ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေ မြို့မိ မြို့ဖတွေ အပါအ၀င် အစိုးရ အရာရှိကြီးတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမူ အဖွဲ့အစည်းက ထင်ရှားသူတွေနဲ့ ဒီကနေ့ (အောက်တိုဘာလ ၂ ရက်) မှာ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။ စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကို ရခိုင်မြို့မိ မြို့ဖတွေဘက်က ဘာတွေကို တင်ပြဖို့  အစီအစဉ်ရှိပါသလဲလို့ မေးကြည့်တဲ့ အခါ အချက် (၃) ချက်ကို အဓိကထား တင်ပြမယ်လို့ ပြောပါတယ်။ သူပြောတဲ့ အချက် (၃) ချက်ကတော့… (ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးနဲ့တွေ့ရင် တင်ပြမဲ့အစီအစဉ်က ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်သမ္မတ တာဝန်ကိုယူပြီး အခုလို ပထမဆုံး အကြိမ် ရခိုင်ပြည်နယ်ကို လာရောက်တာကို ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတဲ့အကြောင်းပြောချင်ပါတယ်။) (သမ္မတဦးသိန်းစိန် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ခံ ကိုတွေ့ခဲ့တဲ့အခါ ပြောခဲ့သလို ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံတိုင်းရင်းသားထဲမှ မရှိဘူး။ နံပါတ် ၂ အချက်က ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စီစစ်မယ်။ နိုင်ငံသားမဟုတ်သူတွေကို ထိမ်းသိမ်းရေး စခန်းတွေမှာထားမယ်။ တတိယ နိုင်ငံကိုပို့မယ်ဆိုတဲ့ အတွက် ရခိုင်တိုင်းရင်းသား အားလုံးက ၀မ်းမြောက် ၀မ်းသာ ထောက်ခံပါတယ်။ အဲဒီအချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါလို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါမယ်။ (နံပါတ်၂ အချက်ကတော့- White Card လို့ခေါ်တဲ့ အဖြူရောင် ကတ်တွေဟာ ဘာသက်သေခံ ကတ်မှ မဟုတ်တဲ့ အတွက် အဲဒီကတ် ကိုင်ဆောင်ထားတဲ့ သူတွေကို နိုင်ငံရေး ပါတီ ထူထောင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးပိုင်ခွင့် တွေကို တားဆီးကန့်သတ်ပေးဖို့အတွက် နိုင်ငံတော် သမ္မတကြီးကို ကျွန်တော်တို့ တောင်းဆိုတင်ပြသွားပါမယ်။) ( နံပါတ် ၃ အချက်ကတော့  ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် တပ်မတော် လက်အောက်မှာရှိတဲ့ လက်နက် တပ်ဆင်ထားတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တွေကို ရခိုင် ကျေးရွာတွေမှာ ယုံယုံကြည် ကြည်နဲ့ ဖွဲ့စည်းပေးပါလို့ ကျွန်တော်တို့မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အဲဒီအချက် သုံးချက်ကိုဘဲ ကျွန်တော်တို့ ပြောမှာပါ။) ( နောက်အချိန်ရရင်တော့ ကျွန်တော်တို့ရခိုင်ပြည်နယ် ၂၄ နာရီ ဈေးနှုန်းချိုသာစွာနဲ့ လျှပ်စစ်မီး ရရှိရေးတွေ ကိုလည်း ကျွန်တော်တို့ တင်ပြပါမယ်။)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive