Photo: ရခိုင်သံတွဲကိစ္စကို အကြောင်းပြုပြီး ပြည်ပမီဒီယာတွေက ၎င်းတို့ဖြစ်ချင်တဲ့ အချက်တွေကို လိုရာဆွဲရေးသားနေကြတာမျိုးတွေ တွေ့နေရပါတယ်။   ဒါပေမယ့် အုပ်စုတွေ ကွဲပြားနေလို့ ထိရောက်မှုတော့ သိပ်မရှိလှသေးပါဘူး။ သူတို့ဖြစ်ချင်တဲ့အထဲက တစ်ခုခုကိုပဲ သူတို့အားလုံးက ဦးတည်ကြမယ်ဆိုရင်တော့ အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ပြည်ပမီဒီယာတွေရဲ့ ကလောင်လက်နက်ကို ခုခံနိုင်တဲ့ အင်အားမြန်မာပြည်မှာ မရှိသေးပါဘူး။ အားလုံးသတိထားကြဖို့ လိုပါလိမ့်မယ်။ ပြည်ပမီဒီယာတွေက သံတွဲကိစ္စအကြောင်းပြုပြီး လိုရာဆွဲရေးသားကြရာမှာ အကြမ်းဖျင်းအားဖြင့် အုပ်စု ၃ စု ရှိပါတယ်။ ၁။ အစိုးရကို ဦးတည်တိုက်ခိုက်တဲ့ အုပ်စု သူတို့က သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့က လူနည်းစု မူဆလင်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးဘူး၊ အစိုးရက မူဆလင်တွေကို ဒီထက်ပိုတဲ့ လုံခြုံရေး (better security) ပေးရမယ်၊ မူဆလင်တွေရဲ့ လက်ရှိရပ်တည်မှုဘဝက ရခိုင်တွေရဲ့ ခြိမ်းခြောက်မှုအန္တရယ်ကြောင့် ပုန်းအောင်းနေရပါတယ်.....စသည်ဖြင့် ရခိုင်က မူဆလင်တွေကို နှိပ်စက်နေပြီး လက်ရှိအစိုးရက ဒါကိုမသိကျိုးကျွံ လုပ်နေတယ်လို့ စွပ်စွဲကာ အစိုးရကို အပြစ်တင်တဲ့ ပုံစံပါ။ ပြည်တွင်းမှ မီဒီယာတစ်ချို့နှင့် အတိုက်အခံအချို့ကလည်း အစိုးရကို ထိခိုက်စေချင်တာ တစ်ခုတည်းနဲ့ "မူဆလင်တွေက လူနည်းစုပါ" "မူဆလင်တွေက သနားစရာပါ" ဆိုတာမျိုးကို ထောက်ခံရေးသားတာမျိုးတွေလည်း ရှိနေပါတယ်။ ၂။ ဗုဒ္ဓဘာသာကို အပုတ်ချလိုတဲ့ အုပ်စု ဒီအုပ်စုက ခုဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခ (racial conflict) သို့မဟုတ် ဒေသတွင်း ပဋိပက္ခ (communal conflict) ကို ဘာသာရေးပဋိပက္ခ (sectarian conflict) အဖြစ် ချဲ့ကားရေးသားကြတယ်။ အသုံးအနှုန်းတွေကအစ ဗုဒ္ဓဘာသာကို ထိခိုက်သော အသုံးအနှုန်းများ သုံးနှုန်းတာကို တွေ့ရပါတယ်။ သာဓကအားဖြင့် Buddhist mobs, Buddhist attackers, Buddhist rioters, Buddhist extremists.....စသည်။ ဗုဒ္ဓဘာသာဝင်တွေကပဲ မူဆလင်တွေကို အကြမ်းဖက်နေသယောင် ရေးသားကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒနှင့် တွဲမြင်အောင် ပုံဖော်ချင်တာပါ။ ဗုဒ္ဓဘာသာသည် အအေးချမ်းဆုံးဘာသာအဖြစ် သတ်မှတ်ခံရသည်ကို မကျေနပ်၍ အကောက်ဥာဏ်ဖြင့် ရေးသားလေသည်များ ဖြစ်လေမလား။ ၃။ မူဆလင်လူမျိုးစု ကမန်ကို မိတ်ဆက်ဖော်ပြလာတဲ့ အုပ်စု အများလည်း သိပြီးသား ဖြစ်ပါတယ်။ ပြည်တွင်းက အဖွဲ့အစည်းတစ်ချို့၊ ပြည်ပမူဆလင်အဖွဲ့အစည်းများနှင့် ၎င်းတို့ထောက်ပံ့ခံ မီဒီယာတစ်ချို့တို့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ဖန်တီးပြီး ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ကြိုးစားတာမှာ ၈၂ နိုင်ငံသားဥပဒေ ခံနေတဲ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ "ရိုဟင်ဂျာ မရှိဘူး" စကားကြောင့် ၎င်းတို့အကြံအစည်တွေ ပျက်ခဲ့ရပါတယ်။ ခုတစ်ခါ ၈၂ နိုင်ငံသားဥပဒေကို ကျော်နိုင်အောင် တိုင်းရင်းသား မူဆလင်မျိုးနွယ်စု ကမန်ကို ကမ္ဘာသိအောင် ပွဲထုတ်လာတာဖြစ်ပါတယ်။ နောင်လာမယ့် အကြံအစည်ကတော့ ဘင်္ဂါလီတွေကို ကမန်လို့အမည်တပ်ပြီး နိုင်ငံသားတောင်းဖို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သံတွဲသတင်းများကို ဖော်ပြရာမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် ကမန်လူမျိုး၊ ကမန်မူဆလင်လူမျိုး ဆိုတဲ့ စကားလုံးတွေကို မိုးမွှန်အောင် ဖော်ပြနေကြတာပါ။ ပဋိပက္ခကို မူဆလင်ကုလားက သံတွဲမှာ ဖန်တီးရတဲ့ အဓိကဦးတည်ချက်က ဒီလိုဖော်ပြနိုင်ဖို့တောင် ဖြစ်နိုင်ပါတယ်။ ဒီလိုရေးသားနေကြတဲ့ မီဒီယာတွေကတော့ မူဆလင်မီဒီယာတွေနှင့် ၎င်းတို့ရဲ့ အထောက်အပံ့ခံ မီဒီယာတွေဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ အားလုံးပဲ သတိထားနိုင်ကြပါစေ။  Myo Min Thant
ဒါပေမယ့် အုပ်စုတွေ ကွဲပြားနေလို့ ထိရောက်မှုတော့ သိပ်မရှိလှသေးပါဘူး။ သူတို့ဖြစ်ချင်တဲ့အထဲက တစ်ခုခုကိုပဲ သူတို့အားလုံးက ဦးတည်ကြမယ်ဆိုရင်တော့ အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ပြည်ပမီဒီယာတွေရဲ့ ကလောင်လက်နက်ကို ခုခံနိုင်တဲ့ အင်အားမြန်မာပြည်မှာ မရှိသေးပါဘူး။ အားလုံးသတိထားကြဖို့ လိုပါလိမ့်မယ်။
ပြည်ပမီဒီယာတွေက သံတွဲကိစ္စအကြောင်းပြုပြီး လိုရာဆွဲရေးသားကြရာမှာ အကြမ်းဖျင်းအားဖြင့် အုပ်စု ၃ စု ရှိပါတယ်။
၁။ အစိုးရကို ဦးတည်တိုက်ခိုက်တဲ့ အုပ်စု
သူတို့က သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့က လူနည်းစု မူဆလင်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးဘူး၊ အစိုးရက မူဆလင်တွေကို ဒီထက်ပိုတဲ့ လုံခြုံရေး (better security) ပေးရမယ်၊ မူဆလင်တွေရဲ့ လက်ရှိရပ်တည်မှုဘဝက ရခိုင်တွေရဲ့ ခြိမ်းခြောက်မှုအန္တရယ်ကြောင့် ပုန်းအောင်းနေရပါတယ်.....စသည်ဖြင့် ရခိုင်က မူဆလင်တွေကို နှိပ်စက်နေပြီး လက်ရှိအစိုးရက ဒါကိုမသိကျိုးကျွံ လုပ်နေတယ်လို့ စွပ်စွဲကာ အစိုးရကို အပြစ်တင်တဲ့ ပုံစံပါ။ ပြည်တွင်းမှ မီဒီယာတစ်ချို့နှင့် အတိုက်အခံအချို့ကလည်း အစိုးရကို ထိခိုက်စေချင်တာ တစ်ခုတည်းနဲ့ "မူဆလင်တွေက လူနည်းစုပါ" "မူဆလင်တွေက သနားစရာပါ" ဆိုတာမျိုးကို ထောက်ခံရေးသားတာမျိုးတွေလည်း ရှိနေပါတယ်။
၂။ ဗုဒ္ဓဘာသာကို အပုတ်ချလိုတဲ့ အုပ်စု
ဒီအုပ်စုက ခုဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခ (racial conflict) သို့မဟုတ် ဒေသတွင်း ပဋိပက္ခ (communal conflict) ကို ဘာသာရေးပဋိပက္ခ (sectarian conflict) အဖြစ် ချဲ့ကားရေးသားကြတယ်။ အသုံးအနှုန်းတွေကအစ ဗုဒ္ဓဘာသာကို ထိခိုက်သော အသုံးအနှုန်းများ သုံးနှုန်းတာကို တွေ့ရပါတယ်။ သာဓကအားဖြင့် Buddhist mobs, Buddhist attackers, Buddhist rioters, Buddhist extremists.....စသည်။ ဗုဒ္ဓဘာသာဝင်တွေကပဲ မူဆလင်တွေကို အကြမ်းဖက်နေသယောင် ရေးသားကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒနှင့် တွဲမြင်အောင် ပုံဖော်ချင်တာပါ။ ဗုဒ္ဓဘာသာသည် အအေးချမ်းဆုံးဘာသာအဖြစ် သတ်မှတ်ခံရသည်ကို မကျေနပ်၍ အကောက်ဥာဏ်ဖြင့် ရေးသားလေသည်များ ဖြစ်လေမလား။
၃။ မူဆလင်လူမျိုးစု ကမန်ကို မိတ်ဆက်ဖော်ပြလာတဲ့ အုပ်စု
အများလည်း သိပြီးသား ဖြစ်ပါတယ်။ ပြည်တွင်းက အဖွဲ့အစည်းတစ်ချို့၊ ပြည်ပမူဆလင်အဖွဲ့အစည်းများနှင့် ၎င်းတို့ထောက်ပံ့ခံ မီဒီယာတစ်ချို့တို့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ဖန်တီးပြီး ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ကြိုးစားတာမှာ ၈၂ နိုင်ငံသားဥပဒေ ခံနေတဲ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ "ရိုဟင်ဂျာ မရှိဘူး" စကားကြောင့် ၎င်းတို့အကြံအစည်တွေ ပျက်ခဲ့ရပါတယ်။
ခုတစ်ခါ ၈၂ နိုင်ငံသားဥပဒေကို ကျော်နိုင်အောင် တိုင်းရင်းသား မူဆလင်မျိုးနွယ်စု ကမန်ကို ကမ္ဘာသိအောင် ပွဲထုတ်လာတာဖြစ်ပါတယ်။ နောင်လာမယ့် အကြံအစည်ကတော့ ဘင်္ဂါလီတွေကို ကမန်လို့အမည်တပ်ပြီး နိုင်ငံသားတောင်းဖို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သံတွဲသတင်းများကို ဖော်ပြရာမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် ကမန်လူမျိုး၊ ကမန်မူဆလင်လူမျိုး ဆိုတဲ့ စကားလုံးတွေကို မိုးမွှန်အောင် ဖော်ပြနေကြတာပါ။ ပဋိပက္ခကို မူဆလင်ကုလားက သံတွဲမှာ ဖန်တီးရတဲ့ အဓိကဦးတည်ချက်က ဒီလိုဖော်ပြနိုင်ဖို့တောင် ဖြစ်နိုင်ပါတယ်။ ဒီလိုရေးသားနေကြတဲ့ မီဒီယာတွေကတော့ မူဆလင်မီဒီယာတွေနှင့် ၎င်းတို့ရဲ့ အထောက်အပံ့ခံ မီဒီယာတွေဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။
အားလုံးပဲ သတိထားနိုင်ကြပါစေ။

Myo Min Thant

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive