ဖြစ်သည်။ စီးပွားရေး အဖွဲ့အစည်းကြီးအဖြစ် စတင်ခဲ့ပြီး ကုမ္ပဏီပေါင်း (၃၀၀၀)ကျော်မှ အဖွဲ့ဝင် အဖြစ် ပေါင်းစပ်ထားသည့် SMF တွင် တက်ရောက်သူများအတွက် ထူးခြားသော အတွေ့အကြုံနှင့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ SAA Global Education နှင့် ချိတ်ဆက် ထားသည့် Plymouth University ၏ စာရင်းအင်းနှင့် ဘဏ္ဍာရေးဘွဲ့ ဒီဂရီအတွက် စီးပွားစီမံအဆင့်မြင့် ဒီပလိုမာ Level I, IIကို ဦးစွာ တက်ရောက်ရမည် ဖြစ်သည်။ စာရင်းကိုင် ဘာဘာသာရပ်များအတွက် အချိန်နှင့် ငွေကုန်ကြေးကျ လျှော့ချလို သူများ အဖို့ Foundation in Accountancy (FIA) နှင့် Association of Chartered Accountants (ACCA) ဘာသာရပ်များကို စင်ကာပူ ပြည်သူ့ စာရင်းကိုင် လက်မှတ်ရ SAA-GE နှင့် ၀ါရင့်ဆရာ၊ ဆရာမများကို ခန့်အပ် သင်ကြားစေသည့် Kaplan (Financial) တို့တွင် သင်ယူနိုင်ကြမည် ဖြစ်သည်။  မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း အောင်မြင်ထားပြီး စာရင်းအင်း အတွေ့အကြုံ မရှိသူများသည် FIA သို့ တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံမှ ဘွဲ့ရများ၊ စီးပွားရေး (သို့) စာရင်းကိုင် ဒီပလိုမာ ရရှိထားသူများ ACCA သို့ တက်ရောက်နိုင်ကြမည် ဖြစ်သည်။အထက်ဖော်ပြပါ စာရင်းအင်းနှင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့ဒီဂရီ တန်းများ အားလုံးအတွက် IELTS သတ်မှတ်ချက်များ ရှိပြီး IETLS ဖြေဆို ထားခြင်း မရှိပါက မိမိ တက်ရောက်မည့် ကျောင်း၏ အင်္ဂလိပ်စာ သင်တန်းများသို့ တက်ရောက်နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အသိ အမှတ်ပြု ဘွဲ့ဒီဂရီ ရရှိထားသူများ၊ အသိ အမှတ်ပြု ဘွဲ့ဒီဂရီတန်း တက်ရောက်လျက် ရှိသူများ၊ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီပလိုမာ ရရှိထားသူများမှာ ဘာသာရပ် ကင်းလွတ်ခွင့် ရရှိခြင်း (သို့) ဘွဲ့ဒီဂရီ တန်းများသို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်သည်။ Accounting and Finance ဘာသာရပ် များအကြောင်း အသေးစိတ် သိရှိလို သူများသည် AT&S ဖုန်း (၆၅၂၂၈၈၊ ၅၂၁၁၂၅၊ ၂၅၁၃၃၂၊ ၀၉-၅၁၂၄၇၆၁၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁) တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။  အေးချမ်းမွန်မှ  Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive