From : .. ခိုင်အောင်ကျော် ( နယူးယောက် )
ကျွန်တော်တို့ က မဆလအစိုးရကို မုန်းတီးသည် ။ ထို့ ကြောင့် ဖြုတ်ချလိုကြသည် ။ ခေတ်အခြေအနေအရ လက်နက်အားကိုးနှင့် -၂၆-နှစ် အုပ်ချုပ်နေသော မဆလ အစိုးရသည် သူတို့ ဘာသာ သူတို့  ကြမ္မာငင်လာခဲ့ သည် ။ ၁၉၈၈-ခုနှစ်တွင် ဦးနေ၀င်းက မဆလပါတီတွင် အပြောင်းအလဲ ပြုလုပ်ရာမှ ဒီမိုကရေစီအရေးအခင်းမှာ ဖြစ်ပေါ်လာခဲ့ သည် ။ သို့ သော် စက်တင်ဘာလ-၁၈-ရက်နေ့ တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ( မဆလ )အစိုးရကို ပြည်သူလူထုတို့ က ဖြုတ်ချနိုင်ခဲ့ ခြင်း မရှိဘဲ စစ်တပ်ကပင် အာဏာသိမ်းလေတော့သည် ။
မဆလအစိုးရ မရှိသောအခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှုအဖွဲ့  ( န၀တ ) အစိုးရ တက်လာတော့သည် ။ မဆလအစိုးရ၏ နိုင်ငံရေးပါတီသည် တစည ပါတီဆိုပြီး ထူထောင်ထားသည် ။ ထို့ ကြောင့် -၁၉၉၀-ခုနှစ်တွင် တိုင်းရင်းသားစည်းလုံးရေးညီညွတ်
၂၀၁၀-ခုနှစ်တွင်မူ ( နအဖ ) အစိုးရသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေပါတီ ထူထောင်ထားသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက် မယှဉ်ပြိုင်သောကြောင့် တစ်နိုင်ငံလုံးတွင် ပြိုင်ဖက်ကင်းစွာဖြင့် ကြံ့ဖွ့ံပါတီသည်အနိုင်ရရှိသည် ။ သမ္မတရော ၀န်ကြီးများစွာတို့ အပြင် အာဏာပိုင်အဖွဲ့ အစည်းများအပြင် တိုင်းနှင့်ပြည်နယ် အစိုးရများ၏ ၀န်ကြီးချုပ်ကိုပါ ကြံ့ဖွံ့ ပါတီမှ ရွေးချယ် တင်မြှောက်ထားတော့သည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်-၄၀-ကျော်ြ
၂၀၁၅-ခုနှစ်အတွက်မူ နိုင်ငံရေးပါတီများက မှတ်ပုံတင်ပြုလုပ် တင်နေကြပြီးဖြစ်သည် ။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စည်းရုံးရေးဆင်းနေ လှုပ်ရှားနေကြပြီဖြစ်သည် ။ လောလောဆယ်အားဖြင့် ကြံ့ဖွံ့ ပါတီ၏ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် ရခိုင်ပြည်နယ်တ၀န်းမှ မြို့ မိမြို့ ဖများကို ဖိတ်ကြားပြီး တွေ့ ဆုံရင်းနှီးပွဲကို စက်တင်ဘာ-၂၉-ရက်နေ့ ၌ ပြုလုပ်တော့မည်ဖြစ်သည် ။ ၄င်းကဲ့ သို့ေ ခ်ါယူတွေ့ ဆုံခြင်းမှာ နိုင်ငံရေးစည်းရုံရေး တစ်ခုဖြစ်သည် ။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
အကယ်၍ ဦးသိန်းညွန့် သည်၎င်း- ဦးနေမျိုးဝေသည်၎င်း - ဦးကိုကိုကြီးသည်၎င်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်လာမည်ဆိုပါက မဲလုံးဝ အပြတ်အသတ် ရရှိနိုင်သော သူများဖြစ်မည်ဟု သေချာပေါက် ပြောဆိုနိုင်သည် ။ သို့ မဟုတ် ရန်ကုန်တိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ပါက ရခိုင်လူမျိုးများမှ မဲတစ်ပြားကို အသည်းကြားမှ လာရောက်ပေးကြမည်ဖြစ်ကြောင်း ကြားနေရသည် ။ ဤကား ချွင်းချက်အနေဖြင့် ရေးသားတင်ပြခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့ သည် ပြည်သူ့ အသံများကို နားထောင်ကြပြီး ပြည်သူ့ ဆန္ဒကို အကောင်အထည် ဖေါ်ဆောင်ပေးကြခြင်းကြောင့် ကြားကြရသော အသံများဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးနှင့် ပတ်သက်၍ တိကျသော ထုတ်ပြန်ချက်များ- မျိုးစောင့်ဥပဒေကာကွယ်ရေးနှင့် ပတ်သက်ပြီး တိကျသော လူထုအကြိုက် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခြင်း မရှိသောကြောင့် ရခိုင်လူမျိုးများက လက်မခံကြတော့ ။ နောက်တစ်ခါ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရှင်းလင်းရန်အတွက် တိုင်းနှင့်ပြည်နယ်များသို့  ကော်မီတီများ စေလွှတ်မည်ဟု ပြုလုပ်လာမည်ကိုလည်း ရခိုင်လူမျိုးများက လက်သင့်မခံကြတော့ချေ ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရခိုင်ပြည်နယ်တွင် -၂၀၁၅-ခုနှစ်၌ မဲအနိုင်ရရှိမှု အလားအလာ နည်းပါးလွန်းလှသည် ။
ရှင်းရှင်းလင်းလင်း ပြောရလျှင် ရခိုင်လူမျိုးတို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အထင်ကြီးလေးစားမှု မရှိတော့ ။ ချစ်ခင်ကြည်ညိုမှု မရှိတော့ချေ ။ ဤသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အကြီးအကျယ် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်သည် ။ ၄င်းကဲ့ သို့ ဆုံးရှုံးမှုမျိုးကို အဖတ်ဆယ်ရန် ပြောဆိုစည်းရုံးကြည့်ရာ ခါးခါးသီးသီး ဆန့် ကျင်ကြပြီး သူတို့ အနေဖြင့် ကြံ့ ဖွံ့  ပါတီကိုပင်လျှင် မဲပေးမည်ဟု ပြောဆိုကြသေးသည် ။
မဆလအစိုးရကို မုန်းတီးသောကြောင့် တစညပါတီကို မဲမပေးခဲ့ ကြသော ရခိုင်လူမျိုး -၂၀၁၀-ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးခဲ့ ကြသော ရခိုင်လူမျိုးတို့ မှာ-၂၀၁၅-ရွေးကောက်ပွဲ၌ စစ်အစိုးရ၏ ရုပ်သေးအစိုးရဆိုသော ကြံ့ဖွံ့ ပါတီကိုမှ မဲပေးကြတော့မည်ဟု ပြတ်သားစွာ ဆိုကြပါတော့သည် ။ ကျွန်တော်တို့ ကတော့ ပြည်ပမှနေပြီး ရခိုင်လူမျိုးတို့ အား အသည်းကြားမှ မဲတစ်ပြားကို မှန်ကန်စွာ ရွေးချယ် ပေးနိုင်ကြပါစေဟု ဆန္ဒပြုပေးရမည့် ကိန်းသာ ဖြစ်နေပါတော့သည် ။။။။
.. www.MyanmarExpress.net
0 comments