From : ..popular



ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊
ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်းကားမှတ်တိုင်ရှိ
ခရီးသည်နားနေဆောင်တွင်ယနေ့ညဥ့်နက်ပိုင်း ၀၀၁၅ အချိန်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း Yangon Policeမှသိရသည်။
ပေါက်ကွဲမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးတွင် အနက်(၃)လက်မခန့်နှင့်
အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားကာ ခရီးသည်နားနေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်
(၁၀)ပေခန့် ပျက်စီးပြီး ခရီးသည်နားနေဆောင်
ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ
Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထားသည့်
အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ
C-4ယမ်း၊ ဒီတိုနေတာ၊
နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ကြောင်းသိရသည်။
အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း
(ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ
အက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ်
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ဓါတ်ပုံ - Yangon Police

Photo:- Yangon Police

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive